Property Expo
×







Unicode Version

အသက် ၁၇ နှစ်အရွယ်  မိန်းကလေး နက်တယ်လီလာက သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ ရွယ်တူကလေးငယ်တွေရဲ့ လှောင်ပြောင်မှု တွေ၊ အနိုင်ကျင့်ပြောဆိုမှုတွေ ခံရလောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ အ ကြောင်းအရင်းက ထူထဲနက်မှောင်လွန်းတဲ့ သန်မာတဲ့ မျက်ခုံးမွှေး တွေကြောင့်ပါပဲ။
တမင်ကို လုပ်ယူထားသလားတောင် အမှတ်မှားလောက်တဲ့ မျက်ခုံးမွှေးတွေက သူမရဲ့မျက်နှာမှာ အထင်ရှားဆုံး အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ အမွှေးအမျှင်တွေသန်လွန်းမျက်ခုံးအစုံကြောင့်လည်း ငယ်ဘဝကလေးအရွယ်မှာ စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုတွေ ဖြစ်ခဲ့ရ ပါတယ်။

ဒါပေမဲ့ အခုတော့ သူမဝမ်းသာပျော်ရွှင်နေရပြီလို့ဆိုရမှာ။ ဘာ့ ကြောင့်လဲလို့ဆိုတော့ ဒီမျက်ခုံးထူထူကြောင့်ပဲ ထင်ရှားလာပြီးတော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးနဲ့ စာချုပ် ကမ်းလှမ်းမှုကို လက်ခံနိုင်ခဲ့လို့ ဓာတ်ပုံမော်ဒယ်နဲ့ နာမည်ကျော် မော်ဒယ် တစ်ယောက်ဖြစ်လာဖို့ ကြိုးစားခွင့်ရသွားခဲ့ပါတယ်။ သူမရဲ့ ထူးထူးခြားခြား မျက်ခုံးထူလွန်းတဲ့ မျက်နှာက စွဲဆောင်မှု အပြည့်နဲ့ ဓာတ်ပုံတွေဆိုရှယ်နဲ့ အင်တာနက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့တာ လည်း ဖြစ်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top