Property Expo
×

ပဲခူးတုိင္း စုိင္တီေက်း ရြာတြင္ မဂၤလာဆြမ္းေကၽြးရန္ တုိင္ပင္ေနစဥ္ စကားမ်ားရန္ျဖစ္ရာမွ သတုိ႔သားျဖစ္သူ လူသတ္မႈက်ဴးလြန္ခဲ့ေၾကာင္း သတင္းရရွိသည္။

အသက္(၁၈)ႏွစ္အရြယ္ သ တုိ႔သားသည္ ႏုိ၀င္ဘာ ၂၅ ရက္ ည ၁၀ နာရီေက်ာ္က မဂၤလာဆြမ္း ကပ္ရန္ တုိင္ပင္ေနစဥ္ အစ္ကို၀မ္းကြဲျဖစ္သူ အရက္မူး၍ ေရာက္ရွိလာၿပီးေနာက္ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ပဲခူးရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘လူသတ္မႈျဖစ္တဲ့သူနဲ႔ ေသ တဲ့သူနဲ႔ကလည္း အမ်ဳိးေတြပါ။  ေသတဲ့သူက အရက္ေသာက္ၿပီး ေရာက္လာတယ္။ ဦးေလးျဖစ္တဲ့ သူကုိ လက္သီးနဲ႔၀င္ထုိးရာကေန စျဖစ္တာပါ။ အေဖျဖစ္သူကို သစ္ သားေယာက္မနဲ႔ ႐ုိက္ဖုိ႔လုပ္ေတာ့ သားျဖစ္သူက ဓားနဲ႔ထုိးလုိက္တာ ပါ’’ဟု ၎ကေျပာသည္။

ဓားထုိးခံရသည့္ အသက္ (၂၇)ႏွစ္အရြယ္ အမ်ဳိးသားကုိ ပဲ ခူးၿမိဳ႕ ျပည္သူေဆး႐ုံသုိ႔ တင္ပုိ႔စဥ္ တစ္နာရီခန္႔အၾကာတြင္ ေသဆုံးခဲ့သည္ဟု သိရသည္။

‘‘ေကာင္ေလးနဲ႔ ရန္ျဖစ္တာ ေတာ့ မဟုတ္ဘူး။ သူတုိ႔ေတြ မဂၤ လာကိစၥ တုိင္ပင္ေနတုန္း မူးၿပီး ေရာက္လာတာက စျဖစ္တာပါ။ဦးေလး၀မ္းကဲြကို လက္သီးနဲ႔ထုိး ေတာ့ ၀ုိင္းဆြဲၾကတယ္။ ေနာက္ ေတာ့ သတုိ႔သားေလာင္းအေဖကုိ ႐ုိက္မယ္လုပ္ေတာ့ သားက ဓားနဲ႔ ၀င္ထုိးလုိက္တာပါ’’ဟု ပဲခူးၿမိဳ႕ခံ အမ်ဳိးသားကေျပာသည္။

ဓားျဖင့္ထုိးခဲ့သူသည္ ႏုိ၀င္ဘာ ၂၇ ရက္တြင္ မဂၤလာပြဲက်င္းပမည္ျဖစ္ေသာ္လည္း လူသတ္မႈက်ဴးလြန္မႈေၾကာင့္ ပဲခူးရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပဲခူးတိုင်း စိုင်တီကျေး ရွာတွင် မင်္ဂလာဆွမ်းကျွေးရန် တိုင်ပင်နေစဉ် စကားများရန်ဖြစ်ရာမှ သတို့သားဖြစ်သူ လူသတ်မှုကျူးလွန်ခဲ့ကြောင်း သတင်းရရှိသည်။

အသက်(၁၈)နှစ်အရွယ် သ တို့သားသည် နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီကျော်က မင်္ဂလာဆွမ်း ကပ်ရန် တိုင်ပင်နေစဉ် အစ်ကိုဝမ်းကွဲဖြစ်သူ အရက်မူး၍ ရောက်ရှိလာပြီးနောက် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပဲခူးရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘လူသတ်မှုဖြစ်တဲ့သူနဲ့ သေ တဲ့သူနဲ့ကလည်း အမျိုးတွေပါ။  သေတဲ့သူက အရက်သောက်ပြီး ရောက်လာတယ်။ ဦးလေးဖြစ်တဲ့ သူကို လက်သီးနဲ့ဝင်ထိုးရာကနေ စဖြစ်တာပါ။ အဖေဖြစ်သူကို သစ် သားယောက်မနဲ့ ရိုက်ဖို့လုပ်တော့ သားဖြစ်သူက ဓားနဲ့ထိုးလိုက်တာ ပါ’’ဟု ၎င်းကပြောသည်။

ဓားထိုးခံရသည့် အသက် (၂၇)နှစ်အရွယ် အမျိုးသားကို ပဲ ခူးမြို့ ပြည်သူဆေးရုံသို့ တင်ပို့စဉ် တစ်နာရီခန့်အကြာတွင် သေဆုံးခဲ့သည်ဟု သိရသည်။

‘‘ကောင်လေးနဲ့ ရန်ဖြစ်တာ တော့ မဟုတ်ဘူး။ သူတို့တွေ မင်္ဂ လာကိစ္စ တိုင်ပင်နေတုန်း မူးပြီး ရောက်လာတာက စဖြစ်တာပါ။ဦးလေးဝမ်းကွဲကို လက်သီးနဲ့ထိုး တော့ ဝိုင်းဆွဲကြတယ်။ နောက် တော့ သတို့သားလောင်းအဖေကို ရိုက်မယ်လုပ်တော့ သားက ဓားနဲ့ ဝင်ထိုးလိုက်တာပါ’’ဟု ပဲခူးမြို့ခံ အမျိုးသားကပြောသည်။

ဓားဖြင့်ထိုးခဲ့သူသည် နိုဝင်ဘာ ၂၇ ရက်တွင် မင်္ဂလာပွဲကျင်းပမည်ဖြစ်သော်လည်း လူသတ်မှုကျူးလွန်မှုကြောင့် ပဲခူးရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top