Property Expo
×

  ေတာ္၀င္မင္းသား မဟာဗာဂ်ီရာေလာင္ကြန္ ဒီဇင္ ဘာ ၁ ရက္တြင္ ထီးနန္းအ႐ိုက္အရာ ဆက္ခံေရး ထိုင္းႏိုင္ငံတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ေန ေၾကာင္း ယင္းကိစၥကို သိထား သည့္ စစ္ဘက္ထိပ္တန္းသတင္းရင္းျမစ္ႏွစ္ခုက ေျပာသည္။


ေအာက္တိုဘာ ၁၃ ရက္က သက္ေတာ္ (၈၈)ႏွစ္အရြယ္တြင္ ဘုရင္ႀကီးဘူမိေဘာ နတ္ရြာစံခဲ့ ျခင္းေၾကာင့္ ၆၇ သန္းေသာ ထုိင္း ျပည္သူမ်ား တစ္ႏွစ္ၾကာ ၀မ္းနည္း ျခင္းအထိမ္းအမွတ္အျဖစ္ သတ္ မွတ္ခဲ့သည္။

မင္းသား ဗာဂ်ီရာေလာင္ ကြန္သည္ သီတင္းပတ္ကုန္ရက္ မ်ားတြင္ ဂ်ာမနီႏိုင္ငံသို႔သြားကာ ႏို၀င္ဘာလတြင္ ျပန္ေရာက္မည္ ျဖစ္ေၾကာင္း ထိပ္တန္းစစ္ဘက္ အရာရွိတစ္ဦးကေျပာသည္။

 ဘုရင္ႀကီး နတ္ရြာစံၿပီး ေနာက္ မင္းသားထီးနန္းဆက္ခံမႈ သည္ ၇ ရက္မွ ၁၅ ရက္အတြင္း ျဖစ္လာမည္ဟု ၀န္ႀကီးခ်ဳပ္ ပရာ ယြတ္ခ်န္အုိခ်ာက ေျပာၾကားခဲ့ သည္။

 ဘုရင္ႀကီး နတ္ရြာစံၿပီး ေနာက္ နာရီပိုင္းအၾကာတြင္ မင္း သားကိုယ္စား ေျပာၾကားရာ၌ ပရာယြတ္က မင္းသားသည္ ျပည္ သူမ်ားႏွင့္အတူ ၀မ္းနည္းပူေဆြး ေနၿပီး တရား၀င္ထီးနန္းဆက္ခံ ေရးကိစၥကို ေနာက္ပိုင္းမွ ျပဳလုပ္ သြားမည္ဟု ေျပာၾကားခဲ့သည္။

လႊတ္ေတာ္က မင္းသားကို ဖိတ္ေခၚကာ ထီးနန္းဆက္ခံေစ မည္ျဖစ္သည္။

သို႔ေသာ္ ၎၏ တရား၀င္ ထီးနန္းဆက္ခံပဲြကို ဘုရင္ႀကီး အား သၿဂႋဳဟ္သည့္ တစ္ႏွစ္တာ ကာလအတြင္း ျပဳလုပ္ႏိုင္မည္ မဟုတ္ေပ။

ဘုရင္သစ္တစ္ပါး မတင္ ေျမႇာက္မီ ၾသဇာအာဏာႀကီး ေသာ ပရီဗီေကာင္စီေခါင္းေဆာင္ ပရမ္တင္ဆူလာႏြန္ဒါ (၉၆)ႏွစ္ က အုပ္စိုးသူအျဖစ္ တာ၀န္ယူ ထားသည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  တော်ဝင်မင်းသား မဟာဗာဂျီရာလောင်ကွန် ဒီဇင် ဘာ ၁ ရက်တွင် ထီးနန်းအရိုက်အရာ ဆက်ခံရေး ထိုင်းနိုင်ငံတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ ကြောင်း ယင်းကိစ္စကို သိထား သည့် စစ်ဘက်ထိပ်တန်းသတင်းရင်းမြစ်နှစ်ခုက ပြောသည်။


အောက်တိုဘာ ၁၃ ရက်က သက်တော် (၈၈)နှစ်အရွယ်တွင် ဘုရင်ကြီးဘူမိဘော နတ်ရွာစံခဲ့ ခြင်းကြောင့် ၆၇ သန်းသော ထိုင်း ပြည်သူများ တစ်နှစ်ကြာ ဝမ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် သတ် မှတ်ခဲ့သည်။

မင်းသား ဗာဂျီရာလောင် ကွန်သည် သီတင်းပတ်ကုန်ရက် များတွင် ဂျာမနီနိုင်ငံသို့သွားကာ နိုဝင်ဘာလတွင် ပြန်ရောက်မည် ဖြစ်ကြောင်း ထိပ်တန်းစစ်ဘက် အရာရှိတစ်ဦးကပြောသည်။

 ဘုရင်ကြီး နတ်ရွာစံပြီး နောက် မင်းသားထီးနန်းဆက်ခံမှု သည် ၇ ရက်မှ ၁၅ ရက်အတွင်း ဖြစ်လာမည်ဟု ဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာက ပြောကြားခဲ့ သည်။

 ဘုရင်ကြီး နတ်ရွာစံပြီး နောက် နာရီပိုင်းအကြာတွင် မင်း သားကိုယ်စား ပြောကြားရာ၌ ပရာယွတ်က မင်းသားသည် ပြည် သူများနှင့်အတူ ဝမ်းနည်းပူဆွေး နေပြီး တရားဝင်ထီးနန်းဆက်ခံ ရေးကိစ္စကို နောက်ပိုင်းမှ ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။

လွှတ်တော်က မင်းသားကို ဖိတ်ခေါ်ကာ ထီးနန်းဆက်ခံစေ မည်ဖြစ်သည်။

သို့သော် ၎င်း၏ တရားဝင် ထီးနန်းဆက်ခံပွဲကို ဘုရင်ကြီး အား သင်္ဂြိုဟ်သည့် တစ်နှစ်တာ ကာလအတွင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဘုရင်သစ်တစ်ပါး မတင် မြှောက်မီ သြဇာအာဏာကြီး သော ပရီဗီကောင်စီခေါင်းဆောင် ပရမ်တင်ဆူလာနွန်ဒါ (၉၆)နှစ် က အုပ်စိုးသူအဖြစ် တာဝန်ယူ ထားသည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top