Property Expo
×
Credit:Myanmaalinn
#Unicode Version
၂ဝ၁၇ခုနှစ် မေလတွင် တောင်အာဖရိကသည် ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲသို့လွှတ်တင်မည်ဖြစ်ကြောင်း သတင်း များတွင်ဖော်ပြသည်။ ယင်းအစီအစဉ်ကို STEM program မှကျောင်းသူများက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆယ်ကျော်သက်များဖြစ်သော်လည်း အသက် ၁၇ နှစ်အရွယ် ဘရစ်တနီ ဘူးလ်နှင့် အသက် ၁၆ နှစ်အရွယ် ဆီဆမ်မန်ဂွင် ချီဝါတို့တွင် ကြီးမားသောရည်မှန်းချက်များဖြစ်သည့် အာဖရိက၏ ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို အာကာသထဲသို့လွှတ်တင်ရန် ရည်ရွယ်ချက်များရှိကြောင်း သိရသည်။
 ၎င်းတို့သည် တောင်အာဖရိက ကိဗ်တောင်းမြို့အထက်တန်းကျောင်းသူများအဖွဲ့တွင် ပါဝင်သူများဖြစ်ကြပြီး အာဖရိကမျက်နှာပြင်ကို ကြည့်ရှုစစ်ဆေးမည့် ဂြိုဟ်တုပုံစံရေးဆွဲသူများလည်းဖြစ်ကြောင်းသိရသည်။
 ထို့အပြင် ယင်းဂြိုဟ်တုသည် အာဖရိကတိုက်၏ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို ရယူမည်ဖြစ်ကြောင်းသိရသည်။
 ယင်းဂြိုဟ်တုမှ သတင်းအချက်အလက်များကို တစ်နေ့လျှင်နှစ်ကြိမ်ရရှိမည်ဖြစ်ပြီး အာဖရိကတွင် ဖြစ်ပွားနေသော ဘေးဒုက္ခများမှ ကြိုတင်ကာကွယ်နိုင်ရုံသာမက အာဖရိကတွင်ရှိသော စိုက်ပျိုးမြေဧကများကိုရှာဖွေနိုင်မည် ဖြစ်ကာ ပြည်သူများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalinn
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top