Property Expo
×

ရန္ကုန္ၿမိဳ႕တြင္ ကား အသစ္မ်ား တင္သြင္းႏိုင္ေရးႏွင့္ ကားထုတ္လုပ္ေရး စက္႐ံုမ်ား ေပၚေပါက္လာေရးကိုသာ အဓိကဦးစားေပး လုပ္ေဆာင္ မည္ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။

ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ တြင္ ႏိုဝင္ဘာလကုန္ပိုင္းက ျပဳလုပ္ေသာ ရန္ကုန္ၿမိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရး ညႇိႏိႈင္းအစည္းအေဝး၌ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ယင္းသို႔ေျပာၾကားျခင္းျဖစ္သည္။

‘‘ကားအသစ္ကိုပဲ ေနာက္ ပိုင္း တင္သြင္းႏိုင္ဖို႔ရယ္၊ ကား ထုတ္လုပ္ေရး စက္႐ံုေတြကေန ျပည္သူေတြ ကားဝယ္ၿပီး စီးႏိုင္ ေလာက္တဲ့အေျခအေနအထိ ျဖစ္ ေအာင္လုပ္ဖို႔ အစီအစဥ္ေတြရွိပါ တယ္’’ဟု ၎ကဆိုသည္။

သယ္ယူပို႔ေဆာင္ေရးက႑ အတြက္ အမ်ားျပည္သူသြားလာ ေရး အဆင္ေျပမႈကို ဦးစားေပး ေဆာင္ရြက္မည္ျဖစ္ကာ ပုဂၢလိက ယာဥ္တင္သြင္းခြင့္ႏွင့္ပတ္သက္ ၍ စိစစ္ၾကပ္မတ္မည္ဟု ၎က ေျပာသည္။

၂၀၁၇ တြင္ စတင္က်င့္သံုး မည့္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈ မူဝါဒအသစ္ကို ယခုလေနာက္ဆံုး ပတ္၌ ထုတ္ျပန္မည္ျဖစ္ရာ အဆုိပါ မူဝါဒတြင္ တစ္ႏိုင္ငံလံုးတြင္ ကားအသစ္မ်ား တင္သြင္းၿပီး အမ်ား ျပည္သူဝယ္ယူစီးနင္းခြင့္ရွိေစရန္ ဦးစားေပး လုပ္ေဆာင္မည့္ အစီအစဥ္မ်ား ပါဝင္ေနသည္။

အစိုးရသစ္တက္ၿပီးေနာက္ ရန္ကုန္လိုင္စင္ျဖင့္ ကားတင္သြင္းျခင္းကို ပိတ္ထားေသာေၾကာင့္ ၂၀၁၇ ၌ ရန္ကုန္လိုင္စင္ျဖင့္ ကားတင္သြင္းခြင့္ ျပန္လည္ခြင့္ျပဳရန္ ကားတင္သြင္းသူမ်ားက ေမွ်ာ္လင့္ၾကသည္။

‘‘ကားအသစ္ေတြကိုပဲ ဦး စားေပးမယ္ဆုိတဲ့ အစီအစဥ္ကို ေတာ့ ႀကိဳဆိုပါတယ္။ ဒါေပမဲ့ ရန္ကုန္လိုင္စင္ တင္သြင္းခြင့္နဲ႔ ပတ္သက္ၿပီး အခုထက္ထိ တိတိ က်က်မသိရေသးဘူး’’ဟု ေရာင္နီ ဦးကားအေရာင္းျပခန္းပိုင္ရွင္ ဦးေအာင္ဝင္းက ဆိုသည္။

ရန္ကုန္ၿမိဳ႕တြင္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအတြက္ အသံုးျပဳေနသည့္ ကားမ်ား အလြန္နည္းပါးေနၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၃၀ ရာခိုင္ႏႈန္းသာရွိကာ ပုဂၢလိက ယာဥ္ အသံုးျပဳမႈမွာ ၇၀ ရာခိုင္ ႏႈန္းအထိ ရွိေနသျဖင့္ ထည့္သြင္း စဥ္းစားရမည့္ အခ်က္  ျဖစ္ေန ေၾကာင္း ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဦးကုိကို(စက္မႈတကၠသိုလ္) ႏွင့္ ေတြ႕ဆံုေမးျမန္းခန္းတြင္ ေျဖၾကားထား သည္။

‘‘အမ်ားစုက ဂ်ပန္ Used ကားေတြျဖစ္ေနတယ္။ ဒါေၾကာင့္ ကားအသစ္ေတြကို ျပည္သူေတြ စီးႏိုင္ေအာင္လုပ္ရမယ္။ ကား ထုတ္လုပ္ေရးစက္႐ံုေတြ ရွိလာ ေအာင္ အခုဆို အားေပးရေတာ့ မယ္။ ဒါမွ အလုပ္အကိုင္အခြင့္အလမ္းလည္း တစ္ဖက္ကရမွာေပါ့’’ဟု ဝန္ႀကီးခ်ဳပ္က အဆိုပါ ေတြ႕ဆံုခန္းတြင္ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရန်ကုန်မြို့တွင် ကား အသစ်များ တင်သွင်းနိုင်ရေးနှင့် ကားထုတ်လုပ်ရေး စက်ရုံများ ပေါ်ပေါက်လာရေးကိုသာ အဓိကဦးစားပေး လုပ်ဆောင် မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတအိမ်တော် တွင် နိုဝင်ဘာလကုန်ပိုင်းက ပြုလုပ်သော ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး၌ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယင်းသို့ပြောကြားခြင်းဖြစ်သည်။

‘‘ကားအသစ်ကိုပဲ နောက် ပိုင်း တင်သွင်းနိုင်ဖို့ရယ်၊ ကား ထုတ်လုပ်ရေး စက်ရုံတွေကနေ ပြည်သူတွေ ကားဝယ်ပြီး စီးနိုင် လောက်တဲ့အခြေအနေအထိ ဖြစ် အောင်လုပ်ဖို့ အစီအစဉ်တွေရှိပါ တယ်’’ဟု ၎င်းကဆိုသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ အတွက် အများပြည်သူသွားလာ ရေး အဆင်ပြေမှုကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကာ ပုဂ္ဂလိက ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက် ၍ စိစစ်ကြပ်မတ်မည်ဟု ၎င်းက ပြောသည်။

၂၀၁၇ တွင် စတင်ကျင့်သုံး မည့် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအသစ်ကို ယခုလနောက်ဆုံး ပတ်၌ ထုတ်ပြန်မည်ဖြစ်ရာ အဆိုပါ မူဝါဒတွင် တစ်နိုင်ငံလုံးတွင် ကားအသစ်များ တင်သွင်းပြီး အများ ပြည်သူဝယ်ယူစီးနင်းခွင့်ရှိစေရန် ဦးစားပေး လုပ်ဆောင်မည့် အစီအစဉ်များ ပါဝင်နေသည်။

အစိုးရသစ်တက်ပြီးနောက် ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခြင်းကို ပိတ်ထားသောကြောင့် ၂၀၁၇ ၌ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုရန် ကားတင်သွင်းသူများက မျှော်လင့်ကြသည်။

‘‘ကားအသစ်တွေကိုပဲ ဦး စားပေးမယ်ဆိုတဲ့ အစီအစဉ်ကို တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ရန်ကုန်လိုင်စင် တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး အခုထက်ထိ တိတိ ကျကျမသိရသေးဘူး’’ဟု ရောင်နီ ဦးကားအရောင်းပြခန်းပိုင်ရှင် ဦးအောင်ဝင်းက ဆိုသည်။

ရန်ကုန်မြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် ကားများ အလွန်နည်းပါးနေပြီး ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းသာရှိကာ ပုဂ္ဂလိက ယာဉ် အသုံးပြုမှုမှာ ၇၀ ရာခိုင် နှုန်းအထိ ရှိနေသဖြင့် ထည့်သွင်း စဉ်းစားရမည့် အချက်  ဖြစ်နေ ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးကိုကို(စက်မှုတက္ကသိုလ်) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားထား သည်။

‘‘အများစုက ဂျပန် Used ကားတွေဖြစ်နေတယ်။ ဒါကြောင့် ကားအသစ်တွေကို ပြည်သူတွေ စီးနိုင်အောင်လုပ်ရမယ်။ ကား ထုတ်လုပ်ရေးစက်ရုံတွေ ရှိလာ အောင် အခုဆို အားပေးရတော့ မယ်။ ဒါမှ အလုပ်အကိုင်အခွင့်အလမ်းလည်း တစ်ဖက်ကရမှာပေါ့’’ဟု ဝန်ကြီးချုပ်က အဆိုပါ တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top