Property Expo
×

 “ သြားတစ္ခါတိုက္လွ်င္ 2 မိနစ္စီျဖင့္ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္တိုက္ပါ။ သြားပြတ္ႀကိဳးကို တေန႔တစ္ႀကိမ္အသံုးျပဳပါ။ သြားဆရာ၀န္ႏွင့္ ပံုမွန္ျပသပါ ” စတဲ့အခ်က္ 3 ခ်က္က ေတာက္ပတဲ့အျပံဳးေတြကို ပိုင္ဆိုင္ႏုိင္တဲ့နည္းလမ္းဆိုတာကို သိၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိန္အနည္းငယ္ေပး႐ံုမွ်ျဖင့္ ခံတြင္းက်န္းမာေရးကိုပိုမိုေကာင္းမြန္ေစတဲ့ အေလ့အက်င့္ေတြရွိတာေၾကာင့္ ေဖာ္ျပေပးလိုက္ပါတယ္။


က်န္းမာေရးနဲ႔ညီညြတ္တဲ့အဆာေျပအစာကို စားသံုးပါ

အခ်ိဳဓာတ္ႂကြယ္၀တဲ့ သြားေရစာစားသံုးတဲ့အႀကိမ္ကို အကန္႔အသတ္တခုထားရွိပါ။ အခ်ိဳခဏခဏစားေလေလ သြားပ်က္စီးေလပါပဲ။ သၾကားဓာတ္ပါ၀င္တဲ့အစားအေသာက္ေတြ အစားမ်ားေလ သြားေႂကြလႊာ တိုက္စားခံရျခင္းႏွင့္သြားပိုးစားျခင္းတို႔ ျဖစ္ႏိုင္ေလပဲ ျဖစ္ပါတယ္။



လက္ဖက္ေျခာက္ခပ္ထားတဲ့ ေရေႏြးၾကမ္းမွီ၀ဲပါ

သြားပိုးစားျခင္းကိုကာကြယ္ဖို႔အတြက္ ေနာက္နည္းလမ္းတခုကေတာ့ လက္ဖက္ေျခာက္ခပ္ထားတဲ့ ေရေႏြးၾကမ္းမွီ၀ဲျခင္းပဲျဖစ္ပါတယ္။ လက္ဖက္ေျခာက္ခပ္ထားတဲ့ ေရေႏြးၾကမ္းမွာပါ၀င္တဲ့ polyphenol က ဘက္တီးရီးယားပိုေပါက္ဖြားမႈကို တားဆီးေပးႏုိင္တာေၾကာင့္ သြားပိုးစားျခင္းကိုကာကြယ္ေပးႏုိင္ပါတယ္။



သၾကားမပါ၀င္တဲ့ ပီေက၀ါးပါ

အာခံတြင္းစုိစြတ္မႈကိုထိန္းသိမ္းဖို႔အတြက္ သၾကားမပါ၀င္တဲ့ ပီေက၀ါးပါ။ ပီေက၀ါးျခင္းျဖင့္ တံေတြးထုတ္လုပ္မႈကို လႈံ႔ေဆာ္ေပးႏုိင္တာေၾကာင့္ ဘက္တီးရီးယားပိုးမႊားေတြမွထုတ္လုပ္တဲ့ အက္ဆစ္ဓာတ္ကိုေလ်ာ့ပါးေစပါတယ္။ ဒါ့အျပင္ တံေတြးက ကယ္လ္ဆီယမ္ႏွင့္ ေဖာ့စဖိတ္ (Phosphate) ဓာတ္ေတြကို သြားမ်က္ႏွာျပင္အရင္ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးႏုိင္တာေၾကာင့္ ေႂကြလႊာေတြကိုပိုမိုသန္စြမ္းေစပါတယ္။ ထိေရာက္မႈအရွိဆံုးျဖစ္ေစရန္ အစာစားၿပီးတုိင္း သၾကားမပါတဲ့ပီေကကို မိနစ္ 20 ခန္႔ ၀ါးေပးပါ။


လွ်ာပြတ္တံအသံုးျပဳပါ

ခံတြင္းရနံ႔ေကာင္းမြန္ေစဖုိ႔အတြက္ တေန႔ႏွစ္ႀကိမ္သြားတိုက္႐ံုနဲ႔ မလံုေလာက္ပါဘူး။ လွ်ာေပၚမွာရွိတဲ့ ဘက္တီးရီးယားေတြကို လွ်ာပြတ္တံျဖင့္ဖယ္ရွားျခင္းက ခံတြင္းရနံ႔ကိုေကာင္းမြန္ေစ႐ံုသာမက သြားမပ်က္ဆီးေအာင္လည္း ကာကြယ္ေပးႏုိင္ပါတယ္။



ခ်ိစ္(ဒိန္ခဲ)မွီ၀ဲပါ

သၾကားမပါတဲ့ ပီေကေတြလိုပဲ ဒိန္ခဲေတြက တံေတြးထြက္ရွိႏႈန္းကို ေကာင္းမြန္ေစတယ္လို႔သိရပါတယ္။ ဒါ့အျပင္ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းေတြရဲ႕ထံုးစံအတိုင္း ကယ္လ္ဆီယမ္၊ ေဖာ့စဖိတ္နဲ႔ ဗီတာမင္D ဓာတ္ေတြႂကြယ္၀တာေၾကာင့္ သြားေႂကြလႊာေတြကို သန္မာေစပါတယ္။ PH ပမာဏကိုထိန္းထားႏုိင္တာေၾကာင့္ ခံတြင္းအတြင္းရွိ အက္ဆစ္ပမာဏကို ေလ်ာ့က်ေစပါတယ္။



မုန္လာဥနီအစိမ္းစားသံုးပါ

မ်က္စိအားေကာင္းေစတဲ့ မုန္လာဥနီဟာခံတြင္းအတြက္လည္း အေရးပါတဲ့အရာျဖစ္ေနျပန္ပါတယ္။ ခံတြင္းထဲမွာရွိတဲ့ အက္ဆစ္ကိုေလ်ာ့ခ်ခ်င္တယ္ဆုိရင္ေတာ့ မုန္လာဥနီအစိမ္းကို ဒီအတိုင္းစားေပးပါ။ ဗီတာမင္ႏွင့္ သတၱဳဓာတ္ေတြႂကြယ္၀တဲ့ မုန္လာဥနီဟာ ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္ကို ၾကံခိုင္ေစတာေၾကာင့္ သြားႏွင့္ခံတြင္းက်န္းမာေရးေကာင္းမြန္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

 “ သွားတစ်ခါတိုက်လျှင် 2 မိနစ်စီဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်ပါ။ သွားပွတ်ကြိုးကို တနေ့တစ်ကြိမ်အသုံးပြုပါ။ သွားဆရာဝန်နှင့် ပုံမှန်ပြသပါ ” စတဲ့အချက် 3 ချက်က တောက်ပတဲ့အပြုံးတွေကို ပိုင်ဆိုင်နိုင်တဲ့နည်းလမ်းဆိုတာကို သိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အနည်းငယ်ပေးရုံမျှဖြင့် ခံတွင်းကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့ အလေ့အကျင့်တွေရှိတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။



ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆာပြေအစာကို စားသုံးပါ

အချိုဓာတ်ကြွယ်ဝတဲ့ သွားရေစာစားသုံးတဲ့အကြိမ်ကို အကန့်အသတ်တခုထားရှိပါ။ အချိုခဏခဏစားလေလေ သွားပျက်စီးလေပါပဲ။ သကြားဓာတ်ပါဝင်တဲ့အစားအသောက်တွေ အစားများလေ သွားကြွေလွှာ တိုက်စားခံရခြင်းနှင့်သွားပိုးစားခြင်းတို့ ဖြစ်နိုင်လေပဲ ဖြစ်ပါတယ်။



လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းမှီဝဲပါ

သွားပိုးစားခြင်းကိုကာကွယ်ဖို့အတွက် နောက်နည်းလမ်းတခုကတော့ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းမှီဝဲခြင်းပဲဖြစ်ပါတယ်။ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းမှာပါဝင်တဲ့ polyphenol က ဘက်တီးရီးယားပိုပေါက်ဖွားမှုကို တားဆီးပေးနိုင်တာကြောင့် သွားပိုးစားခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။



သကြားမပါဝင်တဲ့ ပီကေဝါးပါ

အာခံတွင်းစိုစွတ်မှုကိုထိန်းသိမ်းဖို့အတွက် သကြားမပါဝင်တဲ့ ပီကေဝါးပါ။ ပီကေဝါးခြင်းဖြင့် တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဘက်တီးရီးယားပိုးမွှားတွေမှထုတ်လုပ်တဲ့ အက်ဆစ်ဓာတ်ကိုလျော့ပါးစေပါတယ်။ ဒါ့အပြင် တံတွေးက ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ် (Phosphate) ဓာတ်တွေကို သွားမျက်နှာပြင်အရင်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် ကြွေလွှာတွေကိုပိုမိုသန်စွမ်းစေပါတယ်။ ထိရောက်မှုအရှိဆုံးဖြစ်စေရန် အစာစားပြီးတိုင်း သကြားမပါတဲ့ပီကေကို မိနစ် 20 ခန့် ဝါးပေးပါ။



လျှာပွတ်တံအသုံးပြုပါ

ခံတွင်းရနံ့ကောင်းမွန်စေဖို့အတွက် တနေ့နှစ်ကြိမ်သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို လျှာပွတ်တံဖြင့်ဖယ်ရှားခြင်းက ခံတွင်းရနံ့ကိုကောင်းမွန်စေရုံသာမက သွားမပျက်ဆီးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။



ချိစ်(ဒိန်ခဲ)မှီဝဲပါ

သကြားမပါတဲ့ ပီကေတွေလိုပဲ ဒိန်ခဲတွေက တံတွေးထွက်ရှိနှုန်းကို ကောင်းမွန်စေတယ်လို့သိရပါတယ်။ ဒါ့အပြင် နို့နှင့် နို့ထွက်ပစ္စည်းတွေရဲ့ထုံးစံအတိုင်း ကယ်လ်ဆီယမ်၊ ဖော့စဖိတ်နဲ့ ဗီတာမင်D ဓာတ်တွေကြွယ်ဝတာကြောင့် သွားကြွေလွှာတွေကို သန်မာစေပါတယ်။ PH ပမာဏကိုထိန်းထားနိုင်တာကြောင့် ခံတွင်းအတွင်းရှိ အက်ဆစ်ပမာဏကို လျော့ကျစေပါတယ်။



မုန်လာဥနီအစိမ်းစားသုံးပါ

မျက်စိအားကောင်းစေတဲ့ မုန်လာဥနီဟာခံတွင်းအတွက်လည်း အရေးပါတဲ့အရာဖြစ်နေပြန်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ အက်ဆစ်ကိုလျော့ချချင်တယ်ဆိုရင်တော့ မုန်လာဥနီအစိမ်းကို ဒီအတိုင်းစားပေးပါ။ ဗီတာမင်နှင့် သတ္တုဓာတ်တွေကြွယ်ဝတဲ့ မုန်လာဥနီဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကြံခိုင်စေတာကြောင့် သွားနှင့်ခံတွင်းကျန်းမာရေးကောင်းမွန်မှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top