Kantharyar Centre
×

အေမရိကန္ ျပည္ေထာင္စုမွာ သမၼတ အျဖစ္ ေရြးေကာက္ ခံထားရတဲ့ ေဒၚနယ္ထရမ့္ အေနနဲ႔ သူ တကယ္တမ္း ရာထူး ေနရာကို လႊဲေျပာင္း ရယူၿပီးရင္ ေရြးေကာက္ပြဲတုန္းက ခါးသည္းတဲ့ ၿပိဳင္ဘက္ ျဖစ္ခဲ့တဲ့ ဟီလာရီ ကလင္တန္ နိုင္ငံျခားေရး ဝန္ႀကီးဘဝ တုန္းက အစိုးရ ႐ုံးကိစၥ အတြက္ စာေပးစာယူ ေတြကို ကိုယ္ပိုင္ အီးေမးလ္ ကေန အသုံးျပဳခဲ့တဲ့ အေပၚ စုံစမ္း စစ္ေဆးမွု ေတြ ထပ္မံ ျပဳလုပ္ဖို႔ ဖိအားေပးမွာ မဟုတ္ဘူး ဆိုၿပီး ထရမ့္ရဲ့ ေျပာခြင့္ရ ပုဂၢိဳလ္က အေမရိကန္ ျပည္တြင္း မီဒီယာေတြကို ေျပာပါတယ္။

ေရြးေကာက္ပြဲႀကိဳ မဲဆြယ္ ကာလေတြ တုန္းကေတာ့ ထရမ့္က သူသာ သမၼတ ျဖစ္လာရင္ မစၥစ္ ကလင္တန္ရဲ့ အီးေမးလ္ အရွုပ္ေတာ္ပုံကို စုံစမ္းဖို႔ အစိုးရ အမွုလိုက္ အထူး ေရွ႕ေန တစ္ေယာက္ ခန္႔ထားမယ္လို႔ ကတိကဝတ္ ေတြ ေပးခဲ့ၿပီး၊ မစၥစ္ ကလင္တန္ဟာ ေထာင္ဒဏ္ေပး အက်ဥ္းခ် ထားသင့္တယ္သူ ျဖစ္တယ္ လို႔လည္း မစၥတာ ထရမ့္က ေျပာဆို ခဲ့ပါတယ္။

မစၥစ္ ကလင္တန္ အေနနဲ႔ သူ႔ အေပၚ အေမရိကန္ ျပည္သူ အမ်ားစုက ယုံၾကည္ စိတ္ခ်ဖြယ္ ေကာင္းသူ အျဖစ္ မမွတ္ယူၾကတဲ့ အခ်က္ အေပၚ မ်က္ေမွာက္ ျပဳ လက္ခံရမွာ ျဖစ္ၿပီး၊ ဒီလို ခက္ခဲတဲ့ အခ်ိန္မွာ မစၥစ္ ကလင္တန္ကို မစၥတာ ထရမ့္ ဘက္က တတ္နိုင္သမၽွ ကုညီ ေဖးမ သြားလိုပါတယ္ ဆိုၿပီး ထရမ့္ရဲ့ ေျပာခြင့္ရ ကယ္လီယန္း ေကာ္န္ေဝး က ေျပာပါတယ္။

ေရြးေကာက္ပြဲရက္ မတိုင္ခင္ေလးမွာပဲ အေမရိကန္ ေထာက္လွမ္းေရး အဖြဲ႕ FBI က သူတို႔ ထပ္မံ ဆန္းစစ္ ခဲ့တဲ့ အီးေမးလ္ေတြမွာ မစၥစ္ ကလင္တန္ အေနနဲ႔ ရာဇဝတ္မွု ေျမာက္တဲ့ ျပစ္မွု တစုံတရာ က်ဳးလြန္ထားတဲ့ အေထာက္အထား မေတြ႕ရဘူး ဆိုၿပီး ေၾကညာ ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

Unicode Version

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အဖြစ် ရွေးကောက် ခံထားရတဲ့ ဒေါ်နယ်ထရမ့် အနေနဲ့ သူ တကယ်တမ်း ရာထူး နေရာကို လွှဲပြောင်း ရယူပြီးရင် ရွေးကောက်ပွဲတုန်းက ခါးသည်းတဲ့ ပြိုင်ဘက် ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီးဘဝ တုန်းက အစိုးရ ရုံးကိစ္စ အတွက် စာပေးစာယူ တွေကို ကိုယ်ပိုင် အီးမေးလ် ကနေ အသုံးပြုခဲ့တဲ့ အပေါ် စုံစမ်း စစ်ဆေးမှု တွေ ထပ်မံ ပြုလုပ်ဖို့ ဖိအားပေးမှာ မဟုတ်ဘူး ဆိုပြီး ထရမ့်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က အမေရိကန် ပြည်တွင်း မီဒီယာတွေကို ပြောပါတယ်။

ရွေးကောက်ပွဲကြို မဲဆွယ် ကာလတွေ တုန်းကတော့ ထရမ့်က သူသာ သမ္မတ ဖြစ်လာရင် မစ္စစ် ကလင်တန်ရဲ့ အီးမေးလ် အရှုပ်တော်ပုံကို စုံစမ်းဖို့ အစိုးရ အမှုလိုက် အထူး ရှေ့နေ တစ်ယောက် ခန့်ထားမယ်လို့ ကတိကဝတ် တွေ ပေးခဲ့ပြီး၊ မစ္စစ် ကလင်တန်ဟာ ထောင်ဒဏ်ပေး အကျဉ်းချ ထားသင့်တယ်သူ ဖြစ်တယ် လို့လည်း မစ္စတာ ထရမ့်က ပြောဆို ခဲ့ပါတယ်။

မစ္စစ် ကလင်တန် အနေနဲ့ သူ့ အပေါ် အမေရိကန် ပြည်သူ အများစုက ယုံကြည် စိတ်ချဖွယ် ကောင်းသူ အဖြစ် မမှတ်ယူကြတဲ့ အချက် အပေါ် မျက်မှောက် ပြု လက်ခံရမှာ ဖြစ်ပြီး၊ ဒီလို ခက်ခဲတဲ့ အချိန်မှာ မစ္စစ် ကလင်တန်ကို မစ္စတာ ထရမ့် ဘက်က တတ်နိုင်သမျှ ကုညီ ဖေးမ သွားလိုပါတယ် ဆိုပြီး ထရမ့်ရဲ့ ပြောခွင့်ရ ကယ်လီယန်း ကော်န်ဝေး က ပြောပါတယ်။

ရွေးကောက်ပွဲရက် မတိုင်ခင်လေးမှာပဲ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI က သူတို့ ထပ်မံ ဆန်းစစ် ခဲ့တဲ့ အီးမေးလ်တွေမှာ မစ္စစ် ကလင်တန် အနေနဲ့ ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှု တစုံတရာ ကျုးလွန်ထားတဲ့ အထောက်အထား မတွေ့ရဘူး ဆိုပြီး ကြေညာ ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top