Property Expo
×

ကေလး ေျခာက္ဦးကို တစ္ဦးတည္း အုပ္ ထိန္းခြင့္ရေရး အန္ဂ်လီနာဂ်ဳိလီ ၏ ေတာင္းဆိုမႈကို စိန္ေခၚကာ ဘရက္ပစ္က ပူးတြဲအုပ္ထိန္းခြင့္ ရေရး ကယ္လီဖိုးနီးယား ထိပ္တန္းတရား႐ံုးသို႔ ဦးတိုက္ေလွ်ာက္ထား လိုက္သည္။

အိမ္ေထာင္သက္ ၂ ႏွစ္ အၾကာတြင္ လမ္းခြဲခဲ့ၾကေသာ ဘရက္ပစ္ႏွင့္ အန္ဂ်လီနာဂ်ဳိလီ တို႔တြင္ မက္ေဒါ့စ္ (၁၅)ႏွစ္၊ ပက္စ္ (၁၂)ႏွစ္၊ ဇာဟာရာ (၁၁) ႏွစ္၊ ရွီလို (၁၀)ႏွစ္ႏွင့္ (၈)ႏွစ္အရြယ္ အႁမႊာႏွစ္ဦးျဖစ္သည့္ ေကေနာ့ခ္ႏွင့္ ဗီဗီယန္နီ စေသာ ကေလးေျခာက္ဦးရွိၿပီး ဂ်ဳိလီက အုပ္ထိန္းခြင့္ရရန္ ေတာင္းဆိုထား သည္။

စက္တင္ဘာ ၁၄ ရက္က ျပင္သစ္မွ အေမရိကန္ႏိုင္ငံသို႔ ထြက္ခြာလာေသာ ကိုယ္ပိုင္ေလယာဥ္ေပၚတြင္ ဘရက္ပစ္ႏွင့္ ကေလးတစ္ဦး၏ အျဖစ္အပ်က္ ကို ကေလးသူငယ္ဌာနက စစ္ ေဆးေနဆဲျဖစ္ၿပီး ဘရက္ပစ္က မက္ေဒါ့စ္ကို ကိုယ္ထိလက္ ေရာက္ ေစာ္ကားခဲ့သည္ဆိုေသာ သတင္းမ်ား ထြက္ေပၚေနသည္။

ဘရက္ပစ္က ယင္းစြပ္စြဲ ခ်က္ကို ျငင္းဆိုထားၿပီး စံုစမ္းစစ္ ေဆးသူမ်ားႏွင့္ ပူးေပါင္းေဆာင္ ရြက္ေနသည္။

အန္ဂ်လီနာဂ်ဳိလီသည္ ၎ ၏အလုပ္ႏွင့္ အစီအစဥ္အားလံုး ကို ဖ်က္သိမ္းထားၿပီး ေနအိမ္၌ ကေလးမ်ားႏွင့္ အတူေနထိုင္ေန ေၾကာင္း သတင္းရင္းျမစ္တစ္ခု က ေျပာသည္။

ထုိအေတာအတြင္း မက္ေဒါ့စ္က ဘရက္ပစ္ႏွင့္ ျပန္ေတြ႕ၿပီး ေနထုိင္ရန္ ျငင္းဆိုေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကလေး ခြောက်ဦးကို တစ်ဦးတည်း အုပ် ထိန်းခွင့်ရရေး အန်ဂျလီနာဂျိုလီ ၏ တောင်းဆိုမှုကို စိန်ခေါ်ကာ ဘရက်ပစ်က ပူးတွဲအုပ်ထိန်းခွင့် ရရေး ကယ်လီဖိုးနီးယား ထိပ်တန်းတရားရုံးသို့ ဦးတိုက်လျှောက်ထား လိုက်သည်။

အိမ်ထောင်သက် ၂ နှစ် အကြာတွင် လမ်းခွဲခဲ့ကြသော ဘရက်ပစ်နှင့် အန်ဂျလီနာဂျိုလီ တို့တွင် မက်ဒေါ့စ် (၁၅)နှစ်၊ ပက်စ် (၁၂)နှစ်၊ ဇာဟာရာ (၁၁) နှစ်၊ ရှီလို (၁၀)နှစ်နှင့် (၈)နှစ်အရွယ် အမြွှာနှစ်ဦးဖြစ်သည့် ကေနော့ခ်နှင့် ဗီဗီယန်နီ စသော ကလေးခြောက်ဦးရှိပြီး ဂျိုလီက အုပ်ထိန်းခွင့်ရရန် တောင်းဆိုထား သည်။

စက်တင်ဘာ ၁၄ ရက်က ပြင်သစ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာလာသော ကိုယ်ပိုင်လေယာဉ်ပေါ်တွင် ဘရက်ပစ်နှင့် ကလေးတစ်ဦး၏ အဖြစ်အပျက် ကို ကလေးသူငယ်ဌာနက စစ် ဆေးနေဆဲဖြစ်ပြီး ဘရက်ပစ်က မက်ဒေါ့စ်ကို ကိုယ်ထိလက် ရောက် စော်ကားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။

ဘရက်ပစ်က ယင်းစွပ်စွဲ ချက်ကို ငြင်းဆိုထားပြီး စုံစမ်းစစ် ဆေးသူများနှင့် ပူးပေါင်းဆောင် ရွက်နေသည်။

အန်ဂျလီနာဂျိုလီသည် ၎င်း ၏အလုပ်နှင့် အစီအစဉ်အားလုံး ကို ဖျက်သိမ်းထားပြီး နေအိမ်၌ ကလေးများနှင့် အတူနေထိုင်နေ ကြောင်း သတင်းရင်းမြစ်တစ်ခု က ပြောသည်။

ထိုအတောအတွင်း မက်ဒေါ့စ်က ဘရက်ပစ်နှင့် ပြန်တွေ့ပြီး နေထိုင်ရန် ငြင်းဆိုနေသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top