Kantharyar Centre
×

 သက္လတ္ပုိင္းအမ်ိဳးသမီးမ်ားသည္ သက္တူရြယ္တူ အမ်ိဳး သားမ်ားထက္ မွတ္ဉာဏ္ပိုေကာင္းႏုိင္ေသာ္လည္း ေသြးဆံုးခ်ိန္ မေဟာ္မုန္းပမာဏေလ်ာ့က်ျခင္းေၾကာင့္ မွတ္ဉာဏ္ေပ်ာက္ကြယ္သြားႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

မွတ္ဉာဏ္ယုတ္ေလ်ာ့မႈသည္ အသက္အရြယ္ႏွင့္ ဆက္စပ္ သည့္ အဓိကျပႆနာတစ္ခုျဖစ္ၿပီး အသက္အရြယ္ႀကီးရင့္သူ ၇၅ ရာခိုင္ႏႈန္းအထိ ႀကံဳေတြ႕ေနရေသာ ျပႆနာျဖစ္ေၾကာင္း သုေတ သီမ်ားက ေျပာသည္။ အမ်ိဳးသမီးအမ်ားအျပားသည္ မွတ္ဉာဏ္ စစ္ေဆးမႈခံယူရာတြင္ အမ်ိဳးသားမ်ားထက္ သာလြန္ေနဆဲျဖစ္ေသာ္ လည္း ေသြးဆံုးခ်ိန္၌ မွတ္ဉာဏ္ယုတ္ေလ်ာ့မႈ ပုိမိုႀကံဳေတြ႕ရသည္ ဟု သုေတသီမ်ားကေျပာသည္။

ဦးေႏွာက္ထိခိုက္ျခင္းႏွင့္ မွတ္ဉာဏ္ျပႆနာမ်ားကုိ အေလး အနက္ထားေျဖရွင္းသင့္သည္ဟု ေဒါက္တာ ဂ်ိဳအန္ပင္ကာတန္က ေျပာၾကားသည္။

ယခုေလ့လာမႈအတြင္း အသက္ (၄၅)ႏွစ္ႏွင့္ (၅၅)ႏွစ္ၾကား အမ်ဳိးသားမ်ားႏွင့္ အမ်ိဳးသမီး ၂၁၂ ဦးပါ၀င္ၿပီး စိတ္ေရာဂါႏွင့္ ေဆး ၀ါးဆုိင္ရာပါေမာကၡေဂ်းလ္ဂုိးစတိန္းဦးေဆာင္ၿပီး ဟားဗက္ေဆး ေက်ာင္းမွ သုေတသီမ်ားေလ့လာျခင္းျဖစ္သည္။

ယင္းေလ့လာမႈအတြက္ ဂုိးစတိန္း၏ အဖြဲ႕သည္ မွတ္ဉာဏ္ႏွင့္ စဥ္းစားေတြးေတာမႈဆုိင္ရာ စမ္းသပ္မႈမ်ားျပဳလုပ္ၿပီး မွတ္ဉာဏ္ကုိ တုိင္းတာခဲ့ျခင္းျဖစ္သည္။

ေသြးဆံုးျခင္းႏွင့္ ႀကံဳေတြ႕ခဲ့ရေသာ အမ်ိဳးသမီးမ်ားသည္ ေသြး ဆံုးျခင္းႏွင့္ မႀကံဳေတြ႕ခဲ့ရေသာ အမ်ိဳးသမီးမ်ားထက္ ပိုမုိုဆုိးရြား ေၾကာင္း ယင္းေလ့လာမႈတြင္ ေလ့လာေတြ႕ရိွခဲ့သည္။ အသက္အရြယ္ႀကီးေသာ အမ်ဳိးသမီးမ်ား မေဟာ္မုန္းပမာဏေလ်ာ့က်ျခင္းႏွင့္ အခ်က္အလက္အသစ္မ်ား ေလ့လာသိႏုိင္မႈႏႈန္း ေလ်ာ့နည္းျခင္း၊မွတ္ဉာဏ္ျပန္လည္ေတြးေတာစဥ္းစားႏုိင္ျခင္းတုိ႔ နည္းပါးျခင္းအ ၾကား ဆက္စပ္မႈရိွေၾကာင္း သုေတသီမ်ားက ေျပာသည္။

သုိ႔ေသာ္ မွတ္ဉာဏ္သုိေလွာင္သိမ္းဆည္းမႈႏွင့္ ပိုမုိခုိင္မာမႈကုိ ထိခိုက္မႈမရိွဟု သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈကုိ Meno Pause ဂ်ာနယ္တြင္ ႏုိ၀င္ဘာ ၉ ရက္က ေဖာ္ျပထားသည္။                    


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version
 သက်လတ်ပိုင်းအမျိုးသမီးများသည် သက်တူရွယ်တူ အမျိုး သားများထက် မှတ်ဉာဏ်ပိုကောင်းနိုင်သော်လည်း သွေးဆုံးချိန် မဟော်မုန်းပမာဏလျော့ကျခြင်းကြောင့် မှတ်ဉာဏ်ပျောက်ကွယ်သွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။


မှတ်ဉာဏ်ယုတ်လျော့မှုသည် အသက်အရွယ်နှင့် ဆက်စပ် သည့် အဓိကပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူ ၇၅ ရာခိုင်နှုန်းအထိ ကြုံတွေ့နေရသော ပြဿနာဖြစ်ကြောင်း သုတေ သီများက ပြောသည်။ အမျိုးသမီးအများအပြားသည် မှတ်ဉာဏ် စစ်ဆေးမှုခံယူရာတွင် အမျိုးသားများထက် သာလွန်နေဆဲဖြစ်သော် လည်း သွေးဆုံးချိန်၌ မှတ်ဉာဏ်ယုတ်လျော့မှု ပိုမိုကြုံတွေ့ရသည် ဟု သုတေသီများကပြောသည်။

ဦးနှောက်ထိခိုက်ခြင်းနှင့် မှတ်ဉာဏ်ပြဿနာများကို အလေး အနက်ထားဖြေရှင်းသင့်သည်ဟု ဒေါက်တာ ဂျိုအန်ပင်ကာတန်က ပြောကြားသည်။

ယခုလေ့လာမှုအတွင်း အသက် (၄၅)နှစ်နှင့် (၅၅)နှစ်ကြား အမျိုးသားများနှင့် အမျိုးသမီး ၂၁၂ ဦးပါဝင်ပြီး စိတ်ရောဂါနှင့် ဆေး ဝါးဆိုင်ရာပါမောက္ခဂျေးလ်ဂိုးစတိန်းဦးဆောင်ပြီး ဟားဗက်ဆေး ကျောင်းမှ သုတေသီများလေ့လာခြင်းဖြစ်သည်။

ယင်းလေ့လာမှုအတွက် ဂိုးစတိန်း၏ အဖွဲ့သည် မှတ်ဉာဏ်နှင့် စဉ်းစားတွေးတောမှုဆိုင်ရာ စမ်းသပ်မှုများပြုလုပ်ပြီး မှတ်ဉာဏ်ကို တိုင်းတာခဲ့ခြင်းဖြစ်သည်။

သွေးဆုံးခြင်းနှင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးများသည် သွေး ဆုံးခြင်းနှင့် မကြုံတွေ့ခဲ့ရသော အမျိုးသမီးများထက် ပိုမိုဆိုးရွား ကြောင်း ယင်းလေ့လာမှုတွင် လေ့လာတွေ့ရှိခဲ့သည်။ အသက်အရွယ်ကြီးသော အမျိုးသမီးများ မဟော်မုန်းပမာဏလျော့ကျခြင်းနှင့် အချက်အလက်အသစ်များ လေ့လာသိနိုင်မှုနှုန်း လျော့နည်းခြင်း၊မှတ်ဉာဏ်ပြန်လည်တွေးတောစဉ်းစားနိုင်ခြင်းတို့ နည်းပါးခြင်းအ ကြား ဆက်စပ်မှုရှိကြောင်း သုတေသီများက ပြောသည်။

သို့သော် မှတ်ဉာဏ်သိုလှောင်သိမ်းဆည်းမှုနှင့် ပိုမိုခိုင်မာမှုကို ထိခိုက်မှုမရှိဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုကို Meno Pause ဂျာနယ်တွင် နိုဝင်ဘာ ၉ ရက်က ဖော်ပြထားသည်။                    


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top