Property Expo
×

 ပါးစပ္မွာ ဘက္တီးရီးယားပိုးေပါင္း 500 ေက်ာ္ေတာင္ရွိေနႏိုင္တဲ့အတြက္ ပါးစပ္ကို ဘက္တီးရီးယားေတြရဲ႕ အသိုက္အျမံဳလို႔ေတာင္ေခၚလို႔ရပါတယ္။ ယင္းဘက္တီးရီးယားပိုးေတြက အစာအႂကြင္းအက်န္ေတြကိုၿဖိဳခြဲေပးၿပီး ၾကက္ဥပုပ္နံ႔နဲ႔တူတဲ့ ဆာလဖာျဒပ္ေပါင္းကိုထုတ္ေပးပါတယ္။ ဆလဖာျဒပ္ေပါင္းဟာ ေသြးေၾကာ၊ အဆုတ္နဲ႔ ေခၽြးေပါက္ေတြဆီေရာက္သြားၿပီး ခႏၶာကိုယ္အန႔ံထြက္ေပၚလာတာပါ။ ဒါေၾကာင့္ ခႏၶာကိုယ္အန႔ံအသက္ဟာ စားေသာက္တဲ့အစားအစာနဲ႔သက္ဆုိင္ပါတယ္။ အခ်ိဳ႕ေသာ အစားအစာေတြက ဘက္တီးရီးယားပိုးပြားမ်ားမႈကို လႈ႔ံေဆာ္ေပးပါတယ္။

ႏို႔ထြက္ပစၥည္းမ်ား၊ အသား၊ ငါး စတဲ့ပ႐ိုတင္းပါ၀င္မႈမ်ားတဲ့အစာေတြ၊ ခံတြင္းေျခာက္ေစတဲ့ အရက္၊ စီးကရက္ေတြက ဘက္တီးရီးယားပိုးရွင္သန္ေစဖုိ႔ အားေပးေစႏုိင္သလို ေကာ္ဖီ၊ အခ်ိဳဓာတ္ကဲအစားအစာေတြကလည္း ဘက္တီးရီးယားပိုးေပါက္ပြားမႈကိုတုိးပြာေစပါတယ္။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴမွာ ပင္ကိုဆာလဖာျဒပ္ေပါင္းပါၿပီးသားပါ။ ဘက္တီးရီးယားပိုးေတြ ပိုေပါက္ပြားေလ ဆာလဖာျဒပ္ေပါင္းပိုထုတ္ႏိုင္ေလျဖစ္ၿပီး ကိုယ္အနံ႔ဆိုးထြက္ေစႏုိင္တာေၾကာင့္ ဘက္တီးရီးယားပိုးမႊားမ်ားကိုအားမေပးတဲ့ ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံကို မ်ားမ်ားစားေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

 ပါးစပ်မှာ ဘက်တီးရီးယားပိုးပေါင်း 500 ကျော်တောင်ရှိနေနိုင်တဲ့အတွက် ပါးစပ်ကို ဘက်တီးရီးယားတွေရဲ့ အသိုက်အမြုံလို့တောင်ခေါ်လို့ရပါတယ်။ ယင်းဘက်တီးရီးယားပိုးတွေက အစာအကြွင်းအကျန်တွေကိုဖြိုခွဲပေးပြီး ကြက်ဥပုပ်နံ့နဲ့တူတဲ့ ဆာလဖာဒြပ်ပေါင်းကိုထုတ်ပေးပါတယ်။ ဆလဖာဒြပ်ပေါင်းဟာ သွေးကြော၊ အဆုတ်နဲ့ ချွေးပေါက်တွေဆီရောက်သွားပြီး ခန္ဓာကိုယ်အနံ့ထွက်ပေါ်လာတာပါ။ ဒါကြောင့် ခန္ဓာကိုယ်အနံ့အသက်ဟာ စားသောက်တဲ့အစားအစာနဲ့သက်ဆိုင်ပါတယ်။ အချို့သော အစားအစာတွေက ဘက်တီးရီးယားပိုးပွားများမှုကို လှုံ့ဆော်ပေးပါတယ်။

နို့ထွက်ပစ္စည်းများ၊ အသား၊ ငါး စတဲ့ပရိုတင်းပါဝင်မှုများတဲ့အစာတွေ၊ ခံတွင်းခြောက်စေတဲ့ အရက်၊ စီးကရက်တွေက ဘက်တီးရီးယားပိုးရှင်သန်စေဖို့ အားပေးစေနိုင်သလို ကော်ဖီ၊ အချိုဓာတ်ကဲအစားအစာတွေကလည်း ဘက်တီးရီးယားပိုးပေါက်ပွားမှုကိုတိုးပွာစေပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူမှာ ပင်ကိုဆာလဖာဒြပ်ပေါင်းပါပြီးသားပါ။ ဘက်တီးရီးယားပိုးတွေ ပိုပေါက်ပွားလေ ဆာလဖာဒြပ်ပေါင်းပိုထုတ်နိုင်လေဖြစ်ပြီး ကိုယ်အနံ့ဆိုးထွက်စေနိုင်တာကြောင့် ဘက်တီးရီးယားပိုးမွှားများကိုအားမပေးတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကို များများစားပေးသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top