Property Expo
×

 ဟီလာရီကလင္တန္ႏွင့္ ေဒၚနယ္လ္ထရမ့္တို႔၏ ထိပ္တိုက္ ပဋိပကၡမ်ားသည္ အေမရိကန္၏ က်င့္ဝတ္ကင္းမဲ့မႈကို ရွင္းလင္းစြာ မီးေမာင္းထိုးျပေနေၾကာင္း အီရန္ အစိုးရအဖြဲ႕ေခါင္းေဆာင္ အယာတိုလာ အလီ ခါမန္နီက ေလွာင္ေျပာင္လုိက္သည္။

ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲတြင္ ယွဉ္ၿပိဳင္မည့္ အေမရိကန္ သမၼတေလာင္း ႏွစ္ဦးၾကား သံုးႀကိမ္ စကားစစ္ထုိးခဲ့ခ်ိန္၌ အျပန္အလွန္ ေလးစားမႈ ကင္းမဲ့ၿပီး ပုဂၢိဳလ္ေရး တိုက္ခုိက္မႈမ်ားကို ဦးတည္ခဲ့ျခင္းအေပၚ ခါမန္နီက ေထာက္ျပခဲ့ၿပီး အေမရိကန္ ေခါင္းေဆာင္ပိုင္း၏ က်င့္ဝတ္ပိုင္း ယိုယြင္းလာမႈကို ျမင္သာေစေၾကာင္း တိုက္ခုိက္ေျပာၾကားသြားသည္။

“ကလင္တန္နဲ႔ ထရမ့္တို႔ရဲ႕ စကားစစ္ထိုးမႈကိုၾကည့္။ သူတို႔ အေျပာအဆိုေတြက အေမရိကန္ရဲ႕ ဂုဏ္သတင္းကို လံုးဝ ေခ်မႈန္း ဖ်က္ဆီးလုိက္ဖုိ႔ ေကာင္းေကာင္းႀကီး လံုေလာက္ေနၿပီ”ဟု အီရန္ အစိုးရအဖဲြ႕ကို ဦးေဆာင္ေနသည့္ ဘာသာေရး ေခါင္းေဆာင္က ဆိုသည္။

၎က “အရင္ကတည္းက အေမရိကန္ရဲ႕ သ႐ုပ္မွန္ကို က်ဳပ္တို႔ ေျပာခဲ့တယ္။ တခ်ိဳ႕က မယံုဘူး။ အခုေတာ့ သမၼတေလာင္း ေနရာအတြက္ ၿပိဳင္ဆိုင္ေနတဲ့ ႏွစ္ေယာက္က ဒါကို မွန္ကန္ေၾကာင္း ျပေနၾကၿပီေလ”ဟုလည္း ဆက္လက္ ေလွာင္ေျပာင္ထားေသးသည္။

ခါေမနီသည္ အေမရိကန္ႏွင့္ ပတ္သက္၍ သေဘာထား တင္းမာသူ တစ္ဦးအျဖစ္ လူသိမ်ားၿပီး အီရန္ ႏ်ဴကလီးယား အေရးႏွင့္ ပတ္သက္၍ အေမရိကန္က ဦးေဆာင္ ေဆြးေႏြးခဲ့သည့္ လုပ္ငန္းစဉ္ကို ပြင့္လင္းစြာ ကန္႔ကြက္ခဲ့သူ ျဖစ္သည္။ သို႔ေသာ္ ႏုိင္ငံတကာ ဖိအားေပးမႈမ်ားေၾကာင့္ အဆုိပါ ညႇိႏိႈင္းမႈ ေအာင္ျမင္ေစရန္ ခါေမနီက သေဘာတူခဲ့ရသည္။

အီရန္ ႏ်ဴကလီးယား ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္သည္လည္း အေမရိကန္ သမၼတေလာင္း ႏွစ္ဦး၏ စကားစစ္ထိုးပြဲတြင္ အဓိကက်ေသာ မူဝါဒ ျပႆနာတစ္ခု ျဖစ္ခဲ့ၿပီး ကလင္တန္က ေထာက္ခံကာ ထရမ့္က ကန္႔ကြက္ထားသည္။

အီရန္တြင္ လြန္ခဲ့သည့္ ၃၇ ႏွစ္က အေမရိကန္ သံ႐ံုးကို စီးနင္းၿပီး အေမရိကန္ ႏုိင္ငံသား ၅၂ ဦးကို တစ္ႏွစ္ေက်ာ္ၾကာ ဓားစာခံအျဖစ္ ဖမ္းဆီးထားသည့္ ျဖစ္ရပ္ေနာက္ပိုင္း ကတည္းက ႏွစ္ႏုိင္ငံ ဆက္ဆံေရးမွာ ယိုယြင္း ေအးခဲသြားခဲ့ျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဟီလာရီကလင်တန်နှင့် ဒေါ်နယ်လ်ထရမ့်တို့၏ ထိပ်တိုက် ပဋိပက္ခများသည် အမေရိကန်၏ ကျင့်ဝတ်ကင်းမဲ့မှုကို ရှင်းလင်းစွာ မီးမောင်းထိုးပြနေကြောင်း အီရန် အစိုးရအဖွဲ့ခေါင်းဆောင် အယာတိုလာ အလီ ခါမန်နီက လှောင်ပြောင်လိုက်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အမေရိကန် သမ္မတလောင်း နှစ်ဦးကြား သုံးကြိမ် စကားစစ်ထိုးခဲ့ချိန်၌ အပြန်အလှန် လေးစားမှု ကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို ဦးတည်ခဲ့ခြင်းအပေါ် ခါမန်နီက ထောက်ပြခဲ့ပြီး အမေရိကန် ခေါင်းဆောင်ပိုင်း၏ ကျင့်ဝတ်ပိုင်း ယိုယွင်းလာမှုကို မြင်သာစေကြောင်း တိုက်ခိုက်ပြောကြားသွားသည်။

“ကလင်တန်နဲ့ ထရမ့်တို့ရဲ့ စကားစစ်ထိုးမှုကိုကြည့်။ သူတို့ အပြောအဆိုတွေက အမေရိကန်ရဲ့ ဂုဏ်သတင်းကို လုံးဝ ချေမှုန်း ဖျက်ဆီးလိုက်ဖို့ ကောင်းကောင်းကြီး လုံလောက်နေပြီ”ဟု အီရန် အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် ဘာသာရေး ခေါင်းဆောင်က ဆိုသည်။

၎င်းက “အရင်ကတည်းက အမေရိကန်ရဲ့ သရုပ်မှန်ကို ကျုပ်တို့ ပြောခဲ့တယ်။ တချို့က မယုံဘူး။ အခုတော့ သမ္မတလောင်း နေရာအတွက် ပြိုင်ဆိုင်နေတဲ့ နှစ်ယောက်က ဒါကို မှန်ကန်ကြောင်း ပြနေကြပြီလေ”ဟုလည်း ဆက်လက် လှောင်ပြောင်ထားသေးသည်။

ခါမေနီသည် အမေရိကန်နှင့် ပတ်သက်၍ သဘောထား တင်းမာသူ တစ်ဦးအဖြစ် လူသိများပြီး အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ အမေရိကန်က ဦးဆောင် ဆွေးနွေးခဲ့သည့် လုပ်ငန်းစဉ်ကို ပွင့်လင်းစွာ ကန့်ကွက်ခဲ့သူ ဖြစ်သည်။ သို့သော် နိုင်ငံတကာ ဖိအားပေးမှုများကြောင့် အဆိုပါ ညှိနှိုင်းမှု အောင်မြင်စေရန် ခါမေနီက သဘောတူခဲ့ရသည်။

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက်သည်လည်း အမေရိကန် သမ္မတလောင်း နှစ်ဦး၏ စကားစစ်ထိုးပွဲတွင် အဓိကကျသော မူဝါဒ ပြဿနာတစ်ခု ဖြစ်ခဲ့ပြီး ကလင်တန်က ထောက်ခံကာ ထရမ့်က ကန့်ကွက်ထားသည်။

အီရန်တွင် လွန်ခဲ့သည့် ၃၇ နှစ်က အမေရိကန် သံရုံးကို စီးနင်းပြီး အမေရိကန် နိုင်ငံသား ၅၂ ဦးကို တစ်နှစ်ကျော်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ဖြစ်ရပ်နောက်ပိုင်း ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ ယိုယွင်း အေးခဲသွားခဲ့ခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top