Property Expo
×

စံုတြဲတတြဲဟာ ညအခ်ိန္ ဟိုတယ္ေရကူးကန္ထဲ ေရဆင္းကူးခ်ိန္မွာ အရွည္ ၆ ေပ ရွိတဲ့ မိေက်ာင္းတေကာင္တုိုက္ခိုက္ခံခဲ့ရပါတယ္။
အဲဒီအျဖစ္အပ်က္ကုိ စီစီတီဗြီကင္မရာမွတဆင့္ ဖမ္းယူရရွိခဲ့တာျဖစ္ၿပီး မိေက်ာင္းဟာ တြားသြားေနရာမွတဆင့္ ဘြားကနဲေပၚလာခဲ့ကာ ႐ုတ္တရက္ပဲ သူတို႔ ၂ ဦးဆီ ဦးတည္ တိုက္ခိုက္ဖို႔ ေျပး၀င္သြားခဲ့တာကို ေတြ႔ရပါတယ္။

အဲဒီအခ်ိန္မွာ စံုတြဲထဲမွ အမ်ိဳးသားကေတာ့ ေရကူးကန္ေဘာင္ေပၚကို အလ်င္အ ျမန္လွမ္းခုန္တက္ႏိုင္ခဲ့ေပမယ့္ အမ်ိဳးသမီးကေတာ့ ႐ုတ္တရက္ မတက္ႏိုင္ေသးပဲ ရွိေနခဲ့တာပါ။

မိေက်ာင္းႀကီးဟာ ေရကန္ရဲ႕ တဖက္ျခမ္းဆီ ကူးခပ္ေနခ်ိန္မွာေတာ့ အမ်ိဳးသမီးက ကန္ေဘာင္ေပၚကို ကုတ္တြယ္ဖက္တက္ခဲ့ၿပီး လြတ္ေျမာက္သြားခဲ့ပါတယ္။

မိေက်ာင္းႀကီးကေတာ့ ေရထဲမွာ က်န္ေနခဲ့တာကို ေတြ႔ရၿပီး သူတို႔စံုတြဲကေတာ့ လမ္းေလွ်ာက္သြားခဲ့တာကို ရုပ္သံဗြီဒီယိုဖိုင္ထဲမွာ ေတြ႔ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ေအာက္တုိဘာလ ၂၈ ရက္ေန႔က ဇင္ဘာေဘြႏိုင္ငံ၊ ကရီဘာ ၿမိဳ႕မွ ဟိုတယ္တခုမွာ ျဖစ္ခဲ့တာျဖစ္ၿပီး သူတို႔စံုတြဲဟာ ထိခိုက္ဒဏ္ရာရရွိသြားတာမ်ိဳး ရွိမ ရွိကိုေတာ့ မသိရဘူးလုိ႔ ဆိုပါတယ္။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ယူက်ဳဘ္အင္တာနက္စာမ်က္ႏွာေပၚမွတဆင့္ မွ်ေ၀ခဲ့ခ်ိန္မွာေတာ့ ၀င္ေရာက္ၾကည့္ရႈသူေတြ ေထာင္နဲ႔ခ်ီၿပီး ရွိေနခဲ့တယ္လို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့လ အေစာပိုင္းတုန္းကလည္း ၾသစေၾတးလ်အေနာက္ပိုင္းမွာ အသက္ ၁၄ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္တဦးဟာ မိဘေတြနဲ႔အတူ ေရကူးေနခ်ိန္မွာ မိေက်ာင္းတ ေကာင္က တိုက္ခိုက္တာ ခံခဲ့ရပါေသးတယ္။

မိေက်ာင္းကိုက္ခံရတဲ့အတြက္ သူ႕ရဲ႕ မ်က္ခံုးနဲ႔ အစာအိမ္မွာ ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့ၿပီးေနာက္ ေဆးကုသခံခဲ့ရတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
စုံတွဲတတွဲဟာ ညအချိန် ဟိုတယ်ရေကူးကန်ထဲ ရေဆင်းကူးချိန်မှာ အရှည် ၆ ပေ ရှိတဲ့ မိကျောင်းတကောင်တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်ကို စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာဖြစ်ပြီး မိကျောင်းဟာ တွားသွားနေရာမှတဆင့် ဘွားကနဲပေါ်လာခဲ့ကာ ရုတ်တရက်ပဲ သူတို့ ၂ ဦးဆီ ဦးတည် တိုက်ခိုက်ဖို့ ပြေးဝင်သွားခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာ စုံတွဲထဲမှ အမျိုးသားကတော့ ရေကူးကန်ဘောင်ပေါ်ကို အလျင်အ မြန်လှမ်းခုန်တက်နိုင်ခဲ့ပေမယ့် အမျိုးသမီးကတော့ ရုတ်တရက် မတက်နိုင်သေးပဲ ရှိနေခဲ့တာပါ။

မိကျောင်းကြီးဟာ ရေကန်ရဲ့ တဖက်ခြမ်းဆီ ကူးခပ်နေချိန်မှာတော့ အမျိုးသမီးက ကန်ဘောင်ပေါ်ကို ကုတ်တွယ်ဖက်တက်ခဲ့ပြီး လွတ်မြောက်သွားခဲ့ပါတယ်။

မိကျောင်းကြီးကတော့ ရေထဲမှာ ကျန်နေခဲ့တာကို တွေ့ရပြီး သူတို့စုံတွဲကတော့ လမ်းလျှောက်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ အောက်တိုဘာလ ၂၈ ရက်နေ့က ဇင်ဘာဘွေနိုင်ငံ၊ ကရီဘာ မြို့မှ ဟိုတယ်တခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူတို့စုံတွဲဟာ ထိခိုက်ဒဏ်ရာရရှိသွားတာမျိုး ရှိမ ရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုသူတွေ ထောင်နဲ့ချီပြီး ရှိနေခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လ အစောပိုင်းတုန်းကလည်း သြစတြေးလျအနောက်ပိုင်းမှာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တဦးဟာ မိဘတွေနဲ့အတူ ရေကူးနေချိန်မှာ မိကျောင်းတ ကောင်က တိုက်ခိုက်တာ ခံခဲ့ရပါသေးတယ်။

မိကျောင်းကိုက်ခံရတဲ့အတွက် သူ့ရဲ့ မျက်ခုံးနဲ့ အစာအိမ်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီးနောက် ဆေးကုသခံခဲ့ရတာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top