Property Expo
×

အခုေရာက္ရွိေနတဲ့ ႏို၀င္ဘာလမွာေတာ့ လမင္းႀကီး ကို ထူးျခားစြာျမင္ေတြ႔ရေတာ့မွာပါ။ ႏို၀င္ဘာလမွာ ကမာၻၿဂိဳလ္ရဲ ႔ ၿဂိဳလ္ရံ တစ္ခုျဖစ္တဲ့ လ ဟာ ကမာၻႀကီးနဲ႔ ပိုမို နီးကပ္လာမွာ ျဖစ္တဲ့အတြက္ ကမာၻေပၚကေန ၾကည့္ရႈတဲ့အခါ လ ဟာ သာမန္ထက္ ႀကီးမားေနမွာ ျဖစ္ပါတယ္။ ဒါမ်ိဳး ျဖစ္စဥ္ဟာ ၁၉၄၈ ခုႏွစ္ ဇန္န၀ါရီလ မွာ ေနာက္ဆံုး ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

Science Alert သတင္းဌာနရဲ ႔ ေဖာ္ျပခ်က္အရေတာ့ လာမယ့္ ႏို၀င္ဘာလ ၁၄ ရက္ေန႔မွာ လ ဟာ သာမန္ထက္ ၁၄ ရာခိုင္ႏႈန္း ခန္႔ ပိုမိုႀကီးမားေနမွာ ျဖစ္ၿပီး သာမန္ထက္လည္း ၃၀ ရာခိုင္ႏႈန္းခန္႔ ပိုမိုေတာက္ပေနမွာျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ထပ္တစ္ႀကိမ္ ဒီလို ထပ္ျဖစ္မယ့္ အခ်ိန္ကေတာ့ ၂၀၃၄ ခုႏွစ္ ႏို၀င္ဘာလ အထိ ေစာင့္ဆိုင္းရဦးမွာပါ။


"ဘာေၾကာင့္လဲဆိုေတာ့ လ မွာ ကမာၻ ကို လွည့္ပတ္ေနဖို႔အတြက္ ဘဲဥ ပံုသ႑ာန္ ပတ္လမ္း တစ္ခုရွိပါတယ္။ ကမာၻကို ပတ္ေနတဲ့ အဲဒီ ပတ္လမ္းရဲ ့ တစ္ဖက္အျခမ္းမွာ လ ေရာက္ရွိေနတဲ့အခါမွာ Perigee လို႔ေခၚၿပီး တစ္ျခား တစ္ဖက္အျခမ္းကိုေရာက္ရွိေနရင္ေတာ့ Apogee လို႔ ေခၚပါတယ္။ Perigee ဘက္အျခမ္းမွာ လ ေရာက္ရွိေနတဲ့အခါ လ ဟာ မိုင္းေပါင္း သံုးေသာင္းခန္႔ (၄၈၂၈၀ ကီလိုမီတာ) ကမာၻ နဲ႔ နီးကပ္ေနပါတယ္။ Apogee ဘက္အျခမ္းကိုေရာက္ေနရင္ေတာ့ လဟာ ကမာၻနဲ႔ ပိုမို ေ၀းကြာေနမွာပါ။"

"လ ဟာ ကမာၻကို လည္ပတ္ေနသလို ကမာၻဟာလည္း ေနကို လည္ပတ္ေနျပန္တဲ့အတြက္ ေန ၊ လ နဲ႔ ကမာၻ တို႔ တစ္တန္းတည္း ေရာက္ရွိသြားၾကတဲ့အခါမွာ Syzygy လို႔ေခၚတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာပါတယ္။  အဲဒီလို ေန ၊ လ နဲ႔ ကမာၻတို႔ တစ္တန္းတည္း ျဖစ္တည္ေနတဲ့ အခ်ိန္မွာ လဟာ Perigee လို႔ေခၚတဲ့ ပတ္လမ္း တစ္ဖက္ အျခမ္းကိုေရာက္ရွိေနၿပီး ကမာၻကို မ်က္ႏွာမူထားတယ္ဆိုရင္ လ ဟာ ကမာၻ နဲ႔ ေနရဲ ႔ အလယ္ တည့္တည့္ တစ္တန္းတည္း အေနအထားမွာ ရွိေနပါလိမ့္မယ္။ အဲဒီအျဖစ္အပ်က္ကို Perigee-Syzygy လို႔ ေခၚပါတယ္။ အဲဒီ အျဖစ္အပ်က္ ျဖစ္ပြားတဲ့အခါမွာ လ ဟာ သာမန္ထက္ ပိုၿပီး ႀကီးမား ၊ ေတာက္ပ လာမွာျဖစ္ၿပီး အဲဒီလို ျဖစ္ေနတဲ့ လ ကိုလည္း Supermoon(အံ့ဖြယ္လ) ေခၚဆိုၾကပါတယ္" လို႔ Science Alert က ေဖာ္ျပထားတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အခုရောက်ရှိနေတဲ့ နိုဝင်ဘာလမှာတော့ လမင်းကြီး ကို ထူးခြားစွာမြင်တွေ့ရတော့မှာပါ။ နိုဝင်ဘာလမှာ ကမ္ဘာဂြိုလ်ရဲ့ ဂြိုလ်ရံ တစ်ခုဖြစ်တဲ့ လ ဟာ ကမ္ဘာကြီးနဲ့ ပိုမို နီးကပ်လာမှာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်ကနေ ကြည့်ရှုတဲ့အခါ လ ဟာ သာမန်ထက် ကြီးမားနေမှာ ဖြစ်ပါတယ်။ ဒါမျိုး ဖြစ်စဉ်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ မှာ နောက်ဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Science Alert သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လ ဟာ သာမန်ထက် ၁၄ ရာခိုင်နှုန်း ခန့် ပိုမိုကြီးမားနေမှာ ဖြစ်ပြီး သာမန်ထက်လည်း ၃၀ ရာခိုင်နှုန်းခန့် ပိုမိုတောက်ပနေမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်တစ်ကြိမ် ဒီလို ထပ်ဖြစ်မယ့် အချိန်ကတော့ ၂၀၃၄ ခုနှစ် နိုဝင်ဘာလ အထိ စောင့်ဆိုင်းရဦးမှာပါ။

"ဘာကြောင့်လဲဆိုတော့ လ မှာ ကမ္ဘာ ကို လှည့်ပတ်နေဖို့အတွက် ဘဲဥ ပုံသဏ္ဍာန် ပတ်လမ်း တစ်ခုရှိပါတယ်။ ကမ္ဘာကို ပတ်နေတဲ့ အဲဒီ ပတ်လမ်းရဲ့ တစ်ဖက်အခြမ်းမှာ လ ရောက်ရှိနေတဲ့အခါမှာ Perigee လို့ခေါ်ပြီး တစ်ခြား တစ်ဖက်အခြမ်းကိုရောက်ရှိနေရင်တော့ Apogee လို့ ခေါ်ပါတယ်။ Perigee ဘက်အခြမ်းမှာ လ ရောက်ရှိနေတဲ့အခါ လ ဟာ မိုင်းပေါင်း သုံးသောင်းခန့် (၄၈၂၈၀ ကီလိုမီတာ) ကမ္ဘာ နဲ့ နီးကပ်နေပါတယ်။ Apogee ဘက်အခြမ်းကိုရောက်နေရင်တော့ လဟာ ကမ္ဘာနဲ့ ပိုမို ဝေးကွာနေမှာပါ။"

"လ ဟာ ကမ္ဘာကို လည်ပတ်နေသလို ကမ္ဘာဟာလည်း နေကို လည်ပတ်နေပြန်တဲ့အတွက် နေ ၊ လ နဲ့ ကမ္ဘာ တို့ တစ်တန်းတည်း ရောက်ရှိသွားကြတဲ့အခါမှာ Syzygy လို့ခေါ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပါတယ်။  အဲဒီလို နေ ၊ လ နဲ့ ကမ္ဘာတို့ တစ်တန်းတည်း ဖြစ်တည်နေတဲ့ အချိန်မှာ လဟာ Perigee လို့ခေါ်တဲ့ ပတ်လမ်း တစ်ဖက် အခြမ်းကိုရောက်ရှိနေပြီး ကမ္ဘာကို မျက်နှာမူထားတယ်ဆိုရင် လ ဟာ ကမ္ဘာ နဲ့ နေရဲ့ အလယ် တည့်တည့် တစ်တန်းတည်း အနေအထားမှာ ရှိနေပါလိမ့်မယ်။ အဲဒီအဖြစ်အပျက်ကို Perigee-Syzygy လို့ ခေါ်ပါတယ်။ အဲဒီ အဖြစ်အပျက် ဖြစ်ပွားတဲ့အခါမှာ လ ဟာ သာမန်ထက် ပိုပြီး ကြီးမား ၊ တောက်ပ လာမှာဖြစ်ပြီး အဲဒီလို ဖြစ်နေတဲ့ လ ကိုလည်း Supermoon(အံ့ဖွယ်လ) ခေါ်ဆိုကြပါတယ်" လို့ Science Alert က ဖော်ပြထားတာဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top