Property Expo
×

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ဒီချုပ်)က မဲရလဒ်ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ တာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် တက်လာတာလည်း ရှစ်လလောက် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြတ် သန်းနေရဆဲပါပဲ။


မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်အဟုန်က နှေးကွေးနေဆဲဖြစ်သလို ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ တိုင်းရင်းသားမျိုးနွယ်ပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး မျှော်မှန်းချက် တွေကလည်း ထင်သလောက် ခရီးမပေါက်နိုင်သေးပါဘူး။ ဒီအခြေအနေတွေမှာ ဂျပန်ဟာ အရှေ့တောင်အာရှဒေသက နိုင်ငံရဲ့ ပြည်သူတွေ မျှော်လင့်ထားသ လောက် ဖွံ့ဖြိုးတိုးတက်မှုတွေကို ကူညီတွန်းတင်ဖို့အတွက် လက်ရှိထက် ထိရောက်တဲ့ မူဝါဒတွေ ကို အကောင်အထည်ဖော်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။ မြန်မာအစိုးရအနေနဲ့ကတော့ စီးပွားရေး အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် မှု၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်နိုင်မှု အပိုင်းတွေ မှာ အခုထက်ပိုပြီး အားစိုက်ကြိုး စားရမှာပါ။


တပ်မတော်အစိုးရ လက်ထက်မှာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကို ဆယ်စုနှစ်တွေကြာမြင့်တဲ့ထိ ကြုံတွေ့ခဲ့ရတာ ကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားတွေ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သံတမန်ရေးရာ အောင်မြင်မှုတစ်ခုအနေနဲ့ အဲဒီစီးပွားရေး ပိတ်ဆို့မှု တွေကို ဖယ်ရှားနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ မျှော်လင့်ထားသ လောက် အားရစရာမဖြစ်သေး ကြောင်း ပြီးခဲ့တဲ့လကုန်ပိုင်း နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတော့ ဒေါ် အောင်ဆန်းစုကြည်က ဝန်ခံခဲ့ပါ တယ်။

ကမ္ဘာ့ဘဏ်က ၂၀၁၆-၁၇ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာ့စီးပွားရေးဟာ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းကလည်း ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ ဆိုတယ်။ ဒါပေ မဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ဟာ ၅ ရာခိုင်နှုန်းလောက် သာ ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ စီးပွားရေးတိုးတက်မှုနှေးကွေးရတဲ့ အကြောင်းတရား တွေထဲမှာ အစိုးရအပြောင်းအလဲကြောင့် လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာခြင်းက လည်း အဓိက အချက်တစ်ခုအဖြစ် ပါဝင်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ နှစ်ကာလတွေ ပြီးဆုံးသွား တဲ့တိုင် မြန်မာနိုင်ငံသားအများစုဟာ ဆင်းရဲကျပ်တည်းနေကြဆဲ ဖြစ်ပါတယ်။ အခြေခံစားနပ်ရိက္ခာနဲ့ လောင်စာဆီ ဈေးနှုန်းတွေ မြင့်မားလွန်းနေတာက မြန်မာပြည်သူတွေရဲ့ ဘဝအခြေအနေ

ကို ပြင်းပြင်းထန်ထန် ရိုက်ခတ် နေဆဲပါ။ တကယ်လို့ ဒီချုပ်အစိုးရ လက်ထက်မှာ စီးပွားရေးဖွံ့ဖြိုးမှု ကောင်းကျိုးတွေ ထင်ထင်ရှားရှား ခံစားသိမြင်လာရတာမျိုး မရှိနိုင်ဘူးလို့ ပြည်သူတွေက ထင်မြင်ယူဆလာရင် အဲဒီ အခြေအနေဟာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးဖို့ နောက်ထပ်မျိုးစေ့ချ လိုက်သလို ဖြစ်လာပါလိမ့်မယ်။

 နိုဝင်ဘာလဆန်းမှာတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာအစိုးရအဖွဲ့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့

ရော၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါ တာဝန်ယူထားတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို တိုကျိုမြို့မှာ ဧည့်ခံတွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးမှု တွေအပြီးမှာ အာဘေးက ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ငါးနှစ်တာ စီမံကိန်းအတွက် ယန်းငွေ ၈၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ကူညီမယ့် အစီအစဉ်တွေမှာ ဂျပန်ဟာ မြန်မာပြည်သူတွေရဲ့ ဘဝအခြေအ နေကို အထိရောက်ဆုံး ဘယ်လို ဘယ်ပုံ မြှင့်တင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားချဉ်း ကပ်ဖို့ အရေးကြီးပါတယ်။ အဲဒီ ကဏ္ဍတွေမှာ အခြေခံအဆောက် အအုံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ အသေးစားစီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပံ့ပိုးဖို့၊ ပညာရေးနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အခြေခံပြီး လူ့အရင်းအမြစ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးဖို့လို လုပ်ဆောင်မှုတွေ လိုအပ်ပါလိမ့်မယ်။ ဂျပန်အစိုးရအနေနဲ့ ကူညီထောက်ပံ့ရေး မူဝါဒတွေ အမှန်တကယ် အလုပ်ဖြစ်စေဖို့ အတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အကျိုးကျေး ဇူးမှန်သမျှကို လူနည်းစု ရေပေါ်ဆီ အသိုက်အဝန်းပဲ စံစားရယူနိုင်တာမျိုး မဖြစ်အောင် အထူး သတိထားရပါလိမ့်မယ်။

စက်တင်ဘာတုန်းက ဂျပန်ဟာ မြန်မာနိုင်ငံကို ချေးငွေ ယန်း ၁၂၅ ဘီလီယံ ထုတ်ပေးဖို့ ကတိပြုခဲ့တယ်။ အဓိကရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးအခြေပြု ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေးလုပ်ငန်းစဉ်တွေအတွက် ဖြစ်ပါတယ်။ ဂျပန်အစိုးရဟာ ဒီငွေကြေးတွေကို တောင်သူလယ်သ မားတွေရဲ့ ဘဝအဆင့်အတန်း မြှင့်တင်မှုအတွက် အမှန်တကယ် ထိထိရောက်ရောက် အသုံးချနေတာ ဟုတ်၊ မဟုတ် ခိုင်မာသေချာ အောင် စိစစ်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်း လောက်ဟာ စိုက်ပျိုးရေးကို အခြေပြုတဲ့ ကျေးလက်နေ လူတန်းစား တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တခြားနယ်ပယ်တွေမှာလည်း ပြဿနာတွေ ဖြေရှင်းနေရဆဲပါ။ ဒေါ်အောင် ဆန်းစုကြည်က ပြည်တွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၂၀ လောက်ကြား သဘောထားကွဲလွဲ တိုက်ခိုက်နေတဲ့ ပဋိပက္ခတွေကို ရပ်တန့်နိုင်အောင် ဦးစားပေး ကြိုးစားအားထုတ်နေဆဲပါ။ ဩဂုတ်ကနေ စက်တင်ဘာ ထိ အတောအတွင်း ဒေါ်အောင် ဆန်းစုကြည်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ခုက ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီဆွေးနွေးမှုတွေက လက်နက် ကိုင်ပဋိပက္ခတွေ အမှန်တကယ် ရပ်တန့်သွားအောင် မစွမ်းဆောင်

နိုင်ခဲ့ပါဘူး။ တပ်မတော်နဲ့ နှစ်ရှည်လများ အမြင်ကွဲပြားခဲ့တဲ့ အခြေ အနေတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အခက် အခဲတွေရှိနေဆဲ ဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ အနောက်ပိုင်းက ဘင်္ဂါလီမျိုးနွယ်စု တွေအပေါ် ကိုင်တွယ်ဆက်ဆံပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကိုလည်း ကြုံနေရပါ တယ်။ အောက်တိုဘာအစောပိုင်းက ဘင်္ဂါလီစစ်သွေးကြွတွေ လို့ ယုံကြည်ရတဲ့ အကြမ်းဖက် သမားတွေက နယ်ခြားစောင့်ရဲစခန်းတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲပြဿနာတွေ လည်း ဖြစ်ပေါ်နေတယ်။ နိုင်ငံတကာ မီဒီယာတချို့က ဘင်္ဂါလီတွေဟာ အနိုင်ကျင့်နှိပ်စက်မှုတွေ ခံ စားနေရတယ်လို့ ရေးသားဖော် ပြခဲ့ကြပေမယ့် မြန်မာအစိုးရက ဒီစွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆန်ထားပါတယ်။

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီအနွယ်တွေကို တိုင်းရင်းသားစာရင်းမှာ ထည့်သွင်းဖို့ အပြင်းအထန် ငြင်းပယ်ထားပါတယ်။ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင် ခိုးဝင်လာသူတွေသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံသား အများစုက ယူဆထားတယ်။ နိုင်ငံ တကာ မီဒီယာတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရဟာ ဘင်္ဂါလီမျိုးနွယ်စုတွေရဲ့ ဘဝအခြေအနေ ကို မြှင့်တင်ပေးဖို့ တွန့်ဆုတ်ပျက် ကွက်နေကြတယ်ဆိုတာမျိုး ဝေဖန် တိုက်ခိုက်နေကြဆဲဖြစ်ပါ တယ်။

ဂျပန်က မြန်မာကို ကူညီထောက်ပံ့မယ့် အစီအစဉ်တွေ ထဲမှာ လူနည်းစုတိုင်းရင်းသား တွေ အဓိကနေထိုင်တဲ့ဒေသတွေ အတွက် လျာထားတဲ့ ယန်းငွေ ဘီ လီယံ ၄၀ လောက်လည်း ပါဝင်ပါတယ်။ ဂျပန်အစိုးရအနေနဲ့သက်ဆိုင်ရာနယ်မြေဒေသအနေ အထားကို ဆန်းစစ်လေ့လာပြီး တိုင်းရင်းသားတွေအတွက် အမှန်တကယ် ကောင်းကျိုးဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်တာ သေချာခိုင်မာအောင် လုပ်ဆောင်သင့်ပါတယ်။

မြန်မာဟာ လူဦးရေ သန်း ၅၀ ကျော် နေထိုင်ပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝလွန်းတဲ့ နိုင်ငံတစ်ခုပါ။ ကမ္ဘာ့စီးပွားရေးနယ်ပယ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် နောက်ဆုံးမျက်နှာစာသစ်တစ်ခုလို့လည်း တင်စားခံနေရတယ်။ အခုလောလောဆယ် မြန် မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ဂျပန်စီးပွားရေး လုပ်ငန်း ၃၀၀ လောက်ကို ဆွဲဆောင်ထားနိုင်သလို နောက်ထပ်လည်း တိုးပွားလာဖွယ်ရှိပါ တယ်။

 ဂျပန်အစိုးရအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ပထဝီဝင် နိုင်ငံရေးအခြေအနေ အရေးပါပုံ ကိုလည်း ကောင်းကောင်းသိရှိထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ တည်ရှိတယ်။ အိန္ဒိယသမုဒ္ဒရာ ထဲမှာ ပိုပြီး ထဲထဲဝင်ဝင် ဩဇာ လွှမ်းမိုးဖို့ ရည်ရွယ်ထားတဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုကဏ္ဍတွေကို အရှိန်အ ဟုန်နဲ့ မြှင့်တင်လုပ်ဆောင်နေပါ တယ်။ ဒီလိုအခြေအနေမှာ ဂျပန်အစိုးရကလည်း သာမန်မြန်မာ ပြည်သူတွေရဲ့ လူနေမှုဘဝကိုဘယ်ပုံဘယ်နည်းနဲ့ အကောင်းဆုံး မြှင့်တင်နိုင်မလဲ ဆိုတာကိုအာရုံစိုက်စဉ်းစား အကောင်အ ထည်ဖော်ရင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားမှုကို ကူညီထောက်ပံ့ပေးသွားဖို့ အမှန်တ ကယ် အရေးကြီးနေပြီ ဖြစ်ပါ တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top