Property Expo
×

ပ်ိဳးႀကဲရာသီႏွင့္ မဂၤ လာေဆာင္ရာသီတြင္ တန္ဖိုးျမင့္ ေငြစကၠဴမ်ားကို သိမ္းဆည္းေရး ၀န္ႀကီးခ်ဳပ္ နာရန္ဒရာမုိဒီ၏ အ မွတ္မထင္ ဆံုးျဖတ္ခ်က္အေပၚ က်ယ္က်ယ္ျပန္႔ျပန္႔ ေ၀ဖန္မႈမ်ား ရွိေနစဥ္ လယ္သမားမ်ားအတြက္ ေငြေၾကးအခက္ႀကံဳမႈ သက္သာ ေစမည့္ ခ်က္ခ်င္းလက္ငင္းအစီ အစဥ္မ်ားကို အိႏိၵယအစိုးရက ၾကာသပေတးေန႔၌ ေၾကညာလိုက္သည္။


လယ္သမားမ်ား၏ ထုတ္ ကုန္မ်ားအတြက္ ေပးေခ်ရန္ ကုန္ သည္မ်ားတြင္ ေငြသားမရွိျဖစ္ေန စဥ္ လယ္သမားမ်ား ေငြေၾကးအ ခက္ႀကံဳေနကာ အိႏိၵယႏိုင္ငံသား သန္းေပါင္းမ်ားစြာသည္ ၎တို႔၏ ဘဏ္အေကာင့္မ်ားမွ အခ်ိဳးက် ေငြထုတ္ယူရန္ (သို႔မဟုတ္)ေငြစကၠဴအေဟာင္းမ်ား လဲလွယ္ေရး န၀မေျမာက္ရက္အျဖစ္ဘဏ္မ်ား၊ စာတုိက္႐ံုးမ်ားအျပင္ဘက္တြင္ တန္းစီေစာင့္ဆိုင္းခဲ့ရ သည္။

 ေငြေၾကးလည္ပတ္စီးဆင္းမႈအတြင္းရွိ ေငြသားမ်ား၏ ၈၆ ရာခိုင္ႏႈန္းအထိရွိေသာ ႐ူပီး ၅၀၀ တန္ႏွင့္ ၁၀၀၀ တန္ ေငြစကၠဴမ်ား ကို သိမ္းဆည္းမည္ဟု ၀န္ႀကီး ခ်ဳပ္ မိုဒီက ႏို၀င္ဘာ ၈ ရက္တြင္ ေၾကညာခဲ့သည္။

ယင္းလုပ္ရပ္က တရားမ၀င္ စီးပြားေရးကို ႏွိမ္နင္းရန္ ရည္ရြယ္ ျခင္းျဖစ္ေသာ္လည္း အိႏိၵယႏိုင္ငံ ၏ ေငြေၾကးစီးပြားေရးကို ရပ္ဆိုင္းသြားေသာ အေျခအေနဆီသို႔ ေရာက္ရွိသြားသည္။

ယခုေနာက္ဆံုး အကူအညီ ေပးေရး အစီအစဥ္မ်ားအတြင္း မုိဒီက လယ္သမားမ်ား ေဆာင္း ရာသီတြင္ ပ်ိဳးႀကဲႏိုင္ေရး ေကာက္ ပဲသီးႏွံေခ်းေငြမ်ားအျဖစ္ သီတင္း တစ္ပတ္လွ်င္ ႐ူပီး ၂၅,၀၀၀ (ကန္ ေဒၚလာ ၃၆၈) ထုတ္ယူခြင့္ေပး ထားေၾကာင္း ထိပ္တန္းဘ႑ာ ေရး၀န္ႀကီးဌာန အရာရွိတစ္ဦးက ေျပာသည္။

 လယ္သမားမ်ားအတြက္ ေကာက္ပဲသီးႏွံ အာမခံေၾကးေပး သြင္းရမည့္ ရက္သတ္မွတ္ခ်က္ ကိုလည္း ၁၅ ရက္အထိ တုိးျမႇင့္ သတ္မွတ္ေပးလိုက္ေၾကာင္း စီး ပြားေရး၀န္ႀကီး ရွာခတီကန္တာ ဒ့ါစ္ကေျပာသည္။

အိႏိၵယႏိုင္ငံ၏ သန္း ၂၆၀ ေသာ လယ္သမားမ်ားတြင္ ဘဏ္ စာရင္းမရွိၾကဘဲ ပ်ိဳးႀကဲရန္ ေငြ အတြက္ ေဒသဆိုင္ရာ ေငြေခ်း လုပ္ငန္းမ်ားကို မွီခိုေနၾကရသျဖင့္ ေငြေခ်းရမည့္ ေတာင္သူမ်ားသည္ ေကာင္းစြာ ရိတ္သိမ္းႏုိင္ျခင္း မရွိ ပါက အေႂကြးတင္ႏိုင္ေသာ ျပႆနာ ရင္ဆိုင္ရႏိုင္သည္။

 ထို႔အျပင္ ေငြစကၠဴအေဟာင္း ကိုင္ေဆာင္ထားသူမ်ား အတြက္ ေငြစကၠဴအသစ္ ၄၅၀၀ ႐ူပီးအထိ လဲလွယ္ခြင့္ျပဳရာမွ ႐ူပီး ၂၀၀၀ အထိသာ လဲလွယ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း အစိုးရက ေၾကညာၿပီး လဲလွယ္ႏိုင္ေသာ ပမဏကို ေလွ်ာ့ခ်လိုက္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ပျိုးကြဲရာသီနှင့် မင်္ဂ လာဆောင်ရာသီတွင် တန်ဖိုးမြင့် ငွေစက္ကူများကို သိမ်းဆည်းရေး ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အ မှတ်မထင် ဆုံးဖြတ်ချက်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိနေစဉ် လယ်သမားများအတွက် ငွေကြေးအခက်ကြုံမှု သက်သာ စေမည့် ချက်ချင်းလက်ငင်းအစီ အစဉ်များကို အိန္ဒိယအစိုးရက ကြာသပတေးနေ့၌ ကြေညာလိုက်သည်။


လယ်သမားများ၏ ထုတ် ကုန်များအတွက် ပေးချေရန် ကုန် သည်များတွင် ငွေသားမရှိဖြစ်နေ စဉ် လယ်သမားများ ငွေကြေးအ ခက်ကြုံနေကာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ၎င်းတို့၏ ဘဏ်အကောင့်များမှ အချိုးကျ ငွေထုတ်ယူရန် (သို့မဟုတ်)ငွေစက္ကူအဟောင်းများ လဲလှယ်ရေး နဝမမြောက်ရက်အဖြစ်ဘဏ်များ၊ စာတိုက်ရုံးများအပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းခဲ့ရ သည်။

 ငွေကြေးလည်ပတ်စီးဆင်းမှုအတွင်းရှိ ငွေသားများ၏ ၈၆ ရာခိုင်နှုန်းအထိရှိသော ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူများ ကို သိမ်းဆည်းမည်ဟု ဝန်ကြီး ချုပ် မိုဒီက နိုဝင်ဘာ ၈ ရက်တွင် ကြေညာခဲ့သည်။

ယင်းလုပ်ရပ်က တရားမဝင် စီးပွားရေးကို နှိမ်နင်းရန် ရည်ရွယ် ခြင်းဖြစ်သော်လည်း အိန္ဒိယနိုင်ငံ ၏ ငွေကြေးစီးပွားရေးကို ရပ်ဆိုင်းသွားသော အခြေအနေဆီသို့ ရောက်ရှိသွားသည်။

ယခုနောက်ဆုံး အကူအညီ ပေးရေး အစီအစဉ်များအတွင်း မိုဒီက လယ်သမားများ ဆောင်း ရာသီတွင် ပျိုးကြဲနိုင်ရေး ကောက် ပဲသီးနှံချေးငွေများအဖြစ် သီတင်း တစ်ပတ်လျှင် ရူပီး ၂၅,၀၀၀ (ကန် ဒေါ်လာ ၃၆၈) ထုတ်ယူခွင့်ပေး ထားကြောင်း ထိပ်တန်းဘဏ္ဍာ ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

 လယ်သမားများအတွက် ကောက်ပဲသီးနှံ အာမခံကြေးပေး သွင်းရမည့် ရက်သတ်မှတ်ချက် ကိုလည်း ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း စီး ပွားရေးဝန်ကြီး ရှာခတီကန်တာ ဒ့ါစ်ကပြောသည်။

အိန္ဒိယနိုင်ငံ၏ သန်း ၂၆၀ သော လယ်သမားများတွင် ဘဏ် စာရင်းမရှိကြဘဲ ပျိုးကြဲရန် ငွေ အတွက် ဒေသဆိုင်ရာ ငွေချေး လုပ်ငန်းများကို မှီခိုနေကြရသဖြင့် ငွေချေးရမည့် တောင်သူများသည် ကောင်းစွာ ရိတ်သိမ်းနိုင်ခြင်း မရှိ ပါက အကြွေးတင်နိုင်သော ပြဿနာ ရင်ဆိုင်ရနိုင်သည်။

 ထို့အပြင် ငွေစက္ကူအဟောင်း ကိုင်ဆောင်ထားသူများ အတွက် ငွေစက္ကူအသစ် ၄၅၀၀ ရူပီးအထိ လဲလှယ်ခွင့်ပြုရာမှ ရူပီး ၂၀၀၀ အထိသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရက ကြေညာပြီး လဲလှယ်နိုင်သော ပမဏကို လျှော့ချလိုက်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top