Kantharyar Centre
×

 အတြင္းတိမ္ေရာဂါသည္ အျဖစ္အမ်ားဆုံး မ်က္စိေရာဂါ တစ္ခုျဖစ္ေသာ္လည္း ယင္းေရာဂါ၏လကၡဏာမ်ားကို သိရွိမႈနည္း ပါးေနေသးေၾကာင္း မ်က္စိအထူး ကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္ တာ တင္၀င္းက ေျပာသည္။

‘‘အတြင္းတိမ္ေရာဂါကို ကန ဦးအစမွာ သိပ္မသိဘူး။ မ်က္စိမႈန္ တယ္ပဲ ခံစားရတယ္။ မ်က္မွန္လို မွာေပါ့ဆိုတဲ့ အသိနဲ႔ မ်က္မွန္စမ္း ၾကတယ္။ လူနာတခ်ဳိ႕က မ်က္လုံးကေကာင္းတယ္။ အပ္ေပါက္ကိုေတာင္ ျမင္ရတယ္ေျပာရင္ ေသခ်ာတယ္ အတြင္းတိမ္ပဲ။ တခ်ဳိ႕က်ေတာ့ ၾကည့္လုိက္ရင္ ပုံရိပ္ႏွစ္ခု၊ သုံးခုျမင္ေနတယ္။ မ်က္လုံးေရွ႕မွာ ႏွင္းကာသလို ခံစားရ တယ္။ ၀ါးေနတယ္။ တိမ္ျဖစ္လာရင္ အလင္းကုိ မႀကိဳက္ဘူး။ အသက္ (၄၀)ႏွစ္မွာ အနီးမ်က္မွန္ တပ္ရတယ္။ အသက္(၆၀)မွာ မ်က္မွန္လြတ္သြားရင္ သတိထားရမယ္’’ဟု ၎ကဆုိသည္။


အတြင္းတိမ္ေရာဂါသည္ အသက္(၆၀)ႏွင့္အထက္ သက္ႀကီး ပိုင္းအရြယ္မ်ားတြင္ အျဖစ္မ်ားၿပီး ေနေရာင္ျခည္ UV Light ႏွင့္ ထိ ေတြ႕မႈမ်ားသူမ်ား၌ ပို၍ျဖစ္ႏုိင္ေၾကာင္း တစ္ႏုိင္ငံလုံးအတုိင္းအတာျဖင့္ ခန္႔မွန္းတြက္ခ်က္ထား မႈ စာရင္းအရ မ်က္စိေရာဂါမ်ား ထဲ၌ အတြင္းတိမ္ေရာဂါျဖစ္ပြား ႏႈန္းသည္ ၆၀ ရာခိုင္ႏႈန္းခန္႔ရွိ၍ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ ေရာဂါေ၀ဒနာရွင္မ်ားကို ကြင္းဆင္းရွာေဖြၿပီး အခမဲ့ ကုသေပးလ်က္ရွိေၾကာင္း သိရ သည္။

လက္ရွိတြင္ ျမန္မာႏုိင္ငံ၌အတြင္းတိမ္ေရာဂါျဖစ္ပြားေနသူ ခန္႔မွန္းေျခသုံးသိန္းခဲြခန္႔ရွိရာ ႏွစ္ စဥ္ခဲြစိတ္ေပးႏုိင္ေသာ လူနာဦးေရ မွာ တစ္သိန္းေက်ာ္သာျဖစ္၍ ခဲြစိတ္ကုသမႈပိုမိုေပးႏုိင္ရန္ လိုအပ္ေနေသးေၾကာင္းက်န္းမာေရး ႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ ေထြးက
 ႏုိ၀င္ဘာ ၁၆ ရက္တြင္ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လည္ ေခ်ာင္းေဆး႐ုံႀကီး၌ က်င္းပသည့္ မဲေခါင္ေဒသ အလင္းေရာင္ခရီး စဥ္၏ မ်က္စိအတြင္းတိမ္ေ၀ဒနာ ရွင္မ်ား အခမဲ့ခဲြစိတ္ကုသေပးျခင္း ဖြင့္ပဲြအခမ္းအနား၌ ေျပာၾကားခဲ့သည္။

 ကမၻာ့က်န္းမာေရးအဖဲြ႕၏ ရည္မွန္းခ်က္ျဖစ္ေသာ အတြင္း တိမ္ခဲြစိတ္မႈႏႈန္းမွာ လူဦးေရတစ္ သန္းလွ်င္ ၃၀၀၀ သတ္မွတ္ထား ရာ ၂၀၁၄-၁၅ တြင္ ျမန္မာႏုိင္ငံ၏ ခဲြစိတ္မႈႏႈန္းမွာ ၂၀၃၈ သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ အတြင္းတိမ္ ေရာဂါ ေ၀ဒနာရွင္မ်ားကို ကြင္းဆင္းရွာေဖြေပးျခင္း၊ အခမဲ့ခဲြစိတ္ကုသမႈ ျပဳလုပ္ေပးျခင္းမ်ားကိုအင္တုိက္အားတုိက္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ၎ကေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အတွင်းတိမ်ရောဂါသည် အဖြစ်အများဆုံး မျက်စိရောဂါ တစ်ခုဖြစ်သော်လည်း ယင်းရောဂါ၏လက္ခဏာများကို သိရှိမှုနည်း ပါးနေသေးကြောင်း မျက်စိအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက် တာ တင်ဝင်းက ပြောသည်။

‘‘အတွင်းတိမ်ရောဂါကို ကန ဦးအစမှာ သိပ်မသိဘူး။ မျက်စိမှုန် တယ်ပဲ ခံစားရတယ်။ မျက်မှန်လို မှာပေါ့ဆိုတဲ့ အသိနဲ့ မျက်မှန်စမ်း ကြတယ်။ လူနာတချို့က မျက်လုံးကကောင်းတယ်။ အပ်ပေါက်ကိုတောင် မြင်ရတယ်ပြောရင် သေချာတယ် အတွင်းတိမ်ပဲ။ တချို့ကျတော့ ကြည့်လိုက်ရင် ပုံရိပ်နှစ်ခု၊ သုံးခုမြင်နေတယ်။ မျက်လုံးရှေ့မှာ နှင်းကာသလို ခံစားရ တယ်။ ဝါးနေတယ်။ တိမ်ဖြစ်လာရင် အလင်းကို မကြိုက်ဘူး။ အသက် (၄၀)နှစ်မှာ အနီးမျက်မှန် တပ်ရတယ်။ အသက်(၆၀)မှာ မျက်မှန်လွတ်သွားရင် သတိထားရမယ်’’ဟု ၎င်းကဆိုသည်။


အတွင်းတိမ်ရောဂါသည် အသက်(၆၀)နှင့်အထက် သက်ကြီး ပိုင်းအရွယ်များတွင် အဖြစ်များပြီး နေရောင်ခြည် UV Light နှင့် ထိ တွေ့မှုများသူများ၌ ပို၍ဖြစ်နိုင်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခန့်မှန်းတွက်ချက်ထား မှု စာရင်းအရ မျက်စိရောဂါများ ထဲ၌ အတွင်းတိမ်ရောဂါဖြစ်ပွား နှုန်းသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရောဂါဝေဒနာရှင်များကို ကွင်းဆင်းရှာဖွေပြီး အခမဲ့ ကုသပေးလျက်ရှိကြောင်း သိရ သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌အတွင်းတိမ်ရောဂါဖြစ်ပွားနေသူ ခန့်မှန်းခြေသုံးသိန်းခွဲခန့်ရှိရာ နှစ် စဉ်ခွဲစိတ်ပေးနိုင်သော လူနာဦးရေ မှာ တစ်သိန်းကျော်သာဖြစ်၍ ခွဲစိတ်ကုသမှုပိုမိုပေးနိုင်ရန် လိုအပ်နေသေးကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက နိုဝင်ဘာ ၁၆ ရက်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် မျက်စိ၊ နား၊ နှာခေါင်း၊ လည် ချောင်းဆေးရုံကြီး၌ ကျင်းပသည့် မဲခေါင်ဒေသ အလင်းရောင်ခရီး စဉ်၏ မျက်စိအတွင်းတိမ်ဝေဒနာ ရှင်များ အခမဲ့ခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော အတွင်း တိမ်ခွဲစိတ်မှုနှုန်းမှာ လူဦးရေတစ် သန်းလျှင် ၃၀၀၀ သတ်မှတ်ထား ရာ ၂၀၁၄-၁၅ တွင် မြန်မာနိုင်ငံ၏ ခွဲစိတ်မှုနှုန်းမှာ ၂၀၃၈ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အတွင်းတိမ် ရောဂါ ဝေဒနာရှင်များကို ကွင်းဆင်းရှာဖွေပေးခြင်း၊ အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးခြင်းများကိုအင်တိုက်အားတိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top