Kantharyar Centre
×

အရက္ပုံမွန္ေသာက္သုံးတဲ့ သူမ်ားဟာ အရက္လုံးဝမေသာက္တဲ့သူေတြထက္္ အသက္ပုိရွည္တဲ့အေၾကာင္း မၾကာေသးမီက ထြက္ရွိထားတဲ့ စစ္တမ္းအရ သိရပါတယ္။ အရက္လုံးဝမေသာက္တဲ့သူေတြဟာ အရက္ပုံမွန္မွီဝဲတဲ့သူေတြထက္ အသက္ပုိတုိေၾကာင္း Time Manazine မွာ ေဖာ္ျပထားပါတယ္။ အံ့ၾသသြားၿပီ ဟုတ္။ ဒီသုေတသနရလဒ္ကေတာ့  အသက္ ၅၅ႏွစ္မွ ၆၅ႏွစ္ၾကားရွိ လူ႕အလႊာအမ်ိဳးမ်ိဳးမွ လူေတြကုိ ႏွစ္ (၂ဝ) ၾကာ စနစ္တက်သုေတသနျပဳလုပ္ၿပီး ေဖာ္ျပထားျခင္းျဖစ္ပါတယ္။ Austin ၿမိဳ႕ရွိ University of Texas မွ စိတ္ပညာရွင္ Charles Holahan ဦးေဆာင္တဲ့ သုေတသနအဖြဲ႕ဟာ အရက္လုံးဝမေသာက္တတ္တဲ့သူေတြဟာ ေသဆုံးႏႈန္းအျမင့္ဆုံး ၊ အရက္အေသာက္မ်ားတဲ့သူက ေသဆုံးႏႈန္းပုံမွန္ႏွင့္ အရက္ပုံမွန္ေသာက္သုံးတဲ့သူဟာ အသက္အရွည္ဆုံးျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဘယ္သူေတြက ေသဆံုးႏႈန္း အျမင့္ဆံုးလဲ

လူ ၁၈၂၄ေယာက္ကုိ စစ္တမ္းျပဳစုၿပီးေနာက္မွာေတာ့ ပုံမွန္အရက္ေသာက္တဲ့ သူေတြဟာ ေသဆုံးႏႈန္း ၄၁ရာခုိင္ႏႈန္းသာ ရွိေနခ်ိန္မွာ အရက္လုံးဝမေသာက္တတ္တဲ့သူေတြဟာ ေသဆုံးႏႈန္း ၆၉ရာခုိင္ႏႈန္းအထိ ႏွင့္ အရက္အေသာက္မ်ားတဲ့လူေတြဟာ ေသဆုံးႏႈန္း ၆ဝရာခုိင္ႏႈန္းအထိ ရွိလာတာကုိ ေတြ႕ရပါတယ္။

အရက္ေသာက္ရင္ အသည္းေရာဂါႏွင့္ကင္ဆာေရာဂါေတြ ျဖစ္ႏုိင္ေပမယ့္ အရက္လုံးဝမေသာက္တဲ့လူႏွင့္ ႏႈိင္းယွဥ္မယ္ဆုိရင္ အသက္ပုိရွည္တာကုိ ေတြ႕ရပါတယ္။ လူမႈဆက္ဆံေရး နယ္ပယ္မွာေတာ့ အရက္ဝုိင္းႏွင့္ ဧည့္ခံတာေတြ ၊ ျပဳစုတာေတြဟာ ေခတ္စားလာတဲ့အတြက္္ အရက္ဟာ ေပါင္းသင္းဆက္ဆံေရးနယ္ပယ္မွာေတာင္ မရွိမျဖစ္လုိျဖစ္ေနပါၿပီ။ အရက္ဟာ လူမႈဆက္ဆံေရးကုိ ျမင့္မားေစရုံသာမက  စိတ္ဖိအား ၊ ႏြမ္းနယ္မႈေတြ ေပ်ာက္ကင္းေစပါတယ္။ အရက္လုံးဝမေသာက္တဲ့ သူေတြဟာ အျခားသူေတြ ေပ်ာ္ေပ်ာ္ပါးပါး ေသာက္စားေနတဲ့အခ်ိန္မွာ စိတ္ဖိစီးမႈေတြ ၊ စိတ္အားငယ္မႈေတြ ခံစာၿပီး အသက္တုိေစပါတယ္။ ကဲ . . . ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္တာက က်န္းမာေရးလည္း ညီညြတ္ ၊ လူမႈဆက္ဆံေရးလည္း အဆင္ေျပ ၊ အရက္ေသာက္ၿပီဆုိရင္လည္း ႏွလုံးႏွင့္ ေသြးလွည့္ပတ္မႈေတြကုိ အားေကာင္းေစတဲ့ အေပ်ာ့စားအရက္မ်ိဳးေတြကုိ ခ်င့္ခ်ိန္ၿပီးေသာက္သုံးၾကပါလုိ႔ အၾကံေပးခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akhayar

#Unicode Version

အရက်ပုံမှန်သောက်သုံးတဲ့ သူများဟာ အရက်လုံးဝမသောက်တဲ့သူတွေထက် အသက်ပိုရှည်တဲ့အကြောင်း မကြာသေးမီက ထွက်ရှိထားတဲ့ စစ်တမ်းအရ သိရပါတယ်။ အရက်လုံးဝမသောက်တဲ့သူတွေဟာ အရက်ပုံမှန်မှီဝဲတဲ့သူတွေထက် အသက်ပိုတိုကြောင်း Time Manazine မှာ ဖော်ပြထားပါတယ်။ အံ့သြသွားပြီ ဟုတ်။ ဒီသုတေသနရလဒ်ကတော့  အသက် ၅၅နှစ်မှ ၆၅နှစ်ကြားရှိ လူ့အလွှာအမျိုးမျိုးမှ လူတွေကို နှစ် (၂ဝ) ကြာ စနစ်တကျသုတေသနပြုလုပ်ပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်။ Austin မြို့ရှိ University of Texas မှ စိတ်ပညာရှင် Charles Holahan ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ အရက်လုံးဝမသောက်တတ်တဲ့သူတွေဟာ သေဆုံးနှုန်းအမြင့်ဆုံး ၊ အရက်အသောက်များတဲ့သူက သေဆုံးနှုန်းပုံမှန်နှင့် အရက်ပုံမှန်သောက်သုံးတဲ့သူဟာ အသက်အရှည်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဘယ်သူတွေက သေဆုံးနှုန်း အမြင့်ဆုံးလဲ

လူ ၁၈၂၄ယောက်ကို စစ်တမ်းပြုစုပြီးနောက်မှာတော့ ပုံမှန်အရက်သောက်တဲ့ သူတွေဟာ သေဆုံးနှုန်း ၄၁ရာခိုင်နှုန်းသာ ရှိနေချိန်မှာ အရက်လုံးဝမသောက်တတ်တဲ့သူတွေဟာ သေဆုံးနှုန်း ၆၉ရာခိုင်နှုန်းအထိ နှင့် အရက်အသောက်များတဲ့လူတွေဟာ သေဆုံးနှုန်း ၆ဝရာခိုင်နှုန်းအထိ ရှိလာတာကို တွေ့ရပါတယ်။

အရက်သောက်ရင် အသည်းရောဂါနှင့်ကင်ဆာရောဂါတွေ ဖြစ်နိုင်ပေမယ့် အရက်လုံးဝမသောက်တဲ့လူနှင့် နှိုင်းယှဉ်မယ်ဆိုရင် အသက်ပိုရှည်တာကို တွေ့ရပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာတော့ အရက်ဝိုင်းနှင့် ဧည့်ခံတာတွေ ၊ ပြုစုတာတွေဟာ ခေတ်စားလာတဲ့အတွက် အရက်ဟာ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာတောင် မရှိမဖြစ်လိုဖြစ်နေပါပြီ။ အရက်ဟာ လူမှုဆက်ဆံရေးကို မြင့်မားစေရုံသာမက  စိတ်ဖိအား ၊ နွမ်းနယ်မှုတွေ ပျောက်ကင်းစေပါတယ်။ အရက်လုံးဝမသောက်တဲ့ သူတွေဟာ အခြားသူတွေ ပျော်ပျော်ပါးပါး သောက်စားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ၊ စိတ်အားငယ်မှုတွေ ခံစာပြီး အသက်တိုစေပါတယ်။ ကဲ . . . နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျန်းမာရေးလည်း ညီညွတ် ၊ လူမှုဆက်ဆံရေးလည်း အဆင်ပြေ ၊ အရက်သောက်ပြီဆိုရင်လည်း နှလုံးနှင့် သွေးလှည့်ပတ်မှုတွေကို အားကောင်းစေတဲ့ အပျော့စားအရက်မျိုးတွေကို ချင့်ချိန်ပြီးသောက်သုံးကြပါလို့ အကြံပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: akhayar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top