Property Expo
×


အမ်ိဳးသားဒီမိုကေရစီအ ဖြဲ႕ခ်ဳပ္ (ဒီခ်ဳပ္) သည္ ၎၏ ဦးေဆာင္မႈမရွိဘဲ တည္တည္ၿငိမ္ ၿငိမ္ရပ္တည္ႏုိင္ေၾကာင္း ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္သည္။


ဂ်ပန္ႏုိင္ငံသို႔ ေရာက္ရွိေန ေသာ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ႏိုဝင္ဘာ ၄ ရက္က တုိက်ိဳ ၿမိဳ႕တြင္ ျပဳလုပ္ေသာ သတင္းမီဒီ ယာမ်ားႏွင့္ ေတြ႕ဆံုပြဲ၌ ယင္းသို႔ ေျပာၾကားျခင္းျဖစ္သည္။

‘‘မၾကာခဏ ဒီေမးခြန္းကို ကြၽန္မ အေမးခံရပါတယ္။ ကြၽန္မ မရွိရင္ အင္န္အယ္လ္ဒီဘာျဖစ္ မလဲေပါ့။ အင္န္အယ္လ္ဒီကို ဦးေဆာင္ႏုိင္မယ့္သူမရွိဘူးေပါ့။ ကြၽန္မ ဒါကို သေဘာမတူပါဘူး’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ဒီခ်ဳပ္ပါတီသည္ ၎မရွိ လွ်င္လည္း တည္တည္ၿငိမ္ၿငိမ္ရပ္ တည္ႏုိင္ေၾကာင္းႏွင့္ ၎မရွိပါက ဒီခ်ဳပ္ကို ဦးေဆာင္မည့္သူမရွိ ႏုိင္ေၾကာင္း ေျပာဆုိသည့္ အယူ အဆကို သေဘာမတူေၾကာင္း တိုက်ိဳၿမိဳ႕ရွိ Japan National Press Club တြင္ ျပဳလုပ္သည့္ အဆုိပါေတြ႕ဆံုပြဲ၌ ေဒၚေအာင္ ဆန္းစုၾကည္က ေျပာၾကားခဲ့ သည္။

ေဒၚေအာင္ဆန္းစုၾကည္က ဒီခ်ဳပ္တြင္ အေရးသာေနျခင္း သည္ အဂၤလိပ္ဘာသာစကားကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာဆို တတ္ျခင္းေၾကာင့္ျဖစ္သည္ဟု အာဏာရပါတီအတြင္း ၎၏ အေရးပါလွသည့္ အခန္းက႑ကို ႏွိမ့္ခ်စြာ ေျပာဆုိခဲ့သည္။

ပါတီတြင္ လုပ္ရည္ကိုင္ရည္ ရွိေသာသူမ်ားရွိေနၿပီး ၎တုိ႔ သည္ ႏုိင္ငံျခားဘာသာစကား ေျပာဆိုရာတြင္ ေနသားတက်မရွိ ျခင္းသာျဖစ္ေၾကာင္းႏွင့္ အထင္ မေသးၾကရန္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

‘‘သူတုိ႔ကို အထင္မေသးပါနဲ႔ ကြၽန္မတစ္ေယာက္တည္းဆို ၿပီးခဲ့ တဲ့ ေရြးေကာက္ပြဲကို မႏုိင္ပါဘူး။ အဲဒီေတာ့ ကြၽန္မရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အင္န္အယ္လ္ဒီ ပါတီဟာ ကြၽန္မတုိ႔ ခ်မွတ္ထားတဲ့ မူဝါဒေတြနဲ႔ ေရွ႕ဆက္သြားႏိုင္ မယ္ဆုိတာ ေသခ်ာပါတယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆုိ သည္။

ႏုိင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ဒီခ်ဳပ္ ပါတီတြင္ အဆင့္ဆင့္ေသာ ေခါင္းေဆာင္မႈမ်ားကို တည္ေဆာက္ႏုိင္ မွသာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မႈမရွိဘဲ ဆက္လက္ရပ္ တည္ႏုိင္မည္ဟု သံုးသပ္သည္။

‘‘သူ (ေဒၚေအာင္ဆန္းစု ၾကည္)ေျပာသလိုမ်ိဳး သူမရွိလုိ႔ရွိ ရင္ ပါတီအေနနဲ႔ ဆက္လက္ရပ္ တည္ႏုိင္ဖို႔ဆုိရင္ ပါတီဖြဲ႕စည္းပံု စည္းမ်ဥ္းကို ျပင္ဖို႔လိုတယ္။ ပါတီကို စနစ္တက် ဒီမိုကေရစီနည္းက် တည္ေဆာက္ဖို႔လိုတယ္။ ပါတီ မွာ အဆင့္ဆင့္ ေခါင္းေဆာင္မႈ ေတြကို တည္ေဆာက္ႏိုင္ဖို႔လို တယ္။ အဲဒီလိုျပင္ဆင္လုပ္ ေဆာင္ၿပီးၿပီဆုိရင္ေတာ့ ပါတီအ ေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္မရွိ လည္း ဆက္ၿပီးရပ္တည္ႏုိင္မယ့္ အေနအထားကို ရႏုိင္မယ္လို႔ ျမင္ တယ္’’ဟု ေဒါက္တာရန္မ်ိဳးသိမ္း က ဆုိသည္။

ၿပီးခဲ့သည့္ ၂၀၁၅ အေထြ ေထြေရြးေကာက္ပြဲတြင္ ဒီခ်ဳပ္အ ႏုိင္ရၿပီးေနာက္ အစိုးရဖြဲ႕သည့္အ ခါ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစု ၾကည္သည္ အစိုးရအဖြဲ႕ဝင္ျဖစ္ သြား၍ ဖြဲ႕စည္းပံုအေျခခံဥပေဒ အရ ပါတီလုပ္ငန္းမ်ားကို ဝင္ ေရာက္လုပ္ကိုင္ခြင့္မရေတာ့ေပ။

ထိုအခ်ိန္တြင္ ေဒၚေအာင္ ဆန္းစုၾကည္သည္ ၎ကိုယ္စား ပါတီကို ဦးေဆာင္ႏုိင္ရန္ ပါတီဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္မ်ားအနက္ ငါးဦးကို ေရြးခ်ယ္ကာ ပါတီဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕၏ အတြင္းေရးမွဴး အဖြဲ႕ကို ဖြဲ႕စည္းခဲ့သည္။

အဆုိပါ ငါးဦးသည္ ဒီခ်ဳပ္တြင္ ဝါရင့္ႏုိင္ငံေရးသမားမ်ားျဖစ္ၾကသည့္ ဦးဝင္းထိန္၊ ဦးဉာဏ္ဝင္း၊ဦးဟံသာျမင့္၊ ဦးဝင္းျမင့္ (ျပည္သူ႔ လႊတ္ေတာ္ဥကၠ႒)၊ ေဒါက္တာ ေဇာ္ျမင့္ေမာင္ (မႏၲေလးတုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္)တို႔ ပါဝင္ ၾကသည္။

ဒီခ်ဳပ္သည္ ပါတီသက္တမ္း (၂၈)ႏွစ္ျပည့္ၿပီျဖစ္ကာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့သည့္ ေရြးေကာက္ပြဲ မ်ားျဖစ္ေသာ ၁၉၉၀ အေထြေထြ ေရြးေကာက္ပြဲ၊ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲႏွင့္ ၂၀၁၅ အေထြ ေထြေရြးေကာက္ပြဲတုိ႔၌ အႏုိင္ရ ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (ဒီချုပ်) သည် ၎င်း၏ ဦးဆောင်မှုမရှိဘဲ တည်တည်ငြိမ် ငြိမ်ရပ်တည်နိုင်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။


ဂျပန်နိုင်ငံသို့ ရောက်ရှိနေ သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၄ ရက်က တိုကျို မြို့တွင် ပြုလုပ်သော သတင်းမီဒီ ယာများနှင့် တွေ့ဆုံပွဲ၌ ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘မကြာခဏ ဒီမေးခွန်းကို ကျွန်မ အမေးခံရပါတယ်။ ကျွန်မ မရှိရင် အင်န်အယ်လ်ဒီဘာဖြစ် မလဲပေါ့။ အင်န်အယ်လ်ဒီကို ဦးဆောင်နိုင်မယ့်သူမရှိဘူးပေါ့။ ကျွန်မ ဒါကို သဘောမတူပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီချုပ်ပါတီသည် ၎င်းမရှိ လျှင်လည်း တည်တည်ငြိမ်ငြိမ်ရပ် တည်နိုင်ကြောင်းနှင့် ၎င်းမရှိပါက ဒီချုပ်ကို ဦးဆောင်မည့်သူမရှိ နိုင်ကြောင်း ပြောဆိုသည့် အယူ အဆကို သဘောမတူကြောင်း တိုကျိုမြို့ရှိ Japan National Press Club တွင် ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲ၌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ်တွင် အရေးသာနေခြင်း သည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို တတ်ခြင်းကြောင့်ဖြစ်သည်ဟု အာဏာရပါတီအတွင်း ၎င်း၏ အရေးပါလှသည့် အခန်းကဏ္ဍကို နှိမ့်ချစွာ ပြောဆိုခဲ့သည်။

ပါတီတွင် လုပ်ရည်ကိုင်ရည် ရှိသောသူများရှိနေပြီး ၎င်းတို့ သည် နိုင်ငံခြားဘာသာစကား ပြောဆိုရာတွင် နေသားတကျမရှိ ခြင်းသာဖြစ်ကြောင်းနှင့် အထင် မသေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘သူတို့ကို အထင်မသေးပါနဲ့ ကျွန်မတစ်ယောက်တည်းဆို ပြီးခဲ့ တဲ့ ရွေးကောက်ပွဲကို မနိုင်ပါဘူး။ အဲဒီတော့ ကျွန်မရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်န်အယ်လ်ဒီ ပါတီဟာ ကျွန်မတို့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ရှေ့ဆက်သွားနိုင် မယ်ဆိုတာ သေချာပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဒီချုပ် ပါတီတွင် အဆင့်ဆင့်သော ခေါင်းဆောင်မှုများကို တည်ဆောက်နိုင် မှသာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုမရှိဘဲ ဆက်လက်ရပ် တည်နိုင်မည်ဟု သုံးသပ်သည်။

‘‘သူ (ဒေါ်အောင်ဆန်းစု ကြည်)ပြောသလိုမျိုး သူမရှိလို့ရှိ ရင် ပါတီအနေနဲ့ ဆက်လက်ရပ် တည်နိုင်ဖို့ဆိုရင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းကို ပြင်ဖို့လိုတယ်။ ပါတီကို စနစ်တကျ ဒီမိုကရေစီနည်းကျ တည်ဆောက်ဖို့လိုတယ်။ ပါတီ မှာ အဆင့်ဆင့် ခေါင်းဆောင်မှု တွေကို တည်ဆောက်နိုင်ဖို့လို တယ်။ အဲဒီလိုပြင်ဆင်လုပ် ဆောင်ပြီးပြီဆိုရင်တော့ ပါတီအ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်မရှိ လည်း ဆက်ပြီးရပ်တည်နိုင်မယ့် အနေအထားကို ရနိုင်မယ်လို့ မြင် တယ်’’ဟု ဒေါက်တာရန်မျိုးသိမ်း က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ဒီချုပ်အ နိုင်ရပြီးနောက် အစိုးရဖွဲ့သည့်အ ခါ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် အစိုးရအဖွဲ့ဝင်ဖြစ် သွား၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပါတီလုပ်ငန်းများကို ဝင် ရောက်လုပ်ကိုင်ခွင့်မရတော့ပေ။

ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ၎င်းကိုယ်စား ပါတီကို ဦးဆောင်နိုင်ရန် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအနက် ငါးဦးကို ရွေးချယ်ကာ ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ ငါးဦးသည် ဒီချုပ်တွင် ဝါရင့်နိုင်ငံရေးသမားများဖြစ်ကြသည့် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ဦးဟံသာမြင့်၊ ဦးဝင်းမြင့် (ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ)၊ ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်)တို့ ပါဝင် ကြသည်။

ဒီချုပ်သည် ပါတီသက်တမ်း (၂၈)နှစ်ပြည့်ပြီဖြစ်ကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲ များဖြစ်သော ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတို့၌ အနိုင်ရ ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top