Property Expo
×

၁ - ပုံမှန်မဟုတ်


၂ - စကား


၃ - အန်တယ်


၎ - အနားကလူ


၅ - ပိုဆိုးလာတယ်


Credit:Duwun

Unicode Version

၁ - ပုံမှန်မဟုတ်

ခေါင်းကို ထိခိုက်မိသွားလို့ သင်က ပုံမှန်ပဲလို့ ထင်ပေမဲ့ အခြားလူတွေက တစ်ခုခု ဖြစ်နေတယ်လို့ ထင်တာပါ။ သင်စကားပြောတဲ့ ပုံ၊ လူတွေနဲ့ ဆက်ဆံပုံက တစ်မျိုး ဖြစ်နေပါတယ်။

၂ - စကား

ပုံမှန်စကားပြောဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ မေးခွန်းတွေဖြေတဲ့အခါ ကြန့်ကြာနေပါတယ်။ သင့်ဦးနှောက် အလုပ်လုပ်မှုဟာ သာမန်ထက် နှေးကွေးနေတာ ဖြစ်ပါတယ်။

၃ - အန်တယ်

ခေါင်းကို ထိခိုက်ပြီးတဲ့အခါ မူးနောက်တာဟာ သာမန်ဖြစ်ပေမဲ့ ခဏခဏ အန်နေတယ်ဆိုရင်တော့ သာမန်မဟုတ်တော့ပါဘူး။

၄ - အနားကလူ

ခေါင်းကို ထိခိုက်မိပြီး မေ့သွားလို့ ဆရာဝန်ဆီသွားတဲ့အခါ အဖြစ်အပျက်ကို မြင်တဲ့လူပါ ခေါ်သွားပါ။ ဘယ်လိုဖြစ်တယ်ဆိုတာကို တိတိကျကျ ပြောပြနိုင်တော့ ပိုကောင်းပါတယ်။

၅ - ပိုဆိုးလာတယ်

ခေါင်းမူးတာ၊ ရှုပ်ထွေးတာ၊ နေရထိုင်ရတာ မသက်မသာဖြစ်တာတွေဟာ သာမန်ဖြစ်ပေမဲ့ ဒီလက္ခဏာတွေ ပိုဆိုးလာဆိုရင်တော့ ဂရုစိုက်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top