Kantharyar Centre
×

 ဒဂုံၿမိဳ႕သစ္အေရွ႕ပုိင္း ၿမိဳ႕နယ္တြင္ ျဖစ္ပြားေသာ မုဒိမ္း မႈ၌ အသက္(၅)ႏွစ္အရြယ္ မိန္း ကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့သူ သည္ အစ္ကိုေတာ္စပ္ၿပီး က်ဴးလြန္ခ်ိန္တြင္ မူးယစ္ေဆး၀ါးသုံးစြဲထားျခင္းမရွိဘဲ လက္တည့္စမ္းလုိျခင္းေၾကာင့္ က်ဴးလြန္မိသည္ဟု  ေျဖာင့္ခ်က္ေပးထြက္ဆုိေၾကာင္း သတင္းရရွိသည္။

ႏုိ၀င္ဘာ ၂ရက္က ျဖစ္ပြား ခဲ့ေသာ အဆုိပါမုဒိမ္းမႈတြင္ က်ဴး လြန္သူသည္ အသက္(၁၈)ႏွစ္အ ရြယ္ အေမတူ အေဖကြဲေတာ္စပ္ သူျဖစ္ေၾကာင္း ႏုိ၀င္ဘာ ၁၄ရက္ ၌ ရဲတပ္ဖြဲ႕ကစစ္ေဆးေဖာ္ထုတ္ ခဲ့သည္။ ထုိ႔ေနာက္ ႏုိ၀င္ဘာ ၁၁ ရက္ ေန႔လယ္ ၁နာရီခန္႔တြင္ ဒဂုံ အေရွ႕ၿမိဳ႕နယ္တရား႐ုံး၌ တရားခံက လက္တည့္စမ္းလုိေသာေၾကာင့္ က်ဴးလြန္မိခဲ့ၿပီး မူးယစ္ေဆး၀ါး သုံးစြဲထားျခင္းမရွိေၾကာင္း ေျဖာင့္ ခ်က္ေပးခဲ့သည္ဟု ဒဂုံအေရွ႕ၿမိဳ႕ နယ္တရား႐ုံးမွ စုံစမ္းသိရသည္။

‘‘သူက လိင္စိတ္ႂကြေစတဲ့ ႐ုပ္ရွင္ၾကည့္ထားတာမ်ဳိးလည္းမ ဟုတ္ဘူး။ အရက္ေတြဘာေတြ ေသာက္ထားတာလည္းမဟုတ္ ဘူး။ သူစမ္းသပ္ၿပီး သူ႔ညီမေလး ကို လုပ္မိတာပါလုိ႔ေျဖာင့္ခ်က္ ေပးသြားတာ’’ဟု ဒဂုံၿမိဳ႕နယ္အ ေရွ႕ပုိင္းရဲစခန္းမွ ရဲအရာရွိတစ္ဦး ကေျပာသည္။

ရဲတပ္ဖြဲ႕က တရားခံ အသက္(၁၈)ႏွစ္အရြယ္ရွိ အစ္ကိုျဖစ္သူ ကုိကိုဟန္(ခ)ကိုဟန္ကုိ ႏုိ၀င္ဘာ ၉ရက္ကတည္းက  မသကၤာသူအျဖစ္ေခၚယူစစ္ေဆးခဲ့ရာ ကုိကိုဟန္က အေက်ာက္အကန္ျငင္းဆုိေနေသာေၾကာင့္ ေခ်ာ့ေမာ့စစ္ေဆးခဲ့ေၾကာင္း ဒုရဲအုပ္ေဇာ္မင္းလႈိင္က ေျပာသည္။

‘‘အမႈစျဖစ္ကတည္းက ေစာ္ ကားခံရတဲ့ေကာင္မေလးက အဲဒီ သူ႔အစ္ကိုနာမည္ပဲေျပာေနတာ။ ကုိကုိႀကီးက သမီးကိုလုပ္တာဆုိ ၿပီးေျပာတယ္။ ဒါေပမဲ့ဟုိေကာင္ က အေက်ာက္အကန္ျငင္း၊ မိသားစုခ်င္းျဖစ္ေနေတာ့ ေခ်ာ့ေမာ့ၿပီး ျပစ္ဒဏ္ေလွ်ာ့ေပးမယ္။ မင္းညီမေလးကို မသနားဘူးလားအဲဒီလုိေမးမွေျပာတာပါ’’ဟု ၎က ဆက္လက္ေျပာသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ ၍ မိသားစုဘက္ကလည္း တရား ဥပေဒအရ အေရးယူျခင္းကိုသာ လက္ခံမည္ျဖစ္ေၾကာင္း ေျပာ ၾကားထားသည္။ လက္ရွိတြင္ တ ရားခံ ကုိကိုဟန္(ခ)ကိုဟန္ကို ဒဂုံအေရွ႕ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၆၃၊ ၃၇၆၊ ၅၁၁တုိ႔ျဖင့္ အမႈဖြင့္တရားစြဲဆုိထားၿပီး ခ်ဳပ္ရက္ရမန္ျဖင့္ ခ်ဳပ္ေႏွာင္ထားသည္။ ရန္ကုန္တုိင္းတြင္ ၁၀လအတြင္း သက္ငယ္မုဒိမ္းမႈေပါင္း ၇၄မႈျဖစ္ပြားၿပီး ယင္းအေရအတြက္မွာ ရန္ကုန္တုိင္းအတြင္းမွာပင္ ေလးရက္လွ်င္ ကေလးငယ္တစ္ဦးႏႈန္းလိင္ပုိင္းဆုိင္ရာေစာ္ကားခံေနရျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် ဖြစ်ပွားသော မုဒိမ်း မှု၌ အသက်(၅)နှစ်အရွယ် မိန်း ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ သည် အစ်ကိုတော်စပ်ပြီး ကျူးလွန်ချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိဘဲ လက်တည့်စမ်းလိုခြင်းကြောင့် ကျူးလွန်မိသည်ဟု  ဖြောင့်ချက်ပေးထွက်ဆိုကြောင်း သတင်းရရှိသည်။


နိုဝင်ဘာ ၂ရက်က ဖြစ်ပွား ခဲ့သော အဆိုပါမုဒိမ်းမှုတွင် ကျူး လွန်သူသည် အသက်(၁၈)နှစ်အ ရွယ် အမေတူ အဖေကွဲတော်စပ် သူဖြစ်ကြောင်း နိုဝင်ဘာ ၁၄ရက် ၌ ရဲတပ်ဖွဲ့ကစစ်ဆေးဖော်ထုတ် ခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁နာရီခန့်တွင် ဒဂုံ အရှေ့မြို့နယ်တရားရုံး၌ တရားခံက လက်တည့်စမ်းလိုသောကြောင့် ကျူးလွန်မိခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိကြောင်း ဖြောင့် ချက်ပေးခဲ့သည်ဟု ဒဂုံအရှေ့မြို့ နယ်တရားရုံးမှ စုံစမ်းသိရသည်။

‘‘သူက လိင်စိတ်ကြွစေတဲ့ ရုပ်ရှင်ကြည့်ထားတာမျိုးလည်းမ ဟုတ်ဘူး။ အရက်တွေဘာတွေ သောက်ထားတာလည်းမဟုတ် ဘူး။ သူစမ်းသပ်ပြီး သူ့ညီမလေး ကို လုပ်မိတာပါလို့ဖြောင့်ချက် ပေးသွားတာ’’ဟု ဒဂုံမြို့နယ်အ ရှေ့ပိုင်းရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

ရဲတပ်ဖွဲ့က တရားခံ အသက်(၁၈)နှစ်အရွယ်ရှိ အစ်ကိုဖြစ်သူ ကိုကိုဟန်(ခ)ကိုဟန်ကို နိုဝင်ဘာ ၉ရက်ကတည်းက  မသင်္ကာသူအဖြစ်ခေါ်ယူစစ်ဆေးခဲ့ရာ ကိုကိုဟန်က အကျောက်အကန်ငြင်းဆိုနေသောကြောင့် ချော့မော့စစ်ဆေးခဲ့ကြောင်း ဒုရဲအုပ်ဇော်မင်းလှိုင်က ပြောသည်။

‘‘အမှုစဖြစ်ကတည်းက စော် ကားခံရတဲ့ကောင်မလေးက အဲဒီ သူ့အစ်ကိုနာမည်ပဲပြောနေတာ။ ကိုကိုကြီးက သမီးကိုလုပ်တာဆို ပြီးပြောတယ်။ ဒါပေမဲ့ဟိုကောင် က အကျောက်အကန်ငြင်း၊ မိသားစုချင်းဖြစ်နေတော့ ချော့မော့ပြီး ပြစ်ဒဏ်လျှော့ပေးမယ်။ မင်းညီမလေးကို မသနားဘူးလားအဲဒီလိုမေးမှပြောတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ မိသားစုဘက်ကလည်း တရား ဥပဒေအရ အရေးယူခြင်းကိုသာ လက်ခံမည်ဖြစ်ကြောင်း ပြော ကြားထားသည်။ လက်ရှိတွင် တ ရားခံ ကိုကိုဟန်(ခ)ကိုဟန်ကို ဒဂုံအရှေ့မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃၊ ၃၇၆၊ ၅၁၁တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ချုပ်ရက်ရမန်ဖြင့် ချုပ်နှောင်ထားသည်။ ရန်ကုန်တိုင်းတွင် ၁၀လအတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄မှုဖြစ်ပွားပြီး ယင်းအရေအတွက်မှာ ရန်ကုန်တိုင်းအတွင်းမှာပင် လေးရက်လျှင် ကလေးငယ်တစ်ဦးနှုန်းလိင်ပိုင်းဆိုင်ရာစော်ကားခံနေရခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top