Expo Singapore
×

Callum Hackett လုိ႔ အမည္ရတဲ့ အဂၤလန္ႏုိင္ငံ နယူးကာဆယ္မွာေနထုိင္တဲ့ အသက္ 18 ႏွစ္အရြယ္ ေကာင္ေလးဟာ လင္ရွိမိန္းမနဲ႔ ခ်စ္တင္းေႏွာ ခဲ့ပါတယ္။ ျဖစ္ခ်င္ေတာ့ ထုိအခ်ိန္က တရား၀င္ လင္ေယာက္်ားရဲ႕အိမ္မွာ ပါတီပြဲက်င္းပခဲ့ၾကၿပီး Hackett ဟာ အျခားအေဖာ္တစ္ေယာက္ရဲ႕ ဖိတ္မံခ်က္နဲ႔ အဆုိပါအိမ္ကို ေရာက္ရွိခဲ့တာပါ။

တရာ၀င္လင္ခ်င္းလူသက္မူ

အသတ္ခံရတဲ့ အမ်ိဳးသားအမည္မွာ David Savage လုိ႔ သိရၿပီး၊ Hackett နဲ႔ အခုေတြ႕ အခု ခ်စ္တင္းေႏွာ ဖုိ႔ ခြင့္ျပဳခဲ့သူကေတာ့ David ရဲ႕ဇနီး Donna Hawthorn ျဖစ္ပါတယ္။ ပါတီပြဲဟာ အခ်ိန္ၾကာလာေတာ့ အရွိန္ေကာင္းလာခဲ့ၿပီး မူးယစ္ေဆး သုံးစြဲမႈေတြပါ ပါ၀င္လာခဲ့ပါတယ္။

ညေနပုိင္း ေရာက္တဲ့အခါမွာ အိမ္ေပၚတက္သြားတဲ့ Donna ရဲ႕ေနာက္ကို Hackett က တက္လုိက္သြားရင္း အခန္းတစ္ခုတည္းမွာ ခ်စ္တင္းေႏွာခဲ့ၾကပါတယ္။ ဒါကို David က မ်က္၀ါးထင္ထင္ ေတြ႕ျမင္ခဲ့ၿပီး အလြန္ စိတ္ဆုိးေဒါသထြက္ေနခဲ့ပါတယ္။ ဒါေပမယ့္ ပထမဆုံး Hackett ကုိ အိမ္ထဲကေန ထြက္သြားဖုိ႔ ႏွင္ထုတ္ခဲ့ပါတယ္။

မၾကာမီမွာ Hackett က သူ႕လက္အိတ္ လာယူတာဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ David ရဲ႕ အိမ္ကုိ ျပန္ေရာက္လာေတာ့ David ဟာ Hackett ရဲ႕ မ်က္ႏွာနဲ႔ ခႏၶာကို္ယ္အႏွံ႕ အခ်က္ေပါင္းမ်ားစြာ ထုိးႀကိတ္ကန္ေက်ာက္ခဲ့ပါတယ္။ အဲဒီေနာက္ Hackett ဟာ သူ႕အေဖာ္အိမ္ကို သြားၿပီး မီးဖုိေခ်ာင္သုံးဓားကို ယူကာ David ကုိ ထပ္မံစိန္ေခၚခဲ့ပါတယ္။ ၎တုိ႔ႏွစ္
ေယာက္ အိမ္ ေရွ႕လမ္းမမွာ ထုိးႀကိတ္က်ရင္း David ဟာ Hackett ရဲ႕ ဓားနဲ႔ ထုိးျခင္းကို ခံလုိက္ရပါတယ္။

တရာ၀င္လင္ခ်င္းလူသက္မူDavid ဟာ ဓားနဲ႔ ႏွစ္ခ်က္တိတိ အထိုးခံလုိက္ရၿပီး Newcastle’s Royal Victoria Infirmary ေဆး႐ုံကုိ အေရာက္မွာေသြးထြက္လြန္ကာ ေသဆုံးသြားခဲ့ပါတယ္။ Hackett ဟာ လူသတ္မႈကို ျငင္းပယ္ခဲ့ၿပီး အျပစ္မရွိေၾကာင္း ထြက္္ဆုိခဲ့ပါ
ေသးတယ္။တရာ၀င္လင္ခ်င္းလူသက္မူ

ဒါေပမယ့္ ေနအိမ္မွာ တပ္ဆင္ထားတဲ့ CCTV အရ Hackett ဟာ ရန္ပြဲတစ္ခုကို ဦးတည္ေစမယ့္ စကားေတြနဲ႔ David ကို စိန္ေခၚခဲ့သလုိ၊ သူ႕ကို ထုိးႀကိတ္တဲ့အတြက္ အျခားအေဖာ္တစ္ေယာက္နဲ႔ ဒီေနရာကို ျပန္လာခဲ့ျခင္းဟာ လူသတ္မႈကို သိသိႀကီးနဲ႔ က်ဴးလြန္ဖုိ႔ေသခ်ာေၾကာင္း တရားသူႀကီးေတြက ဆုံးျဖတ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ တရားစီရင္မႈ မၿပီးေသးဘဲ လာမယ့္ဆယ္ရက္အတြင္းမွာ အၿပီးစီရင္ႏုိင္မယ္လုိ႔ ေမွ်ာ္မွန္းရပါတယ္။ အဆုိပါ လူသတ္မႈကို က်ဴးလြန္ခ်ိန္မွာ Hackett ဟာ အသက္ 17 ႏွစ္သာ ရွိပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin


#Unicode Version
Callum Hackett လို့ အမည်ရတဲ့ အင်္ဂလန်နိုင်ငံ နယူးကာဆယ်မှာနေထိုင်တဲ့ အသက် 18 နှစ်အရွယ် ကောင်လေးဟာ လင်ရှိမိန်းမနဲ့ ချစ်တင်းနှော ခဲ့ပါတယ်။ ဖြစ်ချင်တော့ ထိုအချိန်က တရားဝင် လင်ယောက်ျားရဲ့အိမ်မှာ ပါတီပွဲကျင်းပခဲ့ကြပြီး Hackett ဟာ အခြားအဖော်တစ်ယောက်ရဲ့ ဖိတ်မံချက်နဲ့ အဆိုပါအိမ်ကို ရောက်ရှိခဲ့တာပါ။

တရာဝင်လင်ချင်းလူသက်မူ

အသတ်ခံရတဲ့ အမျိုးသားအမည်မှာ David Savage လို့ သိရပြီး၊ Hackett နဲ့ အခုတွေ့ အခု ချစ်တင်းနှော ဖို့ ခွင့်ပြုခဲ့သူကတော့ David ရဲ့ဇနီး Donna Hawthorn ဖြစ်ပါတယ်။ ပါတီပွဲဟာ အချိန်ကြာလာတော့ အရှိန်ကောင်းလာခဲ့ပြီး မူးယစ်ဆေး သုံးစွဲမှုတွေပါ ပါဝင်လာခဲ့ပါတယ်။

ညနေပိုင်း ရောက်တဲ့အခါမှာ အိမ်ပေါ်တက်သွားတဲ့ Donna ရဲ့နောက်ကို Hackett က တက်လိုက်သွားရင်း အခန်းတစ်ခုတည်းမှာ ချစ်တင်းနှောခဲ့ကြပါတယ်။ ဒါကို David က မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး အလွန် စိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံး Hackett ကို အိမ်ထဲကနေ ထွက်သွားဖို့ နှင်ထုတ်ခဲ့ပါတယ်။

မကြာမီမှာ Hackett က သူ့လက်အိတ် လာယူတာဆိုတဲ့ အကြောင်းပြချက်နဲ့ David ရဲ့ အိမ်ကို ပြန်ရောက်လာတော့ David ဟာ Hackett ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ အချက်ပေါင်းများစွာ ထိုးကြိတ်ကန်ကျောက်ခဲ့ပါတယ်။ အဲဒီနောက် Hackett ဟာ သူ့အဖော်အိမ်ကို သွားပြီး မီးဖိုချောင်သုံးဓားကို ယူကာ David ကို ထပ်မံစိန်ခေါ်ခဲ့ပါတယ်။ ၎င်းတို့နှစ်
ယောက် အိမ် ရှေ့လမ်းမမှာ ထိုးကြိတ်ကျရင်း David ဟာ Hackett ရဲ့ ဓားနဲ့ ထိုးခြင်းကို ခံလိုက်ရပါတယ်။

တရာဝင်လင်ချင်းလူသက်မူDavid ဟာ ဓားနဲ့ နှစ်ချက်တိတိ အထိုးခံလိုက်ရပြီး Newcastle’s Royal Victoria Infirmary ဆေးရုံကို အရောက်မှာသွေးထွက်လွန်ကာ သေဆုံးသွားခဲ့ပါတယ်။ Hackett ဟာ လူသတ်မှုကို ငြင်းပယ်ခဲ့ပြီး အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါ
သေးတယ်။တရာဝင်လင်ချင်းလူသက်မူ

ဒါပေမယ့် နေအိမ်မှာ တပ်ဆင်ထားတဲ့ CCTV အရ Hackett ဟာ ရန်ပွဲတစ်ခုကို ဦးတည်စေမယ့် စကားတွေနဲ့ David ကို စိန်ခေါ်ခဲ့သလို၊ သူ့ကို ထိုးကြိတ်တဲ့အတွက် အခြားအဖော်တစ်ယောက်နဲ့ ဒီနေရာကို ပြန်လာခဲ့ခြင်းဟာ လူသတ်မှုကို သိသိကြီးနဲ့ ကျူးလွန်ဖို့သေချာကြောင်း တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ တရားစီရင်မှု မပြီးသေးဘဲ လာမယ့်ဆယ်ရက်အတွင်းမှာ အပြီးစီရင်နိုင်မယ်လို့ မျှော်မှန်းရပါတယ်။ အဆိုပါ လူသတ်မှုကို ကျူးလွန်ချိန်မှာ Hackett ဟာ အသက် 17 နှစ်သာ ရှိပါသေးတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top