Kantharyar Centre
×

လက္ရွိမွာကားရုိက္ေတြ ဆက္တုိက္ရုိက္ျဖစ္ေနတဲ့ မင္းေမာ္ကြန္းက ဇာတ္ကားရိုက္ကူးမႈေတြ ဆက္ေနတဲ့အတြက္ ဂီတဖက္ကို မလွည့္ျဖစ္ေသးတာလို႕ေျပာျပလာပါတယ္။ ဖန္တီးပံုေဖာ္ထားတဲ့ သီခ်င္းေတြရွိေပမဲ့ band အသစ္ဖြဲ႕ၿပီးျပန္လည္ စုစည္းေနတာေၾကာင့္ေရာ ညီျဖစ္သူက ႏုိင္ငံျခားသြားေနတဲ့အတြက္ေၾကာင့္ပါ အေခြမထြက္ႏုိင္ေသးသလို လာေတာ့လာမယ္ၾကာမွာျဖစ္တဲ့အေၾကာင္းကို ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘ၀ေလးကိုဖန္တီးပံုေဖာ္ထားတဲ့ မင္းေမာ္ကြန္းက လက္ရွိမွာသမီးအလတ္ျဖစ္သူ ေလေျပေသြးက အေမရိကားမွာက်င္းပတဲ့ world scholar's cup ျပိဳင္ပြဲကိုသြားေရာက္ယွဥ္ျပိဳင္ေနသလို သားအၾကီးျဖစ္သူမင္းျမတ္ကလဲ ဆယ္လီဆိုတဲ့ရုပ္ရွင္ကားၾကီးမွာပါ၀င္သရုပ္ေဆာင္ေနၿပီမို႕သားနဲ႕သမီးတုိ႕ရဲ႕အေၾကာင္းအပါအ၀င္ သူ႕ရဲ႕အႏုပညာလႈပ္ရွားမႈမ်ားကိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုက ဆယ္လီဆိုတဲ့ကားမွာ ဒီေန႕က ဧည့္သည္သရုပ္ေဆာင္အေနနဲ႕ခဏလာရိုက္ေပးတာေပါ့။ ဒီကားမွာ ကၽြန္ေတာ့္သား ပါျဖစ္တာက ဦးမိုးဦးေခၚလို႕ပါ။ ဒီကားကေဖ့စ္ဘြတ္မွာ အခုေနာက္ပိုင္းျဖစ္ေနတဲ့ သက္ငယ္မုဒိန္းမႈေတြနဲ႕ပတ္သက္ၿပီးေတာ့ေရာ အရြယ္မတုိင္ေသးပဲ ေဖ့စ္ဘြတ္သံုးတဲ့ ကေလးေတြအတြက္ပညာေပး ရုိက္ကူးေနတဲ့ကားတစ္ကားပါ။

-အစ္ကုိကုိယ္တိုင္လဲအႏုပညာရွင္တစ္ေယာက္ဆိုေတာ့ ေဖ့စ္ဘြတ္မွာအခုတက္တက္လာတဲ့ သက္ငယ္မုဒိန္းမႈေတြနဲ႕ပတ္သက္ၿပီး အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

ေတာ္ေတာ္ဆိုးပါတယ္ဗ်ာ။ လူတစ္ေယာက္အေနနဲ႕မျဖစ္သင့္တဲ့အမွားပါ။ ဘယ္ေတာ့မွ မက်ဴးလြန္သင့္တဲ့အမွားလို႕ျမင္ပါတယ္။ အဲ့ဒီလူေတြကိုလဲ ကၽြန္ေတာ္တို႕ရြံပါတယ္။

-သက္ငယ္မုဒိန္းမႈက်ဴးလြန္တဲ့သူေတြကိုလဲ ေသဒဏ္ထိေပးဖို႕ေတာင္းဆိုေနၾကတဲ့အေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါလဲ။

အဲဒါကေတာ့ ထိထိေရာက္ေရာက္ အေရးယူသင့္ပါတယ္ဗ်ာ။ ဘာလို႕လဲဆိုေတာ့ လူမမယ္ေလးေတြ၊ ကေလးေလးေတြ၊ မုဒိန္းေတြက်င့္ၾကသတ္ၾကျဖတ္ၾကဆိုေတာ့ ခပ္ေပါ့ေပါ့သေဘာမထားပဲ ေလးေလးနက္နက္နဲ႕ထိထိေရာက္ေရာက္ အေရးယူသင့္တယ္လို႕ျမင္ပါတယ္။

-အစ္ကို႕သားအေနနဲ႕ကလဲ ကားၾကီးအေနနဲ႕စရိုက္ေနၿပီဆိုေတာ့ သူ႕ကိုေရာ ဘယ္လိုသင္ျပေပးျဖစ္လဲ။

ကၽြန္ေတာ္ဒီကားကို ဒီေန႕မွရႈတင္လိုက္ျဖစ္တယ္။ ဘာလို႕လဲဆိုေတာ့ ဧည့္သည္သရုပ္ေဆာင္လဲျဖစ္သလို ကၽြန္ေတာ္တျခားကားလဲ ရုိက္ေနရလို႕ပါ။ ဒီေန႕ကခဏ လာရိုက္ေပးတာေပါ့။ အေရွ႕မွာက သားတစ္ေယာက္တည္း ၂ရက္ ၃ရက္ေလာက္ရုိက္ၿပီးသြားၿပီဆိုေတာ့ ဦးမိုးဦးပဲအဓိက သင္ေပးပါတယ္။

-တျခားကားရိုက္ေနတယ္ဆိုတာကေရာဘာကားမ်ားလဲ။

အခုက ကၽြန္ေတာ္ဒါရုိက္တာစတီးလ္နဲ႕ေရွ႕သြားေနာက္လိုက္ဆိုတဲ့ ကားေလးရုိက္ေနပါတယ္။ ဒီေန႕က ဟိုဖက္မွာမပါလို႕ ဒီဖက္မွာဧည့္သည္သရုပ္ေဆာင္အေနနဲ႕လာရုိက္ေပးတာပါ။

-ေလေျပေသြးေလးကလဲ နယူးေယာ့ခ္သြားေနတယ္ေနာ္။ အဲ့ဒါေလးနဲ႕ပတ္သက္ၿပီးေတာ့လဲ ေျပာျပေပးပါဦး။

သူကအခု world scholar's cup ျပိဳင္ပြဲကုိ ၀င္ေရာက္ယွဥ္ျပိဳင္ေနတာျဖစ္ပါတယ္။ သူနည္းနည္းေတာ့ၾကာဦးမယ္။ ဟိုမွာတစ္လေလာက္ေတာ့ၾကာဦးမယ္ေပါ့။ သူတို႕ေက်ာင္းကို အခုႏွစ္ေျပာင္းလာတဲ့ဆရာက world scholar's cup ေတြရွိလာႏုိင္တယ္ဆိုၿပီး ႏွစ္စကတည္းက train လုပ္ေပးထားတယ္ေပါ့။ ျမန္မာႏုိင္ငံအေနနဲ႕ ကြာလီဖိုင္းျဖစ္တယ္ဆိုၿပီး ဘန္ေကာက္မွာ သြားျပိဳင္တယ္။ အဲ့ဒီမွာလဲ ကြာလီဖိုင္းျဖစ္တယ္ဆိုေတာ့ အခုအေမရိကားမွာ ဖုိင္နယ္သြားျပိဳင္တာပါ။

-သမီးကပညာေရးဖက္မွာထူးခၽြန္တဲ့အေပၚဘယ္လိုခံစားရလဲ။

ကၽြန္ေတာ္တုိ႕အေနနဲ႕ကငယ္ငယ္တုန္းက ဒီလိုမ်ိဳးျပိဳင္ပြဲေတြ၀င္မျပိဳင္ခဲ့ရဘူး။ ျပိဳင္ပြဲမွာဆိုDebate လုပ္တာပါမယ္။ Writing ေတြပါမယ္။ အဲ့ဒါေတြက ဆုရတာမရတာထက္ကို ပညာေရးအတြက္အေတြ႕အၾကံဳေကာင္းေတြအမ်ားၾကီးရမယ္လို႕ထင္ပါတယ္။ အဲ့ဒါကအဓိကရည္ရြယ္ခ်က္ပါပဲ။

-အဂၤလိပ္ေက်ာင္းတက္တာဆိုတာ့ ၿပီးရင္ေတာ့ join မယ္ဆိုရင္ university အေနနဲ႕က ျပည္ပနဲ႕ပဲ join ရမွာဆိုေတာ့ ဘယ္လိုစီစဥ္ထားလဲ။

သူကေတာ့ပညာေရးေနာက္လိုက္တဲ့သူ ျဖစ္တဲ့အတြက္ သူသြားခ်င္တဲ့ေနရာထိေရာက္ေအာင္ ပံ့ပိုးေပးမွာပါ။ ကၽြန္ေတာ္တို႕က သူတို႕ျဖစ္ေစခ်င္တဲ့သူတို႕လုပ္ခ်င္တဲ့ လမ္းေၾကာင္းကို လုိက္ျဖည့္ဆည္းေပးခ်င္မွာပါ။ ငယ္ေလးကို ကၽြန္ေတာ္စိတ္ခ်တယ္။ ငယ္ေလးက ငယ္ငယ္ကတည္းက သူေနတဲ့ထုိင္တဲ့ ပံုစံက သူ႕ကိုယ္သူ ထိန္းသိမ္းတတ္တယ္။ သူ႕ကိုယ္သူ ယံုၾကည္မႈလဲရွိတယ္။ ေနာက္လိမၼာတယ္။

-အစ္ကိုကစာဖတ္တာ၀ါသနာပါတယ္လို႕လဲသိရတယ္။ ကားရုိက္နဲ႕ပတ္သက္ၿပီး ဘယ္လိုစာမ်ိဳးေတြကိုအဓိကထားဖတ္ျဖစ္ေနလဲ။

စာကေတာ့အစံုပဲဗ်။ ေဆာင္းပါး၊ ၀တၳဳ၊ ဘာသာျပန္ေတြလဲဖတ္တယ္။ ေနာက္ေဖစ့္ဘြတ္ေပၚမွာေတြ႕တဲ့စာေတြလဲ ဖတ္တာပါပဲ။

-ဂီတပိုင္းနဲ႕ပတ္သက္ၿပီးေတာ့လဲ အားနည္းေနတာေတြ႕ရတယ္ေနာ္။

ဟုတ္တယ္ဗ်။ ကၽြန္ေတာ္သီခ်င္းက အခုေလာေလာဆယ္မွာ band အသစ္ေလးျပန္ဖြဲ႕ထားတာရွိတယ္။ ဘာလို႕ၾကာေနတာလဲဆိုေတာ့ ကၽြန္ေတာ့္ညီက ဂစ္တာ player ၊ သူလဲအဲ့ဒီအဖြဲ႕ထဲမွာပါတယ္။ ေနာက္သူလဲဆိုဖို႕ရွိတယ္။ ဒါေပမဲ့အခုသူကႏုိင္ငံျခားကိုထြက္သြားတဲ့အခါက်ေတာ့ Player တစ္ေယာက္ျပန္ရွာေနရတာနဲ႕ဒီဖက္က ကားရိုက္ေတြကမျပတ္တာနဲ႕ကၽြန္ေတာ္ဂီတဖက္ကိုသိပ္မလွည့္ႏုိင္ေသးတာပါ။ လာေတာ့လာမယ္။ ၾကာဦးမယ္ေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

လက်ရှိမှာကားရိုက်တွေ ဆက်တိုက်ရိုက်ဖြစ်နေတဲ့ မင်းမော်ကွန်းက ဇာတ်ကားရိုက်ကူးမှုတွေ ဆက်နေတဲ့အတွက် ဂီတဖက်ကို မလှည့်ဖြစ်သေးတာလို့ပြောပြလာပါတယ်။ ဖန်တီးပုံဖော်ထားတဲ့ သီချင်းတွေရှိပေမဲ့ band အသစ်ဖွဲ့ပြီးပြန်လည် စုစည်းနေတာကြောင့်ရော ညီဖြစ်သူက နိုင်ငံခြားသွားနေတဲ့အတွက်ကြောင့်ပါ အခွေမထွက်နိုင်သေးသလို လာတော့လာမယ်ကြာမှာဖြစ်တဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုဖန်တီးပုံဖော်ထားတဲ့ မင်းမော်ကွန်းက လက်ရှိမှာသမီးအလတ်ဖြစ်သူ လေပြေသွေးက အမေရိကားမှာကျင်းပတဲ့ world scholar's cup ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်နေသလို သားအကြီးဖြစ်သူမင်းမြတ်ကလဲ ဆယ်လီဆိုတဲ့ရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်ဆောင်နေပြီမို့သားနဲ့သမီးတို့ရဲ့အကြောင်းအပါအဝင် သူ့ရဲ့အနုပညာလှုပ်ရှားမှုများကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုက ဆယ်လီဆိုတဲ့ကားမှာ ဒီနေ့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ခဏလာရိုက်ပေးတာပေါ့။ ဒီကားမှာ ကျွန်တော့်သား ပါဖြစ်တာက ဦးမိုးဦးခေါ်လို့ပါ။ ဒီကားကဖေ့စ်ဘွတ်မှာ အခုနောက်ပိုင်းဖြစ်နေတဲ့ သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီးတော့ရော အရွယ်မတိုင်သေးပဲ ဖေ့စ်ဘွတ်သုံးတဲ့ ကလေးတွေအတွက်ပညာပေး ရိုက်ကူးနေတဲ့ကားတစ်ကားပါ။

-အစ်ကိုကိုယ်တိုင်လဲအနုပညာရှင်တစ်ယောက်ဆိုတော့ ဖေ့စ်ဘွတ်မှာအခုတက်တက်လာတဲ့ သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

တော်တော်ဆိုးပါတယ်ဗျာ။ လူတစ်ယောက်အနေနဲ့မဖြစ်သင့်တဲ့အမှားပါ။ ဘယ်တော့မှ မကျူးလွန်သင့်တဲ့အမှားလို့မြင်ပါတယ်။ အဲ့ဒီလူတွေကိုလဲ ကျွန်တော်တို့ရွံပါတယ်။

-သက်ငယ်မုဒိန်းမှုကျူးလွန်တဲ့သူတွေကိုလဲ သေဒဏ်ထိပေးဖို့တောင်းဆိုနေကြတဲ့အပေါ်မှာရော ဘာများပြောချင်ပါလဲ။

အဲဒါကတော့ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ လူမမယ်လေးတွေ၊ ကလေးလေးတွေ၊ မုဒိန်းတွေကျင့်ကြသတ်ကြဖြတ်ကြဆိုတော့ ခပ်ပေါ့ပေါ့သဘောမထားပဲ လေးလေးနက်နက်နဲ့ထိထိရောက်ရောက် အရေးယူသင့်တယ်လို့မြင်ပါတယ်။

-အစ်ကို့သားအနေနဲ့ကလဲ ကားကြီးအနေနဲ့စရိုက်နေပြီဆိုတော့ သူ့ကိုရော ဘယ်လိုသင်ပြပေးဖြစ်လဲ။

ကျွန်တော်ဒီကားကို ဒီနေ့မှရှုတင်လိုက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဧည့်သည်သရုပ်ဆောင်လဲဖြစ်သလို ကျွန်တော်တခြားကားလဲ ရိုက်နေရလို့ပါ။ ဒီနေ့ကခဏ လာရိုက်ပေးတာပေါ့။ အရှေ့မှာက သားတစ်ယောက်တည်း ၂ရက် ၃ရက်လောက်ရိုက်ပြီးသွားပြီဆိုတော့ ဦးမိုးဦးပဲအဓိက သင်ပေးပါတယ်။

-တခြားကားရိုက်နေတယ်ဆိုတာကရောဘာကားများလဲ။

အခုက ကျွန်တော်ဒါရိုက်တာစတီးလ်နဲ့ရှေ့သွားနောက်လိုက်ဆိုတဲ့ ကားလေးရိုက်နေပါတယ်။ ဒီနေ့က ဟိုဖက်မှာမပါလို့ ဒီဖက်မှာဧည့်သည်သရုပ်ဆောင်အနေနဲ့လာရိုက်ပေးတာပါ။

-လေပြေသွေးလေးကလဲ နယူးယော့ခ်သွားနေတယ်နော်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။

သူကအခု world scholar's cup ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ သူနည်းနည်းတော့ကြာဦးမယ်။ ဟိုမှာတစ်လလောက်တော့ကြာဦးမယ်ပေါ့။ သူတို့ကျောင်းကို အခုနှစ်ပြောင်းလာတဲ့ဆရာက world scholar's cup တွေရှိလာနိုင်တယ်ဆိုပြီး နှစ်စကတည်းက train လုပ်ပေးထားတယ်ပေါ့။ မြန်မာနိုင်ငံအနေနဲ့ ကွာလီဖိုင်းဖြစ်တယ်ဆိုပြီး ဘန်ကောက်မှာ သွားပြိုင်တယ်။ အဲ့ဒီမှာလဲ ကွာလီဖိုင်းဖြစ်တယ်ဆိုတော့ အခုအမေရိကားမှာ ဖိုင်နယ်သွားပြိုင်တာပါ။

-သမီးကပညာရေးဖက်မှာထူးချွန်တဲ့အပေါ်ဘယ်လိုခံစားရလဲ။

ကျွန်တော်တို့အနေနဲ့ကငယ်ငယ်တုန်းက ဒီလိုမျိုးပြိုင်ပွဲတွေဝင်မပြိုင်ခဲ့ရဘူး။ ပြိုင်ပွဲမှာဆိုDebate လုပ်တာပါမယ်။ Writing တွေပါမယ်။ အဲ့ဒါတွေက ဆုရတာမရတာထက်ကို ပညာရေးအတွက်အတွေ့အကြုံကောင်းတွေအများကြီးရမယ်လို့ထင်ပါတယ်။ အဲ့ဒါကအဓိကရည်ရွယ်ချက်ပါပဲ။

-အင်္ဂလိပ်ကျောင်းတက်တာဆိုတာ့ ပြီးရင်တော့ join မယ်ဆိုရင် university အနေနဲ့က ပြည်ပနဲ့ပဲ join ရမှာဆိုတော့ ဘယ်လိုစီစဉ်ထားလဲ။

သူကတော့ပညာရေးနောက်လိုက်တဲ့သူ ဖြစ်တဲ့အတွက် သူသွားချင်တဲ့နေရာထိရောက်အောင် ပံ့ပိုးပေးမှာပါ။ ကျွန်တော်တို့က သူတို့ဖြစ်စေချင်တဲ့သူတို့လုပ်ချင်တဲ့ လမ်းကြောင်းကို လိုက်ဖြည့်ဆည်းပေးချင်မှာပါ။ ငယ်လေးကို ကျွန်တော်စိတ်ချတယ်။ ငယ်လေးက ငယ်ငယ်ကတည်းက သူနေတဲ့ထိုင်တဲ့ ပုံစံက သူ့ကိုယ်သူ ထိန်းသိမ်းတတ်တယ်။ သူ့ကိုယ်သူ ယုံကြည်မှုလဲရှိတယ်။ နောက်လိမ္မာတယ်။

-အစ်ကိုကစာဖတ်တာဝါသနာပါတယ်လို့လဲသိရတယ်။ ကားရိုက်နဲ့ပတ်သက်ပြီး ဘယ်လိုစာမျိုးတွေကိုအဓိကထားဖတ်ဖြစ်နေလဲ။

စာကတော့အစုံပဲဗျ။ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန်တွေလဲဖတ်တယ်။ နောက်ဖေစ့်ဘွတ်ပေါ်မှာတွေ့တဲ့စာတွေလဲ ဖတ်တာပါပဲ။

-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့လဲ အားနည်းနေတာတွေ့ရတယ်နော်။

ဟုတ်တယ်ဗျ။ ကျွန်တော်သီချင်းက အခုလောလောဆယ်မှာ band အသစ်လေးပြန်ဖွဲ့ထားတာရှိတယ်။ ဘာလို့ကြာနေတာလဲဆိုတော့ ကျွန်တော့်ညီက ဂစ်တာ player ၊ သူလဲအဲ့ဒီအဖွဲ့ထဲမှာပါတယ်။ နောက်သူလဲဆိုဖို့ရှိတယ်။ ဒါပေမဲ့အခုသူကနိုင်ငံခြားကိုထွက်သွားတဲ့အခါကျတော့ Player တစ်ယောက်ပြန်ရှာနေရတာနဲ့ဒီဖက်က ကားရိုက်တွေကမပြတ်တာနဲ့ကျွန်တော်ဂီတဖက်ကိုသိပ်မလှည့်နိုင်သေးတာပါ။ လာတော့လာမယ်။ ကြာဦးမယ်ပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top