Property Expo
×

 လိႈင္ၿမိဳ႕နယ္ ျပည္လမ္းမ အင္းလ်ားကန္ေပါင္ေရွ႕တြင္ ဒိုင္ နာယာဥ္တစ္စီး အရွိန္လြန္တိမ္း ေမွာက္ၿပီး ယာဥ္ေမာင္းမွာ အဆိုပါယာဥ္ေအာက္ ပိမိသျဖင့္ ေနရာတြင္ပင္ ေသဆံုးခဲ့ေၾကာင္း သ တင္းရရွိသည္။

တိမ္းေမွာက္ခဲ့သည့္ ဒိုင္နာ ယာဥ္သည္ ႏိုဝင္ဘာ ၁၅ ရက္ ည ၈ နာရီေက်ာ္တြင္ မရမ္းကုန္း ဘက္မွ လွည္းတန္းဘက္သို႔ ေမာင္းႏွင္လာစဥ္ အရိွိန္လြန္ကာ လမ္းလယ္ ကြန္ကရစ္တံုးမ်ားကို ဝင္တိုက္မိၿပီးေနာက္ တိမ္းေမွာက္ ခဲ့ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ မွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘ကားေပၚမွာ ပါလာတာ ေတာ့ အမ်ိဳးသားႏွစ္ဦးတည္းပါ။ ယာဥ္ေမာင္းကေတာ့ ယာဥ္တိမ္း ေမွာက္တဲ့ ဒဏ္ရာေၾကာင့္ ဦး ေခါင္းခြံထိသြားတယ္။ ကား ေမွာက္တဲ့ေနရာမွာပဲ ေသဆံုး သြားပါတယ္။ ေဘးတစ္ေယာက္ ကေတာ့ ထိခိုက္ဒဏ္ရာရရွိေပ မယ့္ စုိးရိမ္စရာမရွိပါဘူး’’ဟု ရဲ အရာရွိကေျပာသည္။

ေသဆံုးခဲ့သည့္ ယာဥ္ေမာင္း သည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ တြင္ ေနထိုင္သူ အသက္(၄၃)ႏွစ္အရြယ္ရွိ သန္းစိုး (ခ) ေဘာႀကီးျဖစ္ၿပီး ယာဥ္ေခါင္းပိုင္းႏွင့္ ပိမိသျဖင့္ ဦးေခါင္းခြံ႐ိုးပြင့္ထြက္ခဲ့ကာ တိမ္းေမွာက္သည့္ေနရာတြင္ ေသဆံုးခဲ့ေၾကာင္း ရဲအရာရွိတစ္ ဦးကေျပာသည္။

 ယာဥ္တိမ္းေမွာက္ခဲ့သည့္ အတြက္ တန္ဖိုးေငြ က်ပ္ ၁၀ သိန္း ခန္႔ ဆံုး႐ႈံးၿပီး ယာဥ္ေမာင္းကို လိႈင္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က)/၃၃၈/၂၇၉ ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 လှိုင်မြို့နယ် ပြည်လမ်းမ အင်းလျားကန်ပေါင်ရှေ့တွင် ဒိုင် နာယာဉ်တစ်စီး အရှိန်လွန်တိမ်း မှောက်ပြီး ယာဉ်မောင်းမှာ အဆိုပါယာဉ်အောက် ပိမိသဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။

တိမ်းမှောက်ခဲ့သည့် ဒိုင်နာ ယာဉ်သည် နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီကျော်တွင် မရမ်းကုန်း ဘက်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာစဉ် အရှိန်လွန်ကာ လမ်းလယ် ကွန်ကရစ်တုံးများကို ဝင်တိုက်မိပြီးနောက် တိမ်းမှောက် ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။


‘‘ကားပေါ်မှာ ပါလာတာ တော့ အမျိုးသားနှစ်ဦးတည်းပါ။ ယာဉ်မောင်းကတော့ ယာဉ်တိမ်း မှောက်တဲ့ ဒဏ်ရာကြောင့် ဦး ခေါင်းခွံထိသွားတယ်။ ကား မှောက်တဲ့နေရာမှာပဲ သေဆုံး သွားပါတယ်။ ဘေးတစ်ယောက် ကတော့ ထိခိုက်ဒဏ်ရာရရှိပေ မယ့် စိုးရိမ်စရာမရှိပါဘူး’’ဟု ရဲ အရာရှိကပြောသည်။

သေဆုံးခဲ့သည့် ယာဉ်မောင်း သည် မြောက်ဥက္ကလာပမြို့နယ် တွင် နေထိုင်သူ အသက်(၄၃)နှစ်အရွယ်ရှိ သန်းစိုး (ခ) ဘောကြီးဖြစ်ပြီး ယာဉ်ခေါင်းပိုင်းနှင့် ပိမိသဖြင့် ဦးခေါင်းခွံရိုးပွင့်ထွက်ခဲ့ကာ တိမ်းမှောက်သည့်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲအရာရှိတစ် ဦးကပြောသည်။

 ယာဉ်တိမ်းမှောက်ခဲ့သည့် အတွက် တန်ဖိုးငွေ ကျပ် ၁၀ သိန်း ခန့် ဆုံးရှုံးပြီး ယာဉ်မောင်းကို လှိုင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top