Property Expo
×

အဂၤလန္အသင္းေခါင္း ေဆာင္ ရြန္းေနသည္ ၀င္ဘေလ ကြင္းတြင္ ကစားမည့္ စပိန္ ႏွင့္ ေျခစမ္းပြဲ၌ မပါ၀င္ဘဲ ဟန္ဒါဆင္က ဦးေဆာင္မည္ဟု နည္းျပေဆာက္သ္ဂိတ္က အတည္ျပဳ ေျပာသည္။

ရြန္းေနသည္ ႏို၀င္ဘာ ၁၄ ရက္က အသင္းႏွင့္လည္း ေလ့ က်င့္ခန္းမဆင္းခဲ့ေပ။

‘‘ကြၽန္ေတာ္ကလည္း ရြန္း ေနကုိ ဒီပြဲမွာ ထည့္မကစားပါဘူး။ ေဂ်ာ္ဒန္ဟန္ဒါဆင္က အသင္း ေခါင္းေဆာင္တာ၀န္ယူပါလိမ့္ မယ္’’ဟု ေဆာက္သ္ဂိတ္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။ မိမိတုိ႔တြင္ အသင္း ေခါင္း ေဆာင္တစ္ဦးတည္း မဟုတ္ဘဲ ေခါင္းေဆာင္သံုး၊ ေလးဦးရိွသည္ဟု ယံုၾကည္ေၾကာင္း အဂၤလန္ယာယီနည္းျပက ေျပာသည္။

အျခားစိတ္၀င္စားစရာ ႏုိင္ငံတကာေျခစမ္းပြဲ မ်ားတြင္ အီတလီ - ဂ်ာမနီ၊ ေျမာက္အုိင္ယာလန္- ခ႐ုိေအးရွား၊ ဟန္ေဂရီ-ဆီြဒင္၊ ယူကရိန္း-ဆာဘီးယား၊ ခ်က္- ဒိန္းမတ္ပြဲမ်ား ပါ၀င္သည္။

မၾကာမီက ကစားခဲ့ေသာ ကမၻာ့ဖလားေျခစစ္ပြဲေနာက္ဆံုး ပဲြစဥ္တြင္ အဂၤလန္က စေကာ့တလန္ကုိ ၃-၀ ဂုိးျဖင့္ အႏုိင္ရရိွခဲ့ကာ စပိန္ကမက္ဆီဒုိးနီးယားကိုေလးဂိုးျပတ္အႏုိင္ရရိွထား သည္။    

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version
အင်္ဂလန်အသင်းခေါင်း ဆောင် ရွန်းနေသည် ဝင်ဘလေ ကွင်းတွင် ကစားမည့် စပိန် နှင့် ခြေစမ်းပွဲ၌ မပါဝင်ဘဲ ဟန်ဒါဆင်က ဦးဆောင်မည်ဟု နည်းပြဆောက်သ်ဂိတ်က အတည်ပြု ပြောသည်။

ရွန်းနေသည် နိုဝင်ဘာ ၁၄ ရက်က အသင်းနှင့်လည်း လေ့ ကျင့်ခန်းမဆင်းခဲ့ပေ။

‘‘ကျွန်တော်ကလည်း ရွန်း နေကို ဒီပွဲမှာ ထည့်မကစားပါဘူး။ ဂျော်ဒန်ဟန်ဒါဆင်က အသင်း ခေါင်းဆောင်တာဝန်ယူပါလိမ့် မယ်’’ဟု ဆောက်သ်ဂိတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မိမိတို့တွင် အသင်း ခေါင်း ဆောင်တစ်ဦးတည်း မဟုတ်ဘဲ ခေါင်းဆောင်သုံး၊ လေးဦးရှိသည်ဟု ယုံကြည်ကြောင်း အင်္ဂလန်ယာယီနည်းပြက ပြောသည်။

အခြားစိတ်ဝင်စားစရာ နိုင်ငံတကာခြေစမ်းပွဲ များတွင် အီတလီ - ဂျာမနီ၊ မြောက်အိုင်ယာလန်- ခရိုအေးရှား၊ ဟန်ဂေရီ-ဆွီဒင်၊ ယူကရိန်း-ဆာဘီးယား၊ ချက်- ဒိန်းမတ်ပွဲများ ပါဝင်သည်။

မကြာမီက ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံး ပွဲစဉ်တွင် အင်္ဂလန်က စကော့တလန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ စပိန်ကမက်ဆီဒိုးနီးယားကိုလေးဂိုးပြတ်အနိုင်ရရှိထား သည်။    


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top