Property Expo
×

ပ႐ုိတိန္းဓာတ္ႂကြယ္၀စြာပါ၀င္ေသာ အစားအစာမ်ားက က်န္း မာေရးအတြက္ အက်ိဳးျပဳၿပီး ဇီ၀ျဖစ္စဥ္ကုိ အားေကာင္းေစကာ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္ အေထာက္အကူျဖစ္ေစႏုိင္ေၾကာင္း
 ေလ့လာမႈအမ်ားအျပားက ေဖာ္ျပသည္။

သုိ႔ေသာ္ သက္ႀကီးရြယ္အိုအမ်ိဳးသမီးမ်ားအတြက္ ယင္းအစားအစာမ်ားက အေထာက္အကူျပဳျခင္းထက္ အႏၲရာယ္ပိုမ်ားႏုိင္ၿပီး အထူးသျဖင့္ အသားမွရေသာ ပ႐ုိတိန္းဓာတ္ေၾကာင့္ ႏွလံုးရပ္သြားႏုိင္သည့္ အႏၲရာယ္ျမင့္တက္လာေစႏုိင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

ႏွလံုးသည္ အျခားေသာ ကုိယ္အဂၤါအစိတ္အပုိင္းမ်ားကို ပံ့ပုိး ကူညီရန္ ခႏၶာကုိယ္တစ္၀ိုက္သုိ႔
 ေအာက္ဆီဂ်င္ႂကြယ္၀ေသာ ေသြး မ်ား လံုေလာက္စြာ မထုတ္ေပးႏုိင္ေတာ့သည့္အခ်ိန္၌ ရပ္ဆုိင္းမႈျဖစ္ေပၚေလ့ရွိသည္။

အေမရိကန္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC)စာရင္း မ်ားအရ အေမရိကန္ႏုိင္ငံသား အရြယ္ေရာက္ၿပီးသူ ၅ ဒသမ ၇ သန္းခန္႔ ႏွလံုးရပ္ဆုိင္းမႈႏွင့္ ႀကံဳေတြ႕ခဲ့ရၿပီး ၂၀၀၉ က လူေသဆံုးမႈ ကိုးခုတြင္ တစ္ခုမွာ ႏွလံုးရပ္ဆုိင္းမႈေၾကာင့္ျဖစ္သည္။

အဆီ၊ ကုိလက္စထေရာႏွင့္ ဆုိဒီယမ္ပမာဏျမင့္မားစြာပါ၀င္ ေသာ အစားအစာမ်ားစားျခင္းေၾကာင့္
 ႏွလံုးရပ္ဆုိင္းမႈျဖစ္ေပၚႏုိင္ သည့္ အႏၲရာယ္မ်ားျမင့္တက္လာေစႏုိင္သည္။ သိ႔ုေသာ္ ယခုေလ့ လာမႈအရ ပ႐ုိတိန္းဓာတ္ပါ၀င္မႈျမင့္မားေသာ အစားအစာမ်ားက အႏၲရာယ္ျဖစ္ေစႏုိင္ၿပီး အထူးသျဖင့္ သက္ႀကီးရြယ္အိုအမ်ိဳးသမီး မ်ား အႏၲရာယ္ပုိမ်ားေၾကာင္း သိရသည္။

ပ႐ုိတိန္္းဓာတ္ကုိ အသားမ်ား၊ ႏို႔ထြက္ပစၥည္းမ်ား၊ ပင္လယ္စာ၊ပဲေစ့မ်ား၊ အေစ့အဆန္မ်ားကဲ့သုိ႔ေသာ အစားအစာမ်ားတြင္ ေတြ႕ရၿပီး က်န္းမာေရး၊ ႂကြက္သားမ်ားႏွင့္ အသားအေရက်န္းမာေရးတို႔ အတြက္ မရိွမျဖစ္လိုအပ္ေသာ အာဟာရဓာတ္ျဖစ္သည္။

သုိ႔ေသာ္၂၀၁၄ က ေလ့လာမႈတစ္ရပ္၌ ပ႐ုိတိန္းျမင့္မားစြာ ပါ၀င္ေသာ အစားအစာမ်ား စားသံုးမႈႏွင့္ ကင္ဆာေရာဂါ၊ ဆီးခ်ဳိ ေရာဂါႏွင့္ ေသဆံုးမႈျဖစ္ေပၚေစႏုိင္ေသာ အေၾကာင္းရင္းမ်ား ျဖစ္ေပၚလာႏိုင္သည့္ အႏၲရာယ္ျမင့္မားလာေစႏုိင္ေၾကာင္း ေဖာ္ျပထား သည္။

တိရိစၧာန္အသားမ်ားမွရေသာ ပ႐ုိတိန္းဓာတ္က အပင္မွရေသာ ပ႐ုိတိန္းဓာတ္ထက္ပို၍ က်န္းမာေရးကို ထိခိုက္ေစႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

မူးေမာ္အားအင္ကုန္ခန္းျခင္း၊ အသက္႐ွဴရခက္ျခင္း၊ ၀မ္းဗုိက္နားတစ္၀ိုက္ ေရာင္ရမ္းၿပီး အေလးခ်ိန္ပိုလာျခင္း၊ ေျခေထာက္မ်ား ေရာင္ရမ္းျခင္းတုိ႔သည္ ႏွလံုးရပ္ဆုိင္းေတာ့မည့္ လကၡဏာမ်ား ျဖစ္ႏုိင္သည္။

ႏွလံုးအလုပ္မလုပ္ေသာ လူနာ ၅၀ ရာခိုင္ႏႈန္းခန္႔သည္ ေရာဂါစစ္ေဆးေတြ႕ရိွၿပီး ငါးႏွစ္အတြင္း အသက္ေသဆံုးသြားေလ့ရိွသည္။ 

   ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily                            

#Unicode Version
 ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်သော အစားအစာများက ကျန်း မာရေးအတွက် အကျိုးပြုပြီး ဇီဝဖြစ်စဉ်ကို အားကောင်းစေကာ ကိုယ်အလေးချိန်လျှော့ချရန် အထောက်အကူဖြစ်စေနိုင်ကြောင်း လေ့လာမှုအများအပြားက ဖော်ပြသည်။

သို့သော် သက်ကြီးရွယ်အိုအမျိုးသမီးများအတွက် ယင်းအစားအစာများက အထောက်အကူပြုခြင်းထက် အန္တရာယ်ပိုများနိုင်ပြီး အထူးသဖြင့် အသားမှရသော ပရိုတိန်းဓာတ်ကြောင့် နှလုံးရပ်သွားနိုင်သည့် အန္တရာယ်မြင့်တက်လာစေနိုင်ကြောင်း သုတေသီများကပြောသည်။


နှလုံးသည် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပံ့ပိုး ကူညီရန် ခန္ဓာကိုယ်တစ်ဝိုက်သို့ အောက်ဆီဂျင်ကြွယ်ဝသော သွေး များ လုံလောက်စွာ မထုတ်ပေးနိုင်တော့သည့်အချိန်၌ ရပ်ဆိုင်းမှုဖြစ်ပေါ်လေ့ရှိသည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)စာရင်း များအရ အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ၅ ဒသမ ၇ သန်းခန့် နှလုံးရပ်ဆိုင်းမှုနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၀၉ က လူသေဆုံးမှု ကိုးခုတွင် တစ်ခုမှာ နှလုံးရပ်ဆိုင်းမှုကြောင့်ဖြစ်သည်။

အဆီ၊ ကိုလက်စထရောနှင့် ဆိုဒီယမ်ပမာဏမြင့်မားစွာပါဝင် သော အစားအစာများစားခြင်းကြောင့် နှလုံးရပ်ဆိုင်းမှုဖြစ်ပေါ်နိုင် သည့် အန္တရာယ်များမြင့်တက်လာစေနိုင်သည်။ သိ့ုသော် ယခုလေ့ လာမှုအရ ပရိုတိန်းဓာတ်ပါဝင်မှုမြင့်မားသော အစားအစာများက အန္တရာယ်ဖြစ်စေနိုင်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုအမျိုးသမီး များ အန္တရာယ်ပိုများကြောင်း သိရသည်။

ပရိုတိန်းဓာတ်ကို အသားများ၊ နို့ထွက်ပစ္စည်းများ၊ ပင်လယ်စာ၊ပဲစေ့များ၊ အစေ့အဆန်များကဲ့သို့သော အစားအစာများတွင် တွေ့ရပြီး ကျန်းမာရေး၊ ကြွက်သားများနှင့် အသားအရေကျန်းမာရေးတို့ အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည်။

သို့သော်၂၀၁၄ က လေ့လာမှုတစ်ရပ်၌ ပရိုတိန်းမြင့်မားစွာ ပါဝင်သော အစားအစာများ စားသုံးမှုနှင့် ကင်ဆာရောဂါ၊ ဆီးချို ရောဂါနှင့် သေဆုံးမှုဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မြင့်မားလာစေနိုင်ကြောင်း ဖော်ပြထား သည်။

တိရိစ္ဆာန်အသားများမှရသော ပရိုတိန်းဓာတ်က အပင်မှရသော ပရိုတိန်းဓာတ်ထက်ပို၍ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

မူးမော်အားအင်ကုန်ခန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ ဝမ်းဗိုက်နားတစ်ဝိုက် ရောင်ရမ်းပြီး အလေးချိန်ပိုလာခြင်း၊ ခြေထောက်များ ရောင်ရမ်းခြင်းတို့သည် နှလုံးရပ်ဆိုင်းတော့မည့် လက္ခဏာများ ဖြစ်နိုင်သည်။

နှလုံးအလုပ်မလုပ်သော လူနာ ၅၀ ရာခိုင်နှုန်းခန့်သည် ရောဂါစစ်ဆေးတွေ့ရှိပြီး ငါးနှစ်အတွင်း အသက်သေဆုံးသွားလေ့ရှိသည်။  



   ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily            
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top