Property Expo
×




Credit:Duwun

Unicode Version

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ကအားပျော့ ပျက်ပြယ်သွားပေမယ့်  မြန်မာနိုင်ငံဒေသအနှံ့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့  ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းငယ်ရဲ့လက်ကျန်အရှိန်နဲ့ မကြာခဏဝင်ရောက်လာတဲ့ လေပွေလှိုင်းတွေကြာင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ လာမယ့် နှစ်ရက်အတွင်း မိုးပိုလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်က နိုဝင်ဘာ ၆ ရက် ညနေမှာ အားပျော့ ပျက်ပြယ်သွားပေမယ့် မြန်မာနိုင်ငံအနှံ့ အချိန်အခါမဟုတ် ဆက်လက်မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ လာမယ့်နှစ်ရက်အတွင်း မိုးဆက်တိုက်ကောင်းနိုင်ပြီး မုန်တိုင်းအားပျော့သွားးပေမယ့်  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်နာရီလေတိုက်နှုန်း ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မိုးသက်လေပြင်း အန္တရာယ်သတိပြုဖို့  မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top