Property Expo
×

လူမွဳေရးအေဆာင္အအံုရဲ႕ အရိုးရွင္းဆံုးနဲ႕ အေျခခံအက်ဆံုး ဖြဲ႔စည္းမွဳတစ္ရပ္ သည္ အိမ္ေထာင္ ထူေထာင္ျခင္းပါပဲ ။ လူဆိုတာ ရွိေနသမွ်ကာလပတ္လံုး အိမ္ယာထူေထာင္ျခင္းဆိုတဲ႕ ေ၀ါဟာရ တစ္ခုကိုလည္း ခိုင္ေလးတို႔ ၾကားေနၾကရအံုးမွာပါ ။ လူေတြ ဘာေၾကာင္႕အိမ္ယာထူေထာင္ အိမ္ေထာင္ျပဳၾကသနည္း။
လူတိုင္းမွာ ရည္ရြယ္ခ်က္ အေၾကာင္းျပခ်က္တစ္ခုေတာ့ အခိုင္မာ ရွိၾကမွာပါ ။ ဘယ္လိုအေၾကာင္းျပခ်က္ ရည္ရြယ္ခ်က္ေၾကာင္႕ျဖစ္ပါေစ အိမ္ ေထာင္ဘ၀ ကို တည္ေထာင္လိုက္ၿပီဆိုတာနဲ႔ လူပ်ိဳ အပ်ိဳဘ၀ ေနခဲ႔ျပဳခဲ႕တဲ႔ လြပ္လြတ္ မွဳေတြကို အဆံုးသတ္ သင္႕တာေတြကို အဆံုးသတ္ပစ္လိုက္ရပါေတာ႔တယ္ ။ ဘ၀ႏွစ္ခုကို ေပါင္းစပ္ၾကတဲ႔ေနရာမွာ နားလည္မွဳဆိုတဲ႔ စကားေလးက သိပ္ကိုအေရးပါ အရာေရာက္ေစပါတယ္ ။ ဒီစကားေလးက “ လြယ္မေယာင္နဲ႔ ခက္ဆိုတဲ႔ “ ဆိုတဲ႔ စကားေလးလိုပါဘဲ ။

တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္သူဘ၀ထက္ ပိုၾကင္နာပါ ။ ပိုသစၥာရွိပါ ။ ဇနီးမယားေကာင္းတို႕မည္သည္ လင္ေယာက်ာ္းပင္ျဖစ္ပါေစ ေမာင္ ႀကီး ေမာင္ ငယ္ကဲ႔သို႕သေဘာထားကာ က်င္႕ႀကံေနထိုင္တတ္ၾကပါတယ္ ။ မန္လည္ဆရာေတာ္ ေရးသားေသာ မယေဒ၀လကၤာပိုဒ္ေရ (၂၉၆) တြင္
“ မိန္းမဟူသည္ ၊ ရုပ္ရည္အဆင္း
အခ်င္းဇာတိ ၊ ျပည္႕စံုရွိလ်က္
ဟီရိၾသတၱပ္ ၊ ထိန္းကြပ္ကိုယ္မွာ
တည္စပါက ၊ ရတနာတဆူ
ေျမာက္ကၽြန္းသူႏွင္႕ ၊ နတ္တူသမွ်
ဂုဏ္ထြန္းပ၏ ။ ။
ဟုေရးသားထားတာကို ဖတ္မွတ္ခဲ႕ဖူးပါတယ္။ အၾကင္လင္မယားဆိုသည္မွာ ဆိုးတူေကာင္းဖက္၊ ဘ၀ခရီးလမ္းကို အတူတကြ ေလွ်ာက္လွမ္းၾကေသာ ရဲေဖာ္ရဲဖက္ေတြဆိုရင္လည္း မမွားပါဘူး ။ အတူေနလာတဲ႔ ရက္ေတြမ်ား လာေလ ၿငီးေငြ႕လာေလဆိုတာမ်ိဳး လံုး၀ကိုမျဖစ္တန္ေကာင္းပါဘူး။ အတူေနတဲ႕ ရက္ေတြမ်ားလာေလေလ တစ္ေယာက္ကို တစ္ေယာက္ “ ပိုၿပီးနားလည္ခြင္႔လြတ္ တတ္လာရမယ္ “ ။ ခင္ပြန္းျဖစ္သူဟာ အိမ္ေထာင္စီးပြားေ၇းကို တိုးတက္ေအာင္ ေဆာင္ရြက္ရမွာ ျဖစ္သလို ၊ ဇနီးသည္အေနနဲ႕လည္း လင္ေယာက်ာ္းကို အေကာင္းဆံုး လမ္းညႊန္ေပးႏိုင္ရမယ္ ၊ ကိုင္တြယ္တတ္ရမယ္ ။

အလုပ္နဲ႔ ပတ္သတ္တာေတြကိုလည္း ၀င္ေရာက္ခ်ဳပ္ကိုင္ခ်ယ္လွယ္တာ မ်ိဳးေတြ မလုပ္မိေစဖို႕ အထူးသတိျပဳသင္႕ပါတယ္ ။ ေယာက်ာ္းတစ္ေယာက္ လုပ္ရမယ္႕ တာ၀န္ကို သူဘာသူ တာ၀န္ေက်ေအာင္ လုပ္တတ္ပါေစ ။ ေနရာတကာမွာ မိန္းမက ခ်ဳပ္ကိုင္ဆရာလုပ္ လြန္းျပန္ရင္လည္း မိမိတို႕ ခင္ပြန္းလင္ေယာက်ာ္းေတြမွာ ရွိေနတဲ႔ အိမ္ေထာင္ဦးစီးဆိုတဲ႔ အရည္ခ်င္းေတြ ေပ်ာက္ကြယ္ၿပီး ေနာက္လိုက္လံုးလံုးျဖစ္သြားတတ္ပါတယ္ ။ ေဘးကေန လမ္းညႊန္အႀကံေပးျခင္းမ်ိဳး ၊ ေဆြးေႏြးတိုင္ပင္ ေထာက္ျပျခင္း မ်ိဳးေတြကို ျပဳလုပ္ေပးျခင္းက မိမိခင္ပြန္းသည္ကို အမွန္တကယ္ ကူ ညီျခင္းစစ္မွန္ေစပါတယ္ ။

အိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ားအေနျဖစ္လည္း ပညာေတြ ဘယ္ေလာက္ဘဲ တတ္ေနပါေစ ၊ ဥစၥာေတြ ဘယ္ေလာက္ခ်မ္းသာေနပါေစ မိမိတို႕ ခ်က္ေပးေသာ ျပင္ေသာထမင္း၀ိုင္းကိုသာ မိမိတို႕ ခင္ပြန္းသည္ေတြက မက္ေမာတတ္ၾကတယ္ဆိုတာကို မေမ႔ေစခ်င္ပါဘူး ။ အိမ္ေထာင္ရွင္မတစ္ေယာက္ တာ၀န္ေတြကို လိုေလးေသးမရွိေအာင္ ထိန္းသိမ္းဖို႕ကို မေမ႔ၾကေစခ်င္ပါဘူး ။ ခုေခတ္မွာ ေယာက်ာ္းေတြနဲ႔ ရင္ေဘာင္တန္းကာ စီးပြားရွာေနၾကတာမို႕ အိမ္ေထာင္တာ၀န္ေတြကို လစ္လွ်င္ရွဴေနရတဲ႔ အိမ္ေထာင္ရွင္မေတြ အမ်ားျပားရွိေနၾကပါတယ္ ။ တူတူ အလုပ္ခြင္မွာ ပင္ပမ္းၾကတယ္ဆိုတာေပမယ္႕ မိမိခင္ပြန္းသည္တာ၀န္ေတြကိုေတာ႕ မိမိကိုယ္တိုင္လုပ္ေပးျပဳစုျခင္းက အိမ္ေထာင္ေရးမွာ ျဖစ္ေပၚေစတတ္တဲ႔ ေဖာက္ျပန္ျခင္းဆိုတဲ႔ ရန္သူကို ကာကြယ္ဖို႕ အေကာင္းဆံုးလက္နက္တစ္ခုပါပဲ ။
အိမ္ေထာင္ေရးမွာ ရွိတတ္တဲ႔ ျပသနာေလးေတြ မ်ားစြာရွိပါတယ္ ။

နံပတ္ ( ၁ ) …. အိမ္အသံုးစရိတ္နဲ႕ ၀င္ေငြ မမွ်တတဲ႔အခါမွာ ေၾကြးၿမီျပ သနာေတြ ၀င္လာတတ္ပါတယ္ ။ ဒီေနရာမွာ အိမ္ေထာင္ရွင္ မေတြ က ေငြရွိတုန္း၀ယ္ထားခ်င္တတ္ၾကတယ္ ။ မ၀ယ္လဲ ျဖစ္တာေကာ အဖက္တင္တာေပါ႔ ဆိုတဲ႔ စိတ္ကူးမ်ိဳးနဲ႔ ၀ယ္ထားတတ္ၾကပါတယ္ ။ ဒီအေတြးဟာ မွန္သင္႕သေလာက္ မွန္ေပမယ္႕ ေငြေၾကးလက္ထဲ ရွိေနျခင္းကတာ အရာရာကို ဖလွယ္ႏို္င္တယ္ဆိုတဲ႔ အခ်က္ကိုေမ႔ေန တတ္ၾကပါတယ္ ။ အေၾကြးတင္ခံတဲ႕အထိ အဖက္တင္ေအာင္ ၀ယ္ထားဖို႕ေတာ႕ မလိုအပ္ပါဘူး။ ၀င္ေငြ အေပၚကို ၾကည္႔ကာ ထိုက္သင္႕အားေလ်ာ္စြာ သံုးတတ္ဖို႕တာ၀န္က အိမ္ေထာင္ရွင္မေတြရဲ႕ အေရးႀကီးဆံုးတာ၀န္တစ္ရပ္ပါဘဲ ။

ခင္ပြန္းသည္ေတြအေနနဲ႕လည္း အိမ္ေထာင္တာ၀န္ဆိုတာ ကို ေက် ပြန္ေအာင္ လိုအပ္သည္ကို ေလာက္ငွေအာင္ ရွာေဖြေပးရပါမယ္ ။အိမ္သူ သက္ထားကလည္း ေကာင္းမြန္စြာ စီမံၿပီး စနစ္တက် သံုးစြဲတတ္မယ္ ။ ေယာက်ာ္းျဖစ္သူကလည္း ႀကိဳးစားရွာေဖြမယ္ ၊ ဒီၾကားထဲကမွ မေျပလည္မွဳေတြ ရွိလာမယ္ဆိုရင္ တစ္ေယာက္အေပၚ တစ္ေယာက္ အျပစ္မပံုခ်ဘဲ တိုင္တိုင္ပင္ပင္ အေျဖရွာေျဖရ်င္းတတ္မယ္ဆို အရမ္းကို အဆင္ေျပမယ္႕ မိသားစုဘ၀ေလးကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္ ။

နံပတ္ ( ၂ ) ….အိမ္ေထာင္တစ္ခု သက္ဆံုးတိုင္ လက္တြဲသြားေစဖို႕ဆို တာက နားလည္မွဳရွိေနဖို႕က အထူးလိုအပ္ပါတယ္ ။ အိမ္ေထာင္တစ္ခုမွာ ရင္ေသြးရတနာဆိုတာ အေရးႀကီးတဲ႔ သံေယာဇဥ္ႀကိဳးဆိုတာ မွန္ပါတယ္ ။ ဒါေပမယ္႕ သားသမီးမရႏိုင္တဲ႔ အိမ္ေထာင္သည္ေတြလည္း ရွိေနတတ္ ပါတယ္ ။ ဒီလို အိမ္ေထာင္ေရးမ်ိဳးေတြမွာ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြဟာ လိုအပ္တာထက္ ပိုၿပီး စိုးရိမ္စိတ္ေတြ မယံုၾကည္စိတ္ေတြ မ်ားတတ္ ၾကပါတယ္ ။ အိမ္ေထာင္တစ္ခု ခိုင္ၿမဲေနဖို႕ သာယာေနဖို႕ဆိုတာ သားသမီးရျခင္း မရျခင္းက အေျခခံမၾကလွပါဘူး ။

သားသမီးမရလို႕ ေဖာက္ျပန္တယ္ဆိုတဲ႔ ဆင္ေျခစကားဟာ သိပ္ကိုစိတ္ ဓာတ္ေရးရာ သိမ္ဖ်င္းတဲ႔ လူေတြ ေျပာတတ္တဲ႔ မခိုင္လံုမလွပတဲ႔ ဆင္ေျခတစ္ခုပါ ။ သူတို႕ ေဖာက္ျပန္ဖို႕အတြက္ အသံုးခ်တဲ႔ စကားဆိုလည္း မမွားပါဘူး ။ ဒီအတြက္ ကေလးမရႏိုင္တဲ႔ အိမ္ေထာင္ရွင္မေတြ အေနနဲ႔ မလိုအပ္တဲ႔ စိုးရိမ္ေၾကာင္႕ၾကမွဳေတြ ၊ လိုတာထက္ ပိုတဲ႔ ခ်ဳပ္ခ်ယ္မွဳေတြက မိမိတို႕ ခင္ပြန္းသည္ေတြကို မိမိေဘးကေန တြန္းထုတ္သလို ျဖစ္သြား တတ္ တယ္ ဆိုတဲ႔ အခ်က္ေလးကို သတိျပဳမိေစခ်င္ပါတယ္ ။ မိမိခင္ပြန္းသည္ကို မိမိနားမွာ ေနေစခ်င္ၾကတာ အိမ္ေထာင္ရွင္ မိန္းကေလးတိုင္း တူညီတဲ႔ ဆႏၵတစ္ခုပါပဲ ။ ေနေစခ်င္တဲ႔ ဆႏၵကို ျပည္႕ေစဖို႕ ဇြတ္အတင္းခ်ဳပ္ခ်ယ္ တဲ႔နည္းထက္ သူကိုယ္တိုင္က ကိုယ္ေဘးမွာ ေနခ်င္လာေအာင္ လုပ္ေဆာင္ျခင္းက ပိုလို႕ေကာင္းမြန္ေစပါတယ္ ။ မိမိဆႏၵတစ္ခုအတြက္ သူရဲ႕လြတ္လပ္ခြင္႔အားလံုးကို ေဘာင္ခတ္လိုက္သလို မျဖစ္ေစဖို႔လည္း အထူးလိုအပ္ပါတယ္ ။

နမူနာေပါ႔ေနာ္…………….သူက ညဘက္ဆို လက္ဘက္ရည္ဆိုင္ သြားခ်င္မယ္ ။ လက္ဘက္ရည္ဆိုင္ဆိုတာ ေယာက်ာ္းေလးတိုင္းထုိုင္ခ်င္တတ္ၾကပါတယ္ ။ ဒါကို စိတ္မခ်လို႕ သူငယ္ခ်င္းေတြ စံုလာရင္ ဘာေတြ မဟုတ္တာလုပ္မ လည္းဆိုတဲ႕ မေရရာတဲ႔ အေတြးေတြနဲ႔ ခ်ဳပ္ခ်ယ္မယ္႔အစား မိမိပါ လိုက္သြားျခင္း ဒါမွမဟုတ္ အခ်ိန္ေလးတစ္ခု သတ္မွတ္ၿပီး ခြင္႔ျပဳျခင္း တို႕ကို ျပဳမွဳေဆာင္ရြက္သင္႔ပါတယ္ ။ စကားဆိုတာ ေျပာတတ္ရင္ နား၀င္ခ်ိဳေစတဲ႔ စကားလံုးေတြ အမ်ားႀကီးရွိပါတယ္ ။ “ အကိုေရ ကၽြန္မေတာ႕ ေမွာင္ရင္မေနရဲဘူးေနာ္လို႕ ၊ အကို ျပန္မလာမခ်င္း ကၽြန္မက ေစာင္႕ေနရမွာေလလို႕ ၊ မနက္ကို အလုပ္ေတြရွိ တယ္ေလ ေစာေစာေလးေတာ႕ ျပန္လာေနာ္လို႕ “ ဆိုတဲ႔ စကားေလးေတြက သူတို႕ေတြကို ျပန္လာဖို႕ ႏွိဳးစက္ေပးတဲ႔ စကားေလးေတြပါပဲ ။ မသြားနဲ႔ဆို ပိုသြားခ်င္တယ္ ၊ မလုပ္နဲ႕ဆို ပိုလုပ္ခ်င္ၾကတာ လူ႕သဘာ၀ေလးပါ ။ မလိုအပ္တဲ႔ ခ်ဳပ္ခ်ယ္မွဳေတြကို ဆိုးက်ိဳးေတြကို သယ္ေဆာင္လာေစတတ္ တယ္ဆိုတာကို အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြ မေမ႔ထားေစခ်င္ပါဘူး ။

နံပတ္ ( ၃ ) ……. ကၽြန္မတို႔ ျမန္မာမိန္းကေလး ေတာ္ေတာ္မ်ားမ်ားဟာ အိမ္ေထာင္က်ၿပီဆိုတာနဲ႔ ျဖစ္ကလက္ဆန္းေတာ္ေတာ္ ေနျပစ္လိုက္ၾကပါတယ္။ ဒါဟာ တစ္ကယ္ေတာ႔ လံုး၀ကို မျဖစ္သင္႔ပါဘူး။အမွန္ဆို အိမ္ေထာင္ က်တဲ႔ သူေတြဟာ အပ်ိဳထက္ကို္ လွလွ ပပ ေလး ေနရမယ္လို႔ ခိုင္ေလး ကေတာ႔ ယူဆမိပါတယ္ ။ဘာလို႔လဲဆိုရင္ အပ်ိဳမွာအပ်ိဳဆိုတဲ႔ဂုဏ္နဲ႔ တင္ ေတာ္ေတာ္ လွေနပါၿပီ။ အိမ္ေထာင္သည္ေတြက ကိုယ္ေယာက်ာၤးရဲ႕ မ်က္စိထဲမွာ အၿမဲလွေနဖို႔ မရိုးသြားဖို႕ ပိုအေရးႀကီးပါတယ္။

အိမ္ေထာင္တာ၀န္ေတြကို ေက်ပြန္ျခင္းဟာ ေယာက်ာၤးတစ္ေယာက္ကို ဆြဲေဆာင္ ႏိုင္ေစသလို ၊ လွပသန္႕ရွင္း ေနေစျခင္းဟာလဲ အေကာင္းဆံုး ဆြဲေဆာင္မွဳတစ္မ်ိဳးပါဘဲ။ ခုဆို (နားနဲ႔မနာ ဖ၀ါးနဲ႔နာပါေနာ္) တားေဆးေတြ ဟာ လူ ၁၀၀ မွာ ၈၀ ကို အရမ္း၀ေစတတ္ပါတယ္ ။ အိမ္ေထာင္က်သြားတဲ႔ မိန္းကေလးေတာ္ေတာ္မ်ားဟာအလြန္မင္း၀လာတတ္ၾကပါသည္။ ဒါကိုလဲ သတိထားရပါ႔မယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ပံုစံေတြ စရိုက္ေတြကြဲျပားျခားနားတယ္ဆိုေပမယ္႔ တစ္ေထရာတည္း တူေနတဲ႔ အခ်က္ေတာ႔ ရွိၾကတယ္ ။

အဲဒါဘာလဲ ဆိုေတာ႔ ေယာက်ာၤးတိုင္း လိုလို အလွအပကို သေဘာက် ခံစားတတ္ျခင္း နဲ႔ နားပူတဲ႔ဒဏ္ကို မခံႏိုင္ၾကတာပါဘဲ ။ ဒီအခ်က္ေတြကို ကၽြန္မတို႔ေတြကလည္း ေကာင္းေကာင္းကို အသံုးခ်တတ္ၾကပါတယ္။ လိုခ်င္တာကို နားပူေအာင္ ေျပာတတ္တာလဲ မိန္းကေလးေတြရဲ႔ တူညီတဲ႔ အခ်က္ ျဖစ္ေနျပန္တယ္ ။အိမ္ေထာင္တစ္ခု သာယာဖို႔ဆိုတာ တစ္ကယ္ကို ေသခ်ာျပင္ဆင္ရပါတယ္ ။

မတူညီတာေတြ ေတာ္ေတာ္မ်ားမ်ားကို ယူၿပီးမွ သိရတတ္ပါတယ္ ။ ဒါေပမယ္႕ စိတ္ဓာတ္က်စရာ မလိုပါဘူး ။ တကယ္ဖူးစာပါလို႔ ေပါင္းဖက္ေနရၿပီးမွ မတူတာကို နားလည္မွဳတစ္ခုနဲ႔ ရေအာင္ ညွိဳႏွိဳင္းႏိုင္ရမယ္ ။ ကို႔ယ္ေယာက်ာၤးအႀကိဳက္ ကိုယ့္ေယာက်ာၤး စိတ္သေဘာထားကို အိမ္သူသက္ထား အမ်ိဳးသမီးမ်ား အသိဆံုးပါ ။ တူတူ ေနေနၾကတဲ႔ အိမ္ေထာင္ရွင္ေတြ ဆိုရင္လဲ တစ္ေန႔လံုး ဘယ္လို ၀တ္ေနေန ကိုယ္အမ်ိဳးသား အလုပ္က ျပန္လာခံနီးအခ်ိန္ေတြ မွာေတာ႔႕ ေရခ်ိဳးမယ္ သပ္သပ္ရပ္ရပ္ေလး၀တ္မယ္ ။ ကိုယ္ကို ျမင္လိုက္လို႔ အေမာေျပေစမယ္႔ အေနထားမ်ိဳးေလးေတာ႔ ျပင္ဆင္ထားသင္႔ပါတယ္ ။

မိန္းကေလးတိုင္း အလွကိုယ္ဆီ ရွိတတ္ၾကပါတယ္ ။ မလွတဲ႔ သူဆိုတာ မရွိဘူးလို႔ ခိုင္ေလးကေတာ႔ ျမင္မိပါတယ္ ။ ကိုယ္နဲ႔လိုက္ဖက္ေအာင္ျပင္ဆင္တတ္ဖို႔နဲ႔ ၀တ္တတ္စားတတ္ဖို႔ဘဲ အေရးႀကီးပါတယ္ ။ အဖိုးတန္ အ၀တ္စားေတြကို ၀တ္မွ လွတာ မဟုတ္ပါဘူး ။ ကိုယ္နဲ႔ လိုက္ဖက္တာေလးေတြကို ေရြးခ်ယ္၀တ္မယ္ဆို လွပတဲ႔ မိန္းကေလးေတြ အျဖစ္ ခင္ပြန္းသည္က အခ်စ္တိုးေစမွာပါ ။ ျပင္ရမယ္ဆိုလို႔ မလိုက္ဖက္တာကို အတင္းျပင္ခိုင္းတာမဟုတ္ဘူးေနာ္ ။ နမူနာေပါ႔ေနာ္ မိတ္ကပ္နဲ႔ မလိုက္တဲ႔သူက မိတ္ကပ္ေတြ လိမ္းထားမယ္ဆို မလွသလိုမ်ိဳးေပါ႔ ၊ ကိုယ္ဘာနဲ႔ လိုက္ဖက္တယ္ဆိုတာ ကို္ကိုယ္ကို သိႏိုင္ပါတယ္ ။ အိမ္ေထာင္တစ္ခု သာယာေပ်ာ္ရြင္ဖို႔ဆိုတာက ကၽြန္မတို႔ အမ်ိဳးသမီးေတြ အေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္ ။ သူတို႔အတြက္က ေငြရွာတာနဲ႔တင္ အရမ္းပင္ပမ္းေနၿပီလို႔ ေတြးတတ္ ၾကတာပါ။ ဒါကိုနားလည္ေပးလိုက္ပါ ။ သူတို႕အတြက္ ျဖည္႔စီးေပးဖို႔ လို႔မွတ္ယူလိုက္တာ ေအးခ်မ္းပါတယ္ ။

တရားတာ မတရားတာေတြ ထည္႔မေတြးဘဲ ေစတနာေရာင္ျပန္တယ္ ဆိုတာေလးကိုရင္ထဲ ထည္႕ထားၿပီး ကိုယ္ဘက္က လုပ္စရာ ရွိတာေလးကို လုပ္ေပးလိုက္ျခင္းက 2ေယာက္စလံုးအတြက္ ေအးခ်မ္း ေပ်ာ္ရြင္ေစ ပါတယ္။ဒီေတာ႔ ကၽြန္မတို႔အေနနဲ႔ ငါေတာ႔ အိမ္ေထာင္သည္ ျဖစ္သြား ၿပီ ျဖစ္သလိုေနလိုက္ေတာ႔မယ္ဆိုတဲ႔ အေတြးေတြကို အေ၀းကို ေမာင္း ထုတ္လိုက္ပါ ။ သူတို႔အတြက္ တင္မကပါဘူး ကိုယ္အတြက္ကို လွဖို႔ လိုအပ္ပါတယ္ ။ မိုးလင္းတယ္ဆိုတာနဲ႔ အရင္ဆံုး ကိုယ္ရဲ႔တစ္ကိုယ္ရည္ သန္႔ရွင္းေရးကို အရင္လုပ္မယ္ ။ သနပ္ခါးလိမ္း ၿပီးမွ လုပ္စရာရွိတာေတြကို လုပ္လို႔ရပါတယ္။ လုပ္စရာရွိတာေတြ အရင္ဆံုး လုပ္ေနတာနဲ႔ တစ္ေန႔တာလံုး ကိုကိုယ္ကို ေခါင္းဖီးဖို႔ေတာင္ ေမ႔သြားတတ္ၾကတဲ႔ အိမ္ေထာင္ရွင္ မမေတြ အမ်ားႀကီးပါ ။ အိပ္ယာကႏိုးတာနဲ႔ ကိုယ္ကို သပ္ရပ္ဖိုျပင္ဆင္တာ ၾကာလွ အမ်ားဆံုး မိနစ္ 20 ေပါ႔ ။ ဒီေလာက္အခ်ိန္ေတာ႔ ေပးသင္႔ပါတယ္ ။ ဒါေလးေတြကို ေသးေသးေလးလို႔ မထင္လိုက္ပါနဲ႔ ၊ တစ္ကယ္လုပ္ ၾကည္႔ပါ ထိေရာက္ အက်ိဳးရွိေစ တယ္ဆိုတာကို နားလည္ လာၾကပါလိမ္႔မယ္ ။ မိမိခင္ပြန္းသည္ အလုပ္ကေန ျပန္လာတိုင္း ခရီးဦးႀကိဳျပဳတတ္တဲ႔ အေလ႔ထေလးကို ျပဳလုပ္ေပးပါ ။

ေနာက္ဆံုး အႀကံေပးခ်င္တာေလးကေတာ႔ တတ္ႏိုင္မယ္ဆိုရင္ ေန႕တိုင္း တစ္ေယာက္လက္ကို တစ္ေယာက္တြဲကာ လမ္းေလွ်ာက္တတ္တဲ႕ အေလ႔က်င္႔ေလးကို က်င္႕သံုးေပးပါ ။ အလုပ္ကျပန္လာမယ္ ။ ေရခ်ိဳးၿပီး ကာစအခ်ိန္ဆိုတာ စိတ္ကို အင္မတန္ လန္းဆန္းေနေစတဲ႔ အခ်ိန္မ်ိဳးပါ ။ ဒီလိုအခ်ိန္မ်ိုးမွာ ေအးေအးေဆးေဆး လမ္းေလွ်ာက္ရင္း ေျပာစရာရွိတာေတြ ကို ေျပာမယ္ တိုင္ပင္စရာေတြကို တိုင္ပင္ျခင္းအတြက္ အေကာင္းဆံုးနဲ႔ အသင္႕ေလ်ာ္ဆံုးအခ်ိန္ပါပဲ ။

မိမိတို႕ ခင္ပြန္းသည္ေတြ အတြက္ ပါရမီျဖည္႔ဖက္ မိတ္ေဆြေကာင္းေတြ အျဖစ္ ရပ္တည္ႏိုင္ၾကပါေစ ။ အမိႏွင့္တူေသာ ဇနီးမယား ၊ အမ ႏွမ ႏွင့္တူေသာ ဇနီးမယား ၊ အေဆြခင္ပြန္းႏွင့္တူေသာဇနီးမယား၊ ေတြ ျဖစ္ၾကပါေစ ။ ဘ၀ခရီးေဖာ္တိုင္း ခ်မ္းေျမ႔ေပ်ာ္ရြင္ေသာ မိသားစုဘ၀ေတြကို ေအာင္ျမင္စြာ တည္ေဆာက္နိုင္ၾကပါေစ ။ နားလည္မွဳ လက္ေတြကို ခိုင္ခိုင္မာမာတြဲလို႕ သက္ဆံုးတိုင္ သစၥာတရားကို လက္ကိုင္ထားၿပီး ခ်စ္ခင္ၾကင္နာျခင္းမ်ားစြားျဖင္႕ ဘ၀ခရီးကို အတူတကြ ေလွ်ာက္လွမ္းႏိုင္ၾကပါေစ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခိုင္ေလး ( ေရႊေတာင္ )

#Unicode Version
လူမှုရေးအဆောင်အုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး ဖွဲ့စည်းမှုတစ်ရပ် သည် အိမ်ထောင် ထူထောင်ခြင်းပါပဲ ။ လူဆိုတာ ရှိနေသမျှကာလပတ်လုံး အိမ်ယာထူထောင်ခြင်းဆိုတဲ့ ဝေါဟာရ တစ်ခုကိုလည်း ခိုင်လေးတို့ ကြားနေကြရအုံးမှာပါ ။ လူတွေ ဘာကြောင့်အိမ်ယာထူထောင် အိမ်ထောင်ပြုကြသနည်း။
လူတိုင်းမှာ ရည်ရွယ်ချက် အကြောင်းပြချက်တစ်ခုတော့ အခိုင်မာ ရှိကြမှာပါ ။ ဘယ်လိုအကြောင်းပြချက် ရည်ရွယ်ချက်ကြောင့်ဖြစ်ပါစေ အိမ်ထောင်ဘ၀ ကို တည်ထောင်လိုက်ပြီဆိုတာနဲ့ လူပျို အပျိုဘ၀ နေခဲ့ပြုခဲ့တဲ့ လွပ်လွတ် မှုတွေကို အဆုံးသတ် သင့်တာတွေကို အဆုံးသတ်ပစ်လိုက်ရပါတော့တယ် ။ ဘဝနှစ်ခုကို ပေါင်းစပ်ကြတဲ့နေရာမှာ နားလည်မှုဆိုတဲ့ စကားလေးက သိပ်ကိုအရေးပါ အရာရောက်စေပါတယ် ။ ဒီစကားလေးက “ လွယ်မယောင်နဲ့ ခက်ဆိုတဲ့ “ ဆိုတဲ့ စကားလေးလိုပါဘဲ ။

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဘဝထက် ပိုကြင်နာပါ ။ ပိုသစ္စာရှိပါ ။ ဇနီးမယားကောင်းတို့မည်သည် လင်ယောကျာ်းပင်ဖြစ်ပါစေ မောင် ကြီး မောင် ငယ်ကဲ့သို့သဘောထားကာ ကျင့်ကြံနေထိုင်တတ်ကြပါတယ် ။ မန်လည်ဆရာတော် ရေးသားသော မယဒေဝလင်္ကာပိုဒ်ရေ (၂၉၆) တွင်
“ မိန်းမဟူသည် ၊ ရုပ်ရည်အဆင်း
အချင်းဇာတိ ၊ ပြည့်စုံရှိလျက်
ဟီရိသြတ္တပ် ၊ ထိန်းကွပ်ကိုယ်မှာ
တည်စပါက ၊ ရတနာတဆူ
မြောက်ကျွန်းသူနှင့် ၊ နတ်တူသမျှ
ဂုဏ်ထွန်းပ၏ ။ ။
ဟုရေးသားထားတာကို ဖတ်မှတ်ခဲ့ဖူးပါတယ်။ အကြင်လင်မယားဆိုသည်မှာ ဆိုးတူကောင်းဖက်၊ ဘဝခရီးလမ်းကို အတူတကွ လျှောက်လှမ်းကြသော ရဲဖော်ရဲဖက်တွေဆိုရင်လည်း မမှားပါဘူး ။ အတူနေလာတဲ့ ရက်တွေများ လာလေ ငြီးငွေ့လာလေဆိုတာမျိုး လုံးဝကိုမဖြစ်တန်ကောင်းပါဘူး။ အတူနေတဲ့ ရက်တွေများလာလေလေ တစ်ယောက်ကို တစ်ယောက် “ ပိုပြီးနားလည်ခွင့်လွတ် တတ်လာရမယ် “ ။ ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်သလို ၊ ဇနီးသည်အနေနဲ့လည်း လင်ယောကျာ်းကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ရမယ် ၊ ကိုင်တွယ်တတ်ရမယ် ။

အလုပ်နဲ့ ပတ်သတ်တာတွေကိုလည်း ဝင်ရောက်ချုပ်ကိုင်ချယ်လှယ်တာ မျိုးတွေ မလုပ်မိစေဖို့ အထူးသတိပြုသင့်ပါတယ် ။ ယောကျာ်းတစ်ယောက် လုပ်ရမယ့် တာဝန်ကို သူဘာသူ တာဝန်ကျေအောင် လုပ်တတ်ပါစေ ။ နေရာတကာမှာ မိန်းမက ချုပ်ကိုင်ဆရာလုပ် လွန်းပြန်ရင်လည်း မိမိတို့ ခင်ပွန်းလင်ယောကျာ်းတွေမှာ ရှိနေတဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ အရည်ချင်းတွေ ပျောက်ကွယ်ပြီး နောက်လိုက်လုံးလုံးဖြစ်သွားတတ်ပါတယ် ။ ဘေးကနေ လမ်းညွှန်အကြံပေးခြင်းမျိုး ၊ ဆွေးနွေးတိုင်ပင် ထောက်ပြခြင်း မျိုးတွေကို ပြုလုပ်ပေးခြင်းက မိမိခင်ပွန်းသည်ကို အမှန်တကယ် ကူ ညီခြင်းစစ်မှန်စေပါတယ် ။

အိမ်ထောင်ရှင်အမျိုးသမီးများအနေဖြစ်လည်း ပညာတွေ ဘယ်လောက်ဘဲ တတ်နေပါစေ ၊ ဥစ္စာတွေ ဘယ်လောက်ချမ်းသာနေပါစေ မိမိတို့ ချက်ပေးသော ပြင်သောထမင်းဝိုင်းကိုသာ မိမိတို့ ခင်ပွန်းသည်တွေက မက်မောတတ်ကြတယ်ဆိုတာကို မမေ့စေချင်ပါဘူး ။ အိမ်ထောင်ရှင်မတစ်ယောက် တာဝန်တွေကို လိုလေးသေးမရှိအောင် ထိန်းသိမ်းဖို့ကို မမေ့ကြစေချင်ပါဘူး ။ ခုခေတ်မှာ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းကာ စီးပွားရှာနေကြတာမို့ အိမ်ထောင်တာဝန်တွေကို လစ်လျှင်ရှူနေရတဲ့ အိမ်ထောင်ရှင်မတွေ အများပြားရှိနေကြပါတယ် ။ တူတူ အလုပ်ခွင်မှာ ပင်ပမ်းကြတယ်ဆိုတာပေမယ့် မိမိခင်ပွန်းသည်တာဝန်တွေကိုတော့ မိမိကိုယ်တိုင်လုပ်ပေးပြုစုခြင်းက အိမ်ထောင်ရေးမှာ ဖြစ်ပေါ်စေတတ်တဲ့ ဖောက်ပြန်ခြင်းဆိုတဲ့ ရန်သူကို ကာကွယ်ဖို့ အကောင်းဆုံးလက်နက်တစ်ခုပါပဲ ။
အိမ်ထောင်ရေးမှာ ရှိတတ်တဲ့ ပြသနာလေးတွေ များစွာရှိပါတယ် ။

နံပတ် ( ၁ ) …. အိမ်အသုံးစရိတ်နဲ့ ဝင်ငွေ မမျှတတဲ့အခါမှာ ကြွေးမြီပြ သနာတွေ ဝင်လာတတ်ပါတယ် ။ ဒီနေရာမှာ အိမ်ထောင်ရှင် မတွေ က ငွေရှိတုန်းဝယ်ထားချင်တတ်ကြတယ် ။ မဝယ်လဲ ဖြစ်တာကော အဖက်တင်တာပေါ့ ဆိုတဲ့ စိတ်ကူးမျိုးနဲ့ ဝယ်ထားတတ်ကြပါတယ် ။ ဒီအတွေးဟာ မှန်သင့်သလောက် မှန်ပေမယ့် ငွေကြေးလက်ထဲ ရှိနေခြင်းကတာ အရာရာကို ဖလှယ်နိုင်တယ်ဆိုတဲ့ အချက်ကိုမေ့နေ တတ်ကြပါတယ် ။ အကြွေးတင်ခံတဲ့အထိ အဖက်တင်အောင် ဝယ်ထားဖို့တော့ မလိုအပ်ပါဘူး။ ဝင်ငွေ အပေါ်ကို ကြည့်ကာ ထိုက်သင့်အားလျော်စွာ သုံးတတ်ဖို့တာဝန်က အိမ်ထောင်ရှင်မတွေရဲ့ အရေးကြီးဆုံးတာဝန်တစ်ရပ်ပါဘဲ ။

ခင်ပွန်းသည်တွေအနေနဲ့လည်း အိမ်ထောင်တာဝန်ဆိုတာ ကို ကျေ ပွန်အောင် လိုအပ်သည်ကို လောက်ငှအောင် ရှာဖွေပေးရပါမယ် ။အိမ်သူ သက်ထားကလည်း ကောင်းမွန်စွာ စီမံပြီး စနစ်တကျ သုံးစွဲတတ်မယ် ။ ယောကျာ်းဖြစ်သူကလည်း ကြိုးစားရှာဖွေမယ် ၊ ဒီကြားထဲကမှ မပြေလည်မှုတွေ ရှိလာမယ်ဆိုရင် တစ်ယောက်အပေါ် တစ်ယောက် အပြစ်မပုံချဘဲ တိုင်တိုင်ပင်ပင် အဖြေရှာဖြေရျင်းတတ်မယ်ဆို အရမ်းကို အဆင်ပြေမယ့် မိသားစုဘဝလေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် ။

နံပတ် ( ၂ ) ….အိမ်ထောင်တစ်ခု သက်ဆုံးတိုင် လက်တွဲသွားစေဖို့ဆို တာက နားလည်မှုရှိနေဖို့က အထူးလိုအပ်ပါတယ် ။ အိမ်ထောင်တစ်ခုမှာ ရင်သွေးရတနာဆိုတာ အရေးကြီးတဲ့ သံယောဇဉ်ကြိုးဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် သားသမီးမရနိုင်တဲ့ အိမ်ထောင်သည်တွေလည်း ရှိနေတတ် ပါတယ် ။ ဒီလို အိမ်ထောင်ရေးမျိုးတွေမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ လိုအပ်တာထက် ပိုပြီး စိုးရိမ်စိတ်တွေ မယုံကြည်စိတ်တွေ များတတ် ကြပါတယ် ။ အိမ်ထောင်တစ်ခု ခိုင်မြဲနေဖို့ သာယာနေဖို့ဆိုတာ သားသမီးရခြင်း မရခြင်းက အခြေခံမကြလှပါဘူး ။

သားသမီးမရလို့ ဖောက်ပြန်တယ်ဆိုတဲ့ ဆင်ခြေစကားဟာ သိပ်ကိုစိတ် ဓာတ်ရေးရာ သိမ်ဖျင်းတဲ့ လူတွေ ပြောတတ်တဲ့ မခိုင်လုံမလှပတဲ့ ဆင်ခြေတစ်ခုပါ ။ သူတို့ ဖောက်ပြန်ဖို့အတွက် အသုံးချတဲ့ စကားဆိုလည်း မမှားပါဘူး ။ ဒီအတွက် ကလေးမရနိုင်တဲ့ အိမ်ထောင်ရှင်မတွေ အနေနဲ့ မလိုအပ်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ၊ လိုတာထက် ပိုတဲ့ ချုပ်ချယ်မှုတွေက မိမိတို့ ခင်ပွန်းသည်တွေကို မိမိဘေးကနေ တွန်းထုတ်သလို ဖြစ်သွား တတ် တယ် ဆိုတဲ့ အချက်လေးကို သတိပြုမိစေချင်ပါတယ် ။ မိမိခင်ပွန်းသည်ကို မိမိနားမှာ နေစေချင်ကြတာ အိမ်ထောင်ရှင် မိန်းကလေးတိုင်း တူညီတဲ့ ဆန္ဒတစ်ခုပါပဲ ။ နေစေချင်တဲ့ ဆန္ဒကို ပြည့်စေဖို့ ဇွတ်အတင်းချုပ်ချယ် တဲ့နည်းထက် သူကိုယ်တိုင်က ကိုယ်ဘေးမှာ နေချင်လာအောင် လုပ်ဆောင်ခြင်းက ပိုလို့ကောင်းမွန်စေပါတယ် ။ မိမိဆန္ဒတစ်ခုအတွက် သူရဲ့လွတ်လပ်ခွင့်အားလုံးကို ဘောင်ခတ်လိုက်သလို မဖြစ်စေဖို့လည်း အထူးလိုအပ်ပါတယ် ။

နမူနာပေါ့နော်…………….သူက ညဘက်ဆို လက်ဘက်ရည်ဆိုင် သွားချင်မယ် ။ လက်ဘက်ရည်ဆိုင်ဆိုတာ ယောကျာ်းလေးတိုင်းထိုင်ချင်တတ်ကြပါတယ် ။ ဒါကို စိတ်မချလို့ သူငယ်ချင်းတွေ စုံလာရင် ဘာတွေ မဟုတ်တာလုပ်မ လည်းဆိုတဲ့ မရေရာတဲ့ အတွေးတွေနဲ့ ချုပ်ချယ်မယ့်အစား မိမိပါ လိုက်သွားခြင်း ဒါမှမဟုတ် အချိန်လေးတစ်ခု သတ်မှတ်ပြီး ခွင့်ပြုခြင်း တို့ကို ပြုမှုဆောင်ရွက်သင့်ပါတယ် ။ စကားဆိုတာ ပြောတတ်ရင် နားဝင်ချိုစေတဲ့ စကားလုံးတွေ အများကြီးရှိပါတယ် ။ “ အကိုရေ ကျွန်မတော့ မှောင်ရင်မနေရဲဘူးနော်လို့ ၊ အကို ပြန်မလာမချင်း ကျွန်မက စောင့်နေရမှာလေလို့ ၊ မနက်ကို အလုပ်တွေရှိ တယ်လေ စောစောလေးတော့ ပြန်လာနော်လို့ “ ဆိုတဲ့ စကားလေးတွေက သူတို့တွေကို ပြန်လာဖို့ နှိုးစက်ပေးတဲ့ စကားလေးတွေပါပဲ ။ မသွားနဲ့ဆို ပိုသွားချင်တယ် ၊ မလုပ်နဲ့ဆို ပိုလုပ်ချင်ကြတာ လူ့သဘာဝလေးပါ ။ မလိုအပ်တဲ့ ချုပ်ချယ်မှုတွေကို ဆိုးကျိုးတွေကို သယ်ဆောင်လာစေတတ် တယ်ဆိုတာကို အိမ်ထောင်ရှင် အမျိုးသမီးတွေ မမေ့ထားစေချင်ပါဘူး ။

နံပတ် ( ၃ ) ……. ကျွန်မတို့ မြန်မာမိန်းကလေး တော်တော်များများဟာ အိမ်ထောင်ကျပြီဆိုတာနဲ့ ဖြစ်ကလက်ဆန်းတော်တော် နေပြစ်လိုက်ကြပါတယ်။ ဒါဟာ တစ်ကယ်တော့ လုံးဝကို မဖြစ်သင့်ပါဘူး။အမှန်ဆို အိမ်ထောင် ကျတဲ့ သူတွေဟာ အပျိုထက်ကို လှလှ ပပ လေး နေရမယ်လို့ ခိုင်လေး ကတော့ ယူဆမိပါတယ် ။ဘာလို့လဲဆိုရင် အပျိုမှာအပျိုဆိုတဲ့ဂုဏ်နဲ့ တင် တော်တော် လှနေပါပြီ။ အိမ်ထောင်သည်တွေက ကိုယ်ယောကျာၤးရဲ့ မျက်စိထဲမှာ အမြဲလှနေဖို့ မရိုးသွားဖို့ ပိုအရေးကြီးပါတယ်။

အိမ်ထောင်တာဝန်တွေကို ကျေပွန်ခြင်းဟာ ယောကျာၤးတစ်ယောက်ကို ဆွဲဆောင် နိုင်စေသလို ၊ လှပသန့်ရှင်း နေစေခြင်းဟာလဲ အကောင်းဆုံး ဆွဲဆောင်မှုတစ်မျိုးပါဘဲ။ ခုဆို (နားနဲ့မနာ ဖဝါးနဲ့နာပါနော်) တားဆေးတွေ ဟာ လူ ၁၀၀ မှာ ၈၀ ကို အရမ်းဝစေတတ်ပါတယ် ။ အိမ်ထောင်ကျသွားတဲ့ မိန်းကလေးတော်တော်များဟာအလွန်မင်းဝလာတတ်ကြပါသည်။ ဒါကိုလဲ သတိထားရပါ့မယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေ စရိုက်တွေကွဲပြားခြားနားတယ်ဆိုပေမယ့် တစ်ထေရာတည်း တူနေတဲ့ အချက်တော့ ရှိကြတယ် ။

အဲဒါဘာလဲ ဆိုတော့ ယောကျာၤးတိုင်း လိုလို အလှအပကို သဘောကျ ခံစားတတ်ခြင်း နဲ့ နားပူတဲ့ဒဏ်ကို မခံနိုင်ကြတာပါဘဲ ။ ဒီအချက်တွေကို ကျွန်မတို့တွေကလည်း ကောင်းကောင်းကို အသုံးချတတ်ကြပါတယ်။ လိုချင်တာကို နားပူအောင် ပြောတတ်တာလဲ မိန်းကလေးတွေရဲ့ တူညီတဲ့ အချက် ဖြစ်နေပြန်တယ် ။အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ တစ်ကယ်ကို သေချာပြင်ဆင်ရပါတယ် ။

မတူညီတာတွေ တော်တော်များများကို ယူပြီးမှ သိရတတ်ပါတယ် ။ ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုပါဘူး ။ တကယ်ဖူးစာပါလို့ ပေါင်းဖက်နေရပြီးမှ မတူတာကို နားလည်မှုတစ်ခုနဲ့ ရအောင် ညှိုနှိုင်းနိုင်ရမယ် ။ ကို့ယ်ယောကျာၤးအကြိုက် ကိုယ့်ယောကျာၤး စိတ်သဘောထားကို အိမ်သူသက်ထား အမျိုးသမီးများ အသိဆုံးပါ ။ တူတူ နေနေကြတဲ့ အိမ်ထောင်ရှင်တွေ ဆိုရင်လဲ တစ်နေ့လုံး ဘယ်လို ဝတ်နေနေ ကိုယ်အမျိုးသား အလုပ်က ပြန်လာခံနီးအချိန်တွေ မှာတော့ ရေချိုးမယ် သပ်သပ်ရပ်ရပ်လေးဝတ်မယ် ။ ကိုယ်ကို မြင်လိုက်လို့ အမောပြေစေမယ့် အနေထားမျိုးလေးတော့ ပြင်ဆင်ထားသင့်ပါတယ် ။

မိန်းကလေးတိုင်း အလှကိုယ်ဆီ ရှိတတ်ကြပါတယ် ။ မလှတဲ့ သူဆိုတာ မရှိဘူးလို့ ခိုင်လေးကတော့ မြင်မိပါတယ် ။ ကိုယ်နဲ့လိုက်ဖက်အောင်ပြင်ဆင်တတ်ဖို့နဲ့ ဝတ်တတ်စားတတ်ဖို့ဘဲ အရေးကြီးပါတယ် ။ အဖိုးတန် အဝတ်စားတွေကို ဝတ်မှ လှတာ မဟုတ်ပါဘူး ။ ကိုယ်နဲ့ လိုက်ဖက်တာလေးတွေကို ရွေးချယ်ဝတ်မယ်ဆို လှပတဲ့ မိန်းကလေးတွေ အဖြစ် ခင်ပွန်းသည်က အချစ်တိုးစေမှာပါ ။ ပြင်ရမယ်ဆိုလို့ မလိုက်ဖက်တာကို အတင်းပြင်ခိုင်းတာမဟုတ်ဘူးနော် ။ နမူနာပေါ့နော် မိတ်ကပ်နဲ့ မလိုက်တဲ့သူက မိတ်ကပ်တွေ လိမ်းထားမယ်ဆို မလှသလိုမျိုးပေါ့ ၊ ကိုယ်ဘာနဲ့ လိုက်ဖက်တယ်ဆိုတာ ကိုကိုယ်ကို သိနိုင်ပါတယ် ။ အိမ်ထောင်တစ်ခု သာယာပျော်ရွင်ဖို့ဆိုတာက ကျွန်မတို့ အမျိုးသမီးတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ် ။ သူတို့အတွက်က ငွေရှာတာနဲ့တင် အရမ်းပင်ပမ်းနေပြီလို့ တွေးတတ် ကြတာပါ။ ဒါကိုနားလည်ပေးလိုက်ပါ ။ သူတို့အတွက် ဖြည့်စီးပေးဖို့ လို့မှတ်ယူလိုက်တာ အေးချမ်းပါတယ် ။

တရားတာ မတရားတာတွေ ထည့်မတွေးဘဲ စေတနာရောင်ပြန်တယ် ဆိုတာလေးကိုရင်ထဲ ထည့်ထားပြီး ကိုယ်ဘက်က လုပ်စရာ ရှိတာလေးကို လုပ်ပေးလိုက်ခြင်းက 2ယောက်စလုံးအတွက် အေးချမ်း ပျော်ရွင်စေ ပါတယ်။ဒီတော့ ကျွန်မတို့အနေနဲ့ ငါတော့ အိမ်ထောင်သည် ဖြစ်သွား ပြီ ဖြစ်သလိုနေလိုက်တော့မယ်ဆိုတဲ့ အတွေးတွေကို အဝေးကို မောင်း ထုတ်လိုက်ပါ ။ သူတို့အတွက် တင်မကပါဘူး ကိုယ်အတွက်ကို လှဖို့ လိုအပ်ပါတယ် ။ မိုးလင်းတယ်ဆိုတာနဲ့ အရင်ဆုံး ကိုယ်ရဲ့တစ်ကိုယ်ရည် သန့်ရှင်းရေးကို အရင်လုပ်မယ် ။ သနပ်ခါးလိမ်း ပြီးမှ လုပ်စရာရှိတာတွေကို လုပ်လို့ရပါတယ်။ လုပ်စရာရှိတာတွေ အရင်ဆုံး လုပ်နေတာနဲ့ တစ်နေ့တာလုံး ကိုကိုယ်ကို ခေါင်းဖီးဖို့တောင် မေ့သွားတတ်ကြတဲ့ အိမ်ထောင်ရှင် မမတွေ အများကြီးပါ ။ အိပ်ယာကနိုးတာနဲ့ ကိုယ်ကို သပ်ရပ်ဖိုပြင်ဆင်တာ ကြာလှ အများဆုံး မိနစ် 20 ပေါ့ ။ ဒီလောက်အချိန်တော့ ပေးသင့်ပါတယ် ။ ဒါလေးတွေကို သေးသေးလေးလို့ မထင်လိုက်ပါနဲ့ ၊ တစ်ကယ်လုပ် ကြည့်ပါ ထိရောက် အကျိုးရှိစေ တယ်ဆိုတာကို နားလည် လာကြပါလိမ့်မယ် ။ မိမိခင်ပွန်းသည် အလုပ်ကနေ ပြန်လာတိုင်း ခရီးဦးကြိုပြုတတ်တဲ့ အလေ့ထလေးကို ပြုလုပ်ပေးပါ ။

နောက်ဆုံး အကြံပေးချင်တာလေးကတော့ တတ်နိုင်မယ်ဆိုရင် နေ့တိုင်း တစ်ယောက်လက်ကို တစ်ယောက်တွဲကာ လမ်းလျှောက်တတ်တဲ့ အလေ့ကျင့်လေးကို ကျင့်သုံးပေးပါ ။ အလုပ်ကပြန်လာမယ် ။ ရေချိုးပြီး ကာစအချိန်ဆိုတာ စိတ်ကို အင်မတန် လန်းဆန်းနေစေတဲ့ အချိန်မျိုးပါ ။ ဒီလိုအချိန်မျိုးမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း ပြောစရာရှိတာတွေ ကို ပြောမယ် တိုင်ပင်စရာတွေကို တိုင်ပင်ခြင်းအတွက် အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးအချိန်ပါပဲ ။

မိမိတို့ ခင်ပွန်းသည်တွေ အတွက် ပါရမီဖြည့်ဖက် မိတ်ဆွေကောင်းတွေ အဖြစ် ရပ်တည်နိုင်ကြပါစေ ။ အမိနှင့်တူသော ဇနီးမယား ၊ အမ နှမ နှင့်တူသော ဇနီးမယား ၊ အဆွေခင်ပွန်းနှင့်တူသောဇနီးမယား၊ တွေ ဖြစ်ကြပါစေ ။ ဘဝခရီးဖော်တိုင်း ချမ်းမြေ့ပျော်ရွင်သော မိသားစုဘဝတွေကို အောင်မြင်စွာ တည်ဆောက်နိုင်ကြပါစေ ။ နားလည်မှု လက်တွေကို ခိုင်ခိုင်မာမာတွဲလို့ သက်ဆုံးတိုင် သစ္စာတရားကို လက်ကိုင်ထားပြီး ချစ်ခင်ကြင်နာခြင်းများစွားဖြင့် ဘဝခရီးကို အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ ။


ဖိုးသူတော် (www.phothutaw.com)
Credit: ခိုင်လေး ( ရွှေတောင် )
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top