Property Expo
×

   ဆံပင္ကၽြတ္ျခင္းဟာ ေယာက်ာ္းမိန္းမမေရြး၊ အရြယ္မေရြး ျဖစ္ေလ့ရွိၿပီး မ်ိဳး႐ိုးဗီဇ၊ ေဟာ္မုန္း အေျပာင္းအလဲ၊ ေဆးဝါးမ်ားေသာက္သံုးျခင္းႏွင့္ တခ်ိဳ႕ေသာေရာဂါအေျခအေနေၾကာင့္ ဆံပင္ကၽြတ္ႏုိင္ပါတယ္။

          အသက္အရြယ္ႀကီးလာခ်ိန္တြင္ သဘာဝအေလ်ာက္ဆံပင္က်ဲပါးလာျခင္းက မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္ၿပီး ထိပ္ေျပာင္ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းတခုျဖစ္ပါတယ္။ ဆံပင္ကၽြတ္ျခင္းကို အခ်ိဳ႕ေသာသူေတြက ဒီအတိုင္း ထားေလ့ရွိၿပီး အခ်ိဳ႕ေသာသူေတြက ဦးထုပ္ေဆာင္းျခင္း၊ ဆံပင္ပံုစံေျပာင္းျခင္း စတာေတြႏွင့္ ဖံုးကြယ္ေလ့ရွိ ပါတယ္။ ဆံပင္ကၽြတ္တာမ်ားတယ္ဆုိရင္ေတာ့ ဆရာဝန္ႏွင့္တုိင္ပင္ၿပီး ေဆးကုသမႈခံယူသင့္ပါတယ္။

လကၡဏာမ်ား

        ျဖစ္ေပၚေစတဲ့အေၾကာင္းရင္းေပၚမူတည္ၿပီး ဆံပင္ကၽြတ္တာအမ်ိဳးမ်ိဳးျဖစ္ႏုိင္ပါတယ္။ ႐ုတ္တရက္ျဖစ္ႏုိင္ သလို တျဖည္းျဖည္းခ်င္း က်ဲပါးသြားတာလည္းေတြ႕ရပါတယ္။

1. ဦးေခါင္းထိပ္ရွိဆံပင္မ်ား တျဖည္းျဖည္းပါးလာျခင္း

        အျဖစ္အမ်ားဆံုးပံုစံျဖစ္ၿပီး အသက္အရြယ္ႀကီးလာတဲ့အမ်ိဳးသား၊ အမ်ိဳးသမီးေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ အမ်ိဳးသားေတြက နဖူးကစ၍ တျဖည္းျဖည္းဆံပင္ေတြကၽြတ္လာတာျဖစ္ၿပီး အမ်ိဳးသမီးေတြက တေခါင္းလံုး တျဖည္းျဖည္းခ်င္း က်ဲလာတာျဖစ္ပါတယ္။

2. တေနရာတည္းကြက္၍ ဆံပင္ကၽြတ္ျခင္း

        အခ်ိဳ႕ေသာလူေတြမွာ တေနရာတည္းကြက္ၿပီး ဆံပင္ကၽြတ္ေလ့ရွိပါတယ္။ ဦးေရျပား၊ ဆံပင္မ်ားသာမက မုတ္ဆိတ္၊ မ်က္ခံုးေမြး စတဲ့ေနရာရွိ အေမႊးအမွ်င္ေတြပါကၽြတ္တာကို ေတြ႕ရပါတယ္။ ဆံပင္မကၽြတ္ခင္မွာ နာက်င္မႈ၊ ယားယံမႈေတြကို ခံစားရပါတယ္။

3. ဆံပင္မ်ား႐ုတ္တရက္ က်ဲပါးလာျခင္း

        စိတ္ဖိစီးမႈမ်ားျခင္းႏွင့္ က်န္းမာေရးျပႆနာေတြေၾကာင့္ရက္တိုအတြင္းမွာ ဆံပင္ေတြ႐ုတ္တရက္ က်ဲပါးလာႏုိင္ပါတယ္။ တေနရာတည္းမွာ ကြက္ၿပီးကၽြတ္တာမ်ိ္ဳးမဟုတ္ဘဲ တေခါင္းလံုးရွိ ဆံပင္ေတြ တျဖည္းျဖည္းပါးလာတာျဖစ္ပါတယ္။

4. တကိုယ္လံုးရွိ အေမႊးအမွ်င္မ်ားနည္းပါးလာျခင္း

        ကင္ဆာေရာဂါအတြက္ ကုထံုးခံယူျခင္းအပါအဝင္ အခ်ိဳ႕ေသာအေျခအေနေတြေၾကာင့္ တကိုယ္လံုးမွာ ရွိတဲ့ အေမႊးအမွ်င္ေတြပါးလာေလ့ရွိၿပီး မ်ားေသာအားျဖင့္ျပန္ေပါက္ပါတယ္။

5. ဦးေရျပားတြင္ အေၾကးခြံကဲ့သို႔ အကြက္မ်ားေပၚလာျခင္း

        ေပြးေရာဂါရဲ႕လကၡဏာတခုျဖစ္ပါတယ္။ ဆံပင္မ်ားက်ိဳးပဲ့ျခင္း၊ ဦးေရျပားနီျမန္းျခင္း၊ ေရာင္ရမ္းျခင္းတို႔ႏွင့္ပါ တြဲေလ့ရွိပါတယ္။

ဆံပင္ကၽြတ္ရျခင္းရဲ႕ အေၾကာင္းရင္း

        ပံုမွန္အားျဖင့္ လူအမ်ားစုဟာ တေန႔လွ်င္ဆံပင္ 50 မွ 100 ၾကား ကၽြတ္ေလ့ရွိပါတယ္။ တခ်ိန္တည္း မွာဘဲ ဆံပင္အသစ္ေတြ ထပ္ထပ္ေပါက္ေနတာေၾကာင့္ ဆံပင္ကၽြတ္တာကို သတိမထားမိတာျဖစ္ပါတယ္။ ဆံပင္အသစ္ေတြ ထပ္မေပါက္တဲ့အခါမွာျဖစ္ေစ၊ ဆံပင္အေမႊးအိတ္ေတြ ပ်က္စီးသြားၿပီး အမာရြတ္ေတြျဖင့္ အစားထုိးခံရတဲ့အခါမွာျဖစ္ေစ ထိပ္ေျပာင္လာပါတယ္။

          ဆံပင္ကၽြတ္ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းကို တိတိက်က်မသိရေပမယ့္ ေအာက္ပါအေၾကာင္း အရာေတြနဲ႔ ဆက္စပ္မႈရွိေနပါတယ္။

(1) မ်ိဳး႐ိုးလုိက္ျခင္း

          အျဖစ္အမ်ားဆံုးအေၾကာင္းအရာတစ္ခုျဖစ္ၿပီး အမ်ိဳးသားႏွင့္အမ်ိဳးသမီး ထိပ္ေျပာင္ပံုခ်င္းမတူညီပါဘူး။ အမ်ိဳးသားပံုစံႏွင့္ အမ်ိဳးသမီးပံုစံဆိုၿပီး 2 မ်ိဳးရွိပါတယ္။ မ်ားေသာအားျဖင့္ ေျဖးေျဖးခ်င္းျဖစ္ေလ့ရွိပါတယ္။

(2) ေဟာ္မုန္းေျပာင္းလဲျခင္း

          ကိုယ္ဝန္ေဆာင္ခ်ိန္ကာလ ေမြးခ်ိန္ႏွင့္ ေသြးဆံုးခ်ိန္မွာျဖစ္တတ္တဲ့ ေဟာ္မုန္းေျပာင္းလဲျခင္းေၾကာင့္ ယာယီဆံပင္ကၽြတ္ျခင္းကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ ေဟာ္မုန္းအေျပာင္းအလဲက သိုင္းရြိဳက္ေဟာ္မုန္းႏွင့္လည္း ဆက္စပ္မႈရွိတာေၾကာင့္ သိုင္းရြိဳက္ေဟာ္မုန္းနည္းျခင္း၊ မ်ားျခင္းေၾကာင့္လည္း ဆံပင္ကၽြတ္ႏုိင္ပါတယ္။

(3) အခ်ိဳ႕ေသာေရာဂါမ်ားႏွင့္ အခ်ိဳ႕ေသာေဆးဝါးမ်ား

          ဦးေရျပားမႈိပိုးဝင္ေရာက္တဲ့အခါမွာျဖစ္ေစ၊ ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္က အေမႊးအိတ္ေတြကို တိုက္ခိုက္ခံရတဲ့အခါမွာျဖစ္ေစ၊ lupus ေရာဂါရွိသူေတြမွာျဖစ္ေစ၊ အဆစ္ေရာင္ေရာဂါ၊ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ စိတ္က်ေဝဒနာမွာ အသံုးျပဳတဲ့ေဆးဝါး၊ သေႏၶတားေဆးေၾကာင့္ျဖစ္ေစ၊ ဦးေခါင္းကိုဓာတ္ေရာင္ျခည္ကုထံုးျဖင့္ကုသျခင္းေၾကာင့္ ျဖစ္ေစ၊ ဆံပင္ကိုတင္းေအာင္ပံုသြင္းထားတဲ့ ဆံပင္စတုိင္အခ်ိဳ႕ေၾကာင့္ျဖစ္ေစ၊ အလြန္အမင္းအပူေပးထားတဲ့ အဆီမ်ားလိမ္းက်ံျခင္းေၾကာင့္ျဖစ္ေစ ဆံပင္ကၽြတ္ႏုိင္ပါတယ္။ ဗီတာမင္ A ကလည္း ဆံပင္ကၽြတ္ေစတဲ့ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။

          အခ်ိဳ႕ေသာလူေတြမွာ ဆံပင္မဆြဲရမေနႏိုင္တဲ့ေရာဂါ (trichotillomania) ရွိၿပီး ဆံပင္ကိုတခ်ိန္လံုးဆြဲေနတာေၾကာင့္ ထိပ္ေျပာင္ျခင္း၊ ထိပ္ကြက္ျခင္းေတြ ျဖစ္လာႏုိင္ပါတယ္။

 (4) စိတ္ဖိစီးမႈမ်ားျခင္း

ဘယ္အရြယ္မွာဆံပင္စၿပီးပါးလာမလဲ

        ဆံပင္ကၽြတ္ႏႈန္း၊ ဆံပင္ကၽြတ္တဲ့အေနအထား စတဲ့အခ်က္ေတြအေပၚမွာ မ်ိဳး႐ိုးဗီဇက သက္ေရာက္မႈ ရွိပါတယ္။ ထိပ္ေျပာင္ျခင္းက အမ်ိဳးသားေတြမွာပိုျဖစ္ေလ့ရွိၿပီး တခါတရံဆံပင္ပါးၿပီး တိုလာတာႏွင့္တြဲတာ ကိုေတြ႕ရပါတယ္။

စစ္ေဆးျခင္း

        ဆရာဝန္က အေထြေထြက်န္းမာေရးစစ္ေဆးျခင္း၊ ေရာဂါရာဇဝင္ေမးျမန္းျခင္းႏွင့္ ေအာက္ပါ စစ္ေဆးမႈေတြ ျပဳလုပ္ပါလိမ့္မည္။

- ဆံပင္ကၽြတ္ျခင္းႏွင့္ ဆက္စပ္ေနတဲ့ေရာဂါရွိ/မရွိ ေသြးစစ္ေဆးျခင္း (ဥပမာ- သိုင္းရြိဳက္ေဟာ္မုန္းပမာဏ)

- ဆံပင္စကၽြတ္တဲ့ပမာဏကို သိရွိရန္အသာအယာဆြဲၾကည့္ျခင္း (Pull test)

- ဦးေရျပားေရာဂါပိုးကူးစက္ခံရျခင္း ရွိ/မရွိ သိရွိေစရန္ ဆံပင္ရဲ႕အျမစ္ကို စစ္ေဆးျခင္း (Scalp biopsy)

- ဆံပင္ကို အဏုၾကည့္မွန္ေျပာင္းျဖင့္စစ္ေဆးျခင္း

ကုထံုးမ်ား

        ေရာဂါအရင္းခံတစ္ခုရွိေနပါက ေရာဂါကိုဦးစြာကုသရမွာျဖစ္ပါတယ္။

ေဆးဝါးမ်ား

        အခ်ိဳ႕ေသာဆံပင္ကၽြတ္ျခင္းဟာ ထာဝရျဖစ္တာေၾကာင့္ ကုသလိုမရႏုိင္ေပမယ့္ ယာယီဆံပင္ကၽြတ္ျခင္း အတြက္ FDA က အသိအမွတ္ျပဳထားတဲ့ေဆးဝါးေတြရွိပါတယ္။

ခြဲစိတ္ကုသျခင္း

        ဦးေခါင္းရဲ႕ ေဘးဘက္ႏွင့္ ေနာက္ေစ့ရွိဆံပင္အခ်ိဳ႕ကိုယူၿပီး ထိပ္ေျပာင္တဲ့ေနရာမွာ အစားထိုးစိုက္ေပး တာျဖစ္ပါတယ္။ နာက်င္မႈေဝဒနာကို ခံစားရႏုိင္ၿပီး ကုန္က်စရိတ္မ်ားတဲ့ ကုသမႈျဖစ္ပါတယ္။ ေဘးထြက္ဆိုးက်ိဳး အမာရြတ္က်န္ျခင္း၊ ေရာဂါပိုးဝင္ေရာက္ျခင္း၊ ေဆးကု သ မႈနဲ႔ထိေရာက္မႈမရွိဘူးဆုိပါက ဆံပင္တုစြပ္ႏုိင္ပါတယ္။ ယခုအခါသဘာဝဆံပင္ႏွင့္မျခား အရည္အေသြးေကာင္းမြန္တဲ့ဆံပင္တုေတြကို အလြယ္တကူရရွိႏုိင္ၿပီးျဖစ္ပါတယ္။

ကာကြယ္ျခင္း

        ဆံပင္ကၽြတ္ျခင္းဒဏ္မွကင္းေဝးေစရန္ အာဟာရဓာတ္ျပည့္ဝေအာင္စားသံုးပါ။ ဆံပင္ကို တင္းတင္းက်ပ္က်ပ္ခ်ည္ေႏွာင္ျခင္း၊ ထံုးဖြဲ႔ျခင္း စတာေတြကိုေရွာင္ရွားပါ။ ဆံပင္အားအခ်ိန္တိုင္းပြတ္သပ္ျခင္း၊ ဆြဲျခင္းတို႔ မျပဳလုပ္မိေစရန္ သတိျပဳပါ။

          ေခါင္းေလွ်ာ္ရာမွာျဖစ္ေစ၊ ေခါင္းၿဖီးရာမွာျဖစ္ေစ ညင္သာစြာလုပ္ေဆာင္ပါ။ အသြားက်ယ္တဲ့ဘီးက ႐ႈပ္ေထြးေနတဲ့ဆံပင္ကို ရွင္းလင္းရာမွာလြယ္ကူေစၿပီး ဆံပင္ကၽြတ္ျခင္းကို သက္သာေစပါတယ္။ ေျဖာင့္စက္အသံုးျပဳျခင္း၊ ဆီပူလိမ္ျခင္း၊ အပူခ်ိန္ျပင္းေသာ Dryer ျဖင့္ အေျခာက္ခံျခင္းတုိ႔ကို ေရွာင္ရွားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

   ဆံပင်ကျွတ်ခြင်းဟာ ယောကျာ်းမိန်းမမရွေး၊ အရွယ်မရွေး ဖြစ်လေ့ရှိပြီး မျိုးရိုးဗီဇ၊ ဟော်မုန်း အပြောင်းအလဲ၊ ဆေးဝါးများသောက်သုံးခြင်းနှင့် တချို့သောရောဂါအခြေအနေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

          အသက်အရွယ်ကြီးလာချိန်တွင် သဘာဝအလျောက်ဆံပင်ကျဲပါးလာခြင်းက မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး ထိပ်ပြောင်ရခြင်းရဲ့ အဓိကအကြောင်းရင်းတခုဖြစ်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို အချို့သောသူတွေက ဒီအတိုင်း ထားလေ့ရှိပြီး အချို့သောသူတွေက ဦးထုပ်ဆောင်းခြင်း၊ ဆံပင်ပုံစံပြောင်းခြင်း စတာတွေနှင့် ဖုံးကွယ်လေ့ရှိ ပါတယ်။ ဆံပင်ကျွတ်တာများတယ်ဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။

လက္ခဏာများ

        ဖြစ်ပေါ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ဆံပင်ကျွတ်တာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရက်ဖြစ်နိုင် သလို တဖြည်းဖြည်းချင်း ကျဲပါးသွားတာလည်းတွေ့ရပါတယ်။

1. ဦးခေါင်းထိပ်ရှိဆံပင်များ တဖြည်းဖြည်းပါးလာခြင်း

        အဖြစ်အများဆုံးပုံစံဖြစ်ပြီး အသက်အရွယ်ကြီးလာတဲ့အမျိုးသား၊ အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေက နဖူးကစ၍ တဖြည်းဖြည်းဆံပင်တွေကျွတ်လာတာဖြစ်ပြီး အမျိုးသမီးတွေက တခေါင်းလုံး တဖြည်းဖြည်းချင်း ကျဲလာတာဖြစ်ပါတယ်။

2. တနေရာတည်းကွက်၍ ဆံပင်ကျွတ်ခြင်း

        အချို့သောလူတွေမှာ တနေရာတည်းကွက်ပြီး ဆံပင်ကျွတ်လေ့ရှိပါတယ်။ ဦးရေပြား၊ ဆံပင်များသာမက မုတ်ဆိတ်၊ မျက်ခုံးမွေး စတဲ့နေရာရှိ အမွှေးအမျှင်တွေပါကျွတ်တာကို တွေ့ရပါတယ်။ ဆံပင်မကျွတ်ခင်မှာ နာကျင်မှု၊ ယားယံမှုတွေကို ခံစားရပါတယ်။

3. ဆံပင်များရုတ်တရက် ကျဲပါးလာခြင်း

        စိတ်ဖိစီးမှုများခြင်းနှင့် ကျန်းမာရေးပြဿနာတွေကြောင့်ရက်တိုအတွင်းမှာ ဆံပင်တွေရုတ်တရက် ကျဲပါးလာနိုင်ပါတယ်။ တနေရာတည်းမှာ ကွက်ပြီးကျွတ်တာမျိုးမဟုတ်ဘဲ တခေါင်းလုံးရှိ ဆံပင်တွေ တဖြည်းဖြည်းပါးလာတာဖြစ်ပါတယ်။

4. တကိုယ်လုံးရှိ အမွှေးအမျှင်များနည်းပါးလာခြင်း

        ကင်ဆာရောဂါအတွက် ကုထုံးခံယူခြင်းအပါအဝင် အချို့သောအခြေအနေတွေကြောင့် တကိုယ်လုံးမှာ ရှိတဲ့ အမွှေးအမျှင်တွေပါးလာလေ့ရှိပြီး များသောအားဖြင့်ပြန်ပေါက်ပါတယ်။

5. ဦးရေပြားတွင် အကြေးခွံကဲ့သို့ အကွက်များပေါ်လာခြင်း

        ပွေးရောဂါရဲ့လက္ခဏာတခုဖြစ်ပါတယ်။ ဆံပင်များကျိုးပဲ့ခြင်း၊ ဦးရေပြားနီမြန်းခြင်း၊ ရောင်ရမ်းခြင်းတို့နှင့်ပါ တွဲလေ့ရှိပါတယ်။

ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်း

        ပုံမှန်အားဖြင့် လူအများစုဟာ တနေ့လျှင်ဆံပင် 50 မှ 100 ကြား ကျွတ်လေ့ရှိပါတယ်။ တချိန်တည်း မှာဘဲ ဆံပင်အသစ်တွေ ထပ်ထပ်ပေါက်နေတာကြောင့် ဆံပင်ကျွတ်တာကို သတိမထားမိတာဖြစ်ပါတယ်။ ဆံပင်အသစ်တွေ ထပ်မပေါက်တဲ့အခါမှာဖြစ်စေ၊ ဆံပင်အမွှေးအိတ်တွေ ပျက်စီးသွားပြီး အမာရွတ်တွေဖြင့် အစားထိုးခံရတဲ့အခါမှာဖြစ်စေ ထိပ်ပြောင်လာပါတယ်။

          ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကို တိတိကျကျမသိရပေမယ့် အောက်ပါအကြောင်း အရာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။

(1) မျိုးရိုးလိုက်ခြင်း

          အဖြစ်အများဆုံးအကြောင်းအရာတစ်ခုဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီး ထိပ်ပြောင်ပုံချင်းမတူညီပါဘူး။ အမျိုးသားပုံစံနှင့် အမျိုးသမီးပုံစံဆိုပြီး 2 မျိုးရှိပါတယ်။ များသောအားဖြင့် ဖြေးဖြေးချင်းဖြစ်လေ့ရှိပါတယ်။

(2) ဟော်မုန်းပြောင်းလဲခြင်း

          ကိုယ်ဝန်ဆောင်ချိန်ကာလ မွေးချိန်နှင့် သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲခြင်းကြောင့် ယာယီဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲက သိုင်းရွိုက်ဟော်မုန်းနှင့်လည်း ဆက်စပ်မှုရှိတာကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ များခြင်းကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

(3) အချို့သောရောဂါများနှင့် အချို့သောဆေးဝါးများ

          ဦးရေပြားမှိုပိုးဝင်ရောက်တဲ့အခါမှာဖြစ်စေ၊ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အမွှေးအိတ်တွေကို တိုက်ခိုက်ခံရတဲ့အခါမှာဖြစ်စေ၊ lupus ရောဂါရှိသူတွေမှာဖြစ်စေ၊ အဆစ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ကျဝေဒနာမှာ အသုံးပြုတဲ့ဆေးဝါး၊ သန္ဓေတားဆေးကြောင့်ဖြစ်စေ၊ ဦးခေါင်းကိုဓာတ်ရောင်ခြည်ကုထုံးဖြင့်ကုသခြင်းကြောင့် ဖြစ်စေ၊ ဆံပင်ကိုတင်းအောင်ပုံသွင်းထားတဲ့ ဆံပင်စတိုင်အချို့ကြောင့်ဖြစ်စေ၊ အလွန်အမင်းအပူပေးထားတဲ့ အဆီများလိမ်းကျံခြင်းကြောင့်ဖြစ်စေ ဆံပင်ကျွတ်နိုင်ပါတယ်။ ဗီတာမင် A ကလည်း ဆံပင်ကျွတ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

          အချို့သောလူတွေမှာ ဆံပင်မဆွဲရမနေနိုင်တဲ့ရောဂါ (trichotillomania) ရှိပြီး ဆံပင်ကိုတချိန်လုံးဆွဲနေတာကြောင့် ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

 (4) စိတ်ဖိစီးမှုများခြင်း

ဘယ်အရွယ်မှာဆံပင်စပြီးပါးလာမလဲ

        ဆံပင်ကျွတ်နှုန်း၊ ဆံပင်ကျွတ်တဲ့အနေအထား စတဲ့အချက်တွေအပေါ်မှာ မျိုးရိုးဗီဇက သက်ရောက်မှု ရှိပါတယ်။ ထိပ်ပြောင်ခြင်းက အမျိုးသားတွေမှာပိုဖြစ်လေ့ရှိပြီး တခါတရံဆံပင်ပါးပြီး တိုလာတာနှင့်တွဲတာ ကိုတွေ့ရပါတယ်။

စစ်ဆေးခြင်း

        ဆရာဝန်က အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် အောက်ပါ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မည်။

- ဆံပင်ကျွတ်ခြင်းနှင့် ဆက်စပ်နေတဲ့ရောဂါရှိ/မရှိ သွေးစစ်ဆေးခြင်း (ဥပမာ- သိုင်းရွိုက်ဟော်မုန်းပမာဏ)

- ဆံပင်စကျွတ်တဲ့ပမာဏကို သိရှိရန်အသာအယာဆွဲကြည့်ခြင်း (Pull test)

- ဦးရေပြားရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ သိရှိစေရန် ဆံပင်ရဲ့အမြစ်ကို စစ်ဆေးခြင်း (Scalp biopsy)

- ဆံပင်ကို အဏုကြည့်မှန်ပြောင်းဖြင့်စစ်ဆေးခြင်း

ကုထုံးများ

        ရောဂါအရင်းခံတစ်ခုရှိနေပါက ရောဂါကိုဦးစွာကုသရမှာဖြစ်ပါတယ်။

ဆေးဝါးများ

        အချို့သောဆံပင်ကျွတ်ခြင်းဟာ ထာဝရဖြစ်တာကြောင့် ကုသလိုမရနိုင်ပေမယ့် ယာယီဆံပင်ကျွတ်ခြင်း အတွက် FDA က အသိအမှတ်ပြုထားတဲ့ဆေးဝါးတွေရှိပါတယ်။

ခွဲစိတ်ကုသခြင်း

        ဦးခေါင်းရဲ့ ဘေးဘက်နှင့် နောက်စေ့ရှိဆံပင်အချို့ကိုယူပြီး ထိပ်ပြောင်တဲ့နေရာမှာ အစားထိုးစိုက်ပေး တာဖြစ်ပါတယ်။ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး ကုန်ကျစရိတ်များတဲ့ ကုသမှုဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး အမာရွတ်ကျန်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ ဆေးကု သ မှုနဲ့ထိရောက်မှုမရှိဘူးဆိုပါက ဆံပင်တုစွပ်နိုင်ပါတယ်။ ယခုအခါသဘာဝဆံပင်နှင့်မခြား အရည်အသွေးကောင်းမွန်တဲ့ဆံပင်တုတွေကို အလွယ်တကူရရှိနိုင်ပြီးဖြစ်ပါတယ်။

ကာကွယ်ခြင်း

        ဆံပင်ကျွတ်ခြင်းဒဏ်မှကင်းဝေးစေရန် အာဟာရဓာတ်ပြည့်ဝအောင်စားသုံးပါ။ ဆံပင်ကို တင်းတင်းကျပ်ကျပ်ချည်နှောင်ခြင်း၊ ထုံးဖွဲ့ခြင်း စတာတွေကိုရှောင်ရှားပါ။ ဆံပင်အားအချိန်တိုင်းပွတ်သပ်ခြင်း၊ ဆွဲခြင်းတို့ မပြုလုပ်မိစေရန် သတိပြုပါ။

          ခေါင်းလျှော်ရာမှာဖြစ်စေ၊ ခေါင်းဖြီးရာမှာဖြစ်စေ ညင်သာစွာလုပ်ဆောင်ပါ။ အသွားကျယ်တဲ့ဘီးက ရှုပ်ထွေးနေတဲ့ဆံပင်ကို ရှင်းလင်းရာမှာလွယ်ကူစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဖြောင့်စက်အသုံးပြုခြင်း၊ ဆီပူလိမ်ခြင်း၊ အပူချိန်ပြင်းသော Dryer ဖြင့် အခြောက်ခံခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top