Property Expo
×






Credit: 7 day daily

#Unicode Version

 အောက်တိုဘာအတွက် ပရီးမီးယားလိဂ်၏ အကောင်းဆုံး နည်းပြဆုနှင့် အကောင်းဆုံး ကစားသမားဆုတို့ကို ချယ်လ်ဆီး နည်းပြ ကွန်တီနှင့် ဟာဇက်တို့ ရရှိသည်။

ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီသည် ချယ်လ်ဆီးကို ငါးပွဲ ဆက်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ကာ အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တစ်လ တာ အကောင်းဆုံးနည်းပြဆုကို ပထမ ဆုံးအကြိမ်ရရှိခဲ့သည်။

မကြာမီသီတင်းပတ်များက ၃-၄-၃ ကစားကွက်သို့ ပြောင်း လဲခဲ့သည့် ချယ်လ်ဆီးအသင်း သည် ငါးပွဲအထိ ပေးဂိုးမရှိခဲ့ဘဲ ပြီး ထိပ်ဆုံးမှ လီဗာပူးထက် တစ်မှတ်သာလျော့နည်းသော အခြေ အနေတွင် တနင်္ဂနွေနေ့၌ မစ်ဒယ်ဘရော့နှင့် ရင်ဆိုင်ရမည်ဖြစ် သည်။

၃-၄-၃ ကစားကွက်သို့ ပြောင်းလဲပြီးနောက် ချယ်လ်ဆီး ၏ အောက်တိုဘာသွင်းဂိုး ၁၁ ဂိုး အထိရှိခဲ့ရာ ဟာဇက်က သုံးဂိုး သွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့ သည်။

၎င်းသည် ၂၀၁၂ က ချယ်လ် ဆီးသို့ ရောက်လာပြီး နောက်ပိုင်းယခုပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။၎င်းသည် သုံးဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးထားသော တိုက်စစ်မှူး ကော်စတာနှင့် ကွင်းလယ်တွင် ခြေစွမ်းပြနေသော ကန်တီတို့ကို ကျော်ဖြတ်၍ တစ်လ တာအကောင်းဆုံးကစားသမား ဆု ရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top