Property Expo
×

1. Medical Doctors

2. Lawer






5. Manager


6. Strategy Manager


7. Software Architect









Credit:Maukkha.org

#Unicode Version
1. Medical Doctors

အခြေခံလစာ ဒေါ်လာ ၁၈၀,၀၀၀ ဖြစ်ပါတယ်။ အမေရိကမှာတော့ အကောင်းဆုံးလစာလို့ဆိုနိုင်တယ်။ ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ် ၁၄ ရာခိုင်နှုန်းလောက် လစာတွေ တိုးလာပါတယ်။ အခြားသော အလုပ်တွေနဲ့ယှဉ်ရင် လစာ နှစ်ဆလောက်မြင့်နေတာတွေ့ရတယ်။

2. Lawer

အခြေခံလစာ ဒေါ်လာ ၁၄၄,၅၀၀ လောက်ရပါတယ်။ အမေရိကမှာတော့ ဒုတိယနေရာမှာ ရှိတဲ့ အလုပ်ဖြစ်တယ်။ အတွေ့အကြုံကောင်းကောင်းနဲ့ တော်ရင် တော်သလောက် ဝင်ငွေကောင်းပါတယ်။

3. Research and Deveklopment Manager

အခြေခံလစာ ဒေါ်လာ ၁၄၂,၁၂၀ လောက်ရတယ်။ ကျွမ်းကျင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ် မူတည်ပြီး လစာ ကောင်းတတ်တယ်။ တီထွင်ဖန်တီးအား၊ ဦးဆောင်နိုင်တဲ့ စွမ်းအားတွေရှိဖို့လိုတယ်။

4. Software Development Manager

အခြေခံလစာ ဒေါ်လာ ၁၃၂,၀၀၀ လောက်ရတယ်။ ပရိုဂရမ်တွေကို ကောင်းကောင်းထိန်းသိမ်း ကိုင်တွယ် နိုင်သူ တွေဖြစ်ရမယ်။ ကွန်ပျူတာစနစ်တွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ဖို့လိုတယ်။

5. Manager

မန်နေဂျာဆိုတဲ့ ရာထူးအတွက် လုပ်ငန်းအတွေ့အကြုံတွေလိုပါတယ်။ ပညာအရည်အချင်းကလည်း ဒေါက်တာ ဘွဲ့တွေလောက် ရှိထားရမယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၃၀,၀၀၀ လောက်ရတယ်။

6. Strategy Manager

ကုမ္ပဏီရဲ့ စီမံချက်တွေကို ကြိုတင်ချမှတ်နိုင်စွမ်းရှိသူတွေ၊ အခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကုမ္ပဏီ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ကြံဆောင်နိုင်သူဖြစ်ရမယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၃၀,၀၀၀ ဖြစ်ပါတယ်။ ဘွဲ့တစ်ခုခုတော့ ရရှိထားဖို့လိုတယ်။ Master လောက်ဆိုရင် စိတ်ဝင်စားကြတယ်။

7. Software Architect

ကွန်ပျူတာ ပရိုဂရမ်ကို ကောင်းစွာရေးသားနိုင်သူတွေဖြစ်ရမယ်။ ကုမ္ပဏီရဲ့ ခေါင်းဆောင်တွေက လုပ်ချင် ဖြစ်ချင် တာတွေကို လိုက်ပြီး အကောင်အထည်ဖော်ပေးနိုင်ရမယ်။ သိပ္ပံဘွဲ့လောက်နဲ့ ကွန်ပျူတာ ပရိုဂရမ်လောက် ကျွမ်း ကျင်မှဖြစ်မယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၈,၂၅၀ လောက်ရတယ်။

8. Integrated Circuit Designer

အီလက်ထရွန်းနစ်ဒီဇိုင်းတွေ တီထွင်နိုင်ရမယ့်အပြင် ကုမ္ပဏီရဲ့ ဟာ့ဒ်ဝဲဆိုင်ရာ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်သူတွေ ဖြစ်ရမယ်။ B.S. ဘွဲ့ သို့မဟုတ် သိပ္ပံ Master ဘွဲ့လောက်ရထားရမယ်။ Electrical Engineering ဆိုရင် စိတ်ဝင်စားတယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၇,၅၀၀ လောက်ဖြစ်ပါတယ်။

9. Information Technology Manager

ကုမ္ပဏီက ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ Network တွေအားလုံးကို အဆင်ပြေအောင်ထိန်းသိမ်းပေးနိုင်သူဖြစ်ရမယ်။ ကုမ္ပဏီရဲ့ အိုင်တီလုပ်ငန်းတွေကို တာဝန်ယူရမယ်။ သက်ဆိုင်ရာ ဘာသာရပ်နဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုခုရထားဖို့ လိုတယ်။ နည်းပညာကိုလည်း လက်တွေ့ ကျွမ်းကျင်စွာ ကိုင်တွယ်လုပ်ဆောင်နိုင်ရမယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၀,၀၀၀ ဖြစ်ပါတယ်။

10. Solutions Architect

ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ပရောဂျက်တွေကို ဦးဆောင်နိုင်စွမ်းရှိသူတွေဖြစ်ရမယ်။ နည်းပညာပိုင်းမှာ အထူး ကျွမ်းကျင်ပြီး ဖန်တီးအားကောင်းသူတွေဖြစ်ရမယ်။ သက်ဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုခုရထားဖို့ လိုတယ်။ မားကက်တင်းနဲ့ အင်ဂျင်နီယာပိုင်းတွေကို နားလည်သူဖြစ်ရမယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၀,၀၀၀ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Maukkha.org
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top