Property Expo
×

သူငယ္ခ်င္းေတြကို ဘာ့ေၾကာင့္ ခ်စ္ရတာလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြက မနည္းမေနာပါပဲ။ ကုိယ္အသည္းကြဲေနတဲ့အခ်ိန္ဆို သူက ေဖးမေပးတယ္။ ကိုယ္နဲ႔အတူ ေရွာ့ပင္ထြက္ေပးတယ္။ ကုိယ္ပိုက္ဆံျပတ္သြားရင္လည္း သူက ကူညီေပးတယ္။ ေနာက္တစ္ခ်က္ရွိေသးတယ္ေနာ္။ အဲ့ဒါကေတာ့ ကိုယ္၀ိတ္က်ေအာင္ေတာင္ သူက ကူညီေပးႏိုင္တယ္။ ကဲ ဘယ္လိုအခ်က္ေတြနဲ႔ သူက ကူညီေပးႏိုင္တာလဲဆုိတာ ၾကည့္ၾကရေအာင္။

၁။ညစာစားတဲ့အခါ ကိုယ့္ေရြးခ်ယ္မႈေတြ မမွားေအာင္ သူက ထိန္းေပးနို္င္တယ္။

ကုိယ့္သူငယ္ခ်င္းက ၀ိတ္က်ေစဖုိ႔ ႀကိဳးစားေနတဲ့သူ ျဖစ္ေနၿပီဆုိရင္ ကိုယ့္ကိုယ္ပါ ဘာေတြစား၊ ဘာေတြမစားနဲ႔၊ ဘယ္ဟာက အဆီတက္မယ္ဆုိၿပီး ေဘးကေန ထိန္းေပးသလို ျဖစ္ေနပါၿပီ။ သူလည္း ၀ိတ္က်ဖုိ႔ ႀကိဳးစားေနသူမို႕ သူစားတဲ့အတိုင္း ကိုယ္က လိုက္ညွိစားလိုက္ရံုပါပဲ။ သူက ၀ိတ္ခ်စရာမလိုတဲ့သူဆုိရင္ေတာင္ ကုိယ့္အေၾကာင္း ေျပာထားလိုက္တာနဲ႔ သူက ကိုယ့္ကို နင္ဒါစားလုိ႔ မျဖစ္ဘူးေလ၊ ဟိုဟာပဲစား စသျဖင့္ ေဘးကေန သတိေပးေနေတာ့မွာေပါ့။ သူငယ္ခ်င္းနဲ႔ အတူ စားရတဲ့အတြက္ တစ္ေယာက္တည္း စားသလိုေတာ့ ဟိုဟာမွ စားခ်င္တယ္၊ ဒီဟာမွစားခ်င္တယ္ဆုိတာမိ်ဳး သိပ္မရွိေတာ့ပဲ သူစားတာပဲ ကိုုယ္ကလိုက္စားျဖစ္မယ္။ စကားတေျပာေျပာနဲ႔မုိ႔ ဒီဘက္ေတာင္ အာရံုသိပ္ေရာက္လိုက္မွာ မဟုတ္ဘူးေနာ္။

၂။တစ္ေယာက္တည္းစားတာထက္ သူငယ္ခ်င္းနဲ႔ စားျခင္းဟာ လူကို အစားနည္းေစပါတယ္။

ကိုယ့္စိတ္ႀကိဳက္ဆိုရင္ အထိန္းအကြပ္မဲ့ စားမယ္၊ ထိန္းစားတာမ်ိဳးလည္း ရွိခ်င္မွရွိလိမ့္မယ္။ သူငယ္ခ်င္းနဲ႔ဆုိရင္ လူေတြဟာ တစ္ေယာက္တည္းစားတာထက္ ပိုေလွ်ာ့စားၾကတယ္။ ဒါ့ေၾကာင့္ သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ထမင္းစားတာ ပိုေကာင္းတယ္လို႔ ေလ့လာခ်က္ေတြက ဆုိထားၾကတာေပါ့။

၃။ကိုယ္နဲ႔ဆန္႔က်င္ဘက္ ေယာက်ၤား (သို႔) မိန္းကေလး သူငယ္ခ်င္းေတြကလည္း အစာ စားခ်င္စိတ္ကို က်သြားေစပါတယ္။

ကုိယ့္ကို အေကာင္းျမင္ၿပီး ကိုယ္လုပ္တာမွန္သမွ် အားလံုးေထာက္ခံေပးေနတဲ့သူထက္ ကိုယ့္ကို ဘယ္လုပ္ရင္ေတာ့ ေကာင္းမယ္၊ ဘယ္အရာဆုိမေကာင္းဘူးလို႔ လမ္းညႊန္ေပးတတ္တဲ့သူေတြကို ထမင္းအတူစားဖုိ႔ ေရြးခ်ယ္သင့္ပါတယ္။ လံုး၀မခင္တဲ့သူေတာ့ မဟုတ္ဘူးေပါ့။ ဒါ့အျပင္ ဆန္႔က်င္ဘက္လိင္ သူငယ္ခ်င္း ဥပမာ ကိုယ္က မိ္န္းကေလးဆုိ သူငယ္ခ်င္းက ေယာက်ၤားေလး၊ ကိုယ္က ေယာက်ၤားေလးဆုိ သူငယ္ခ်င္းက မိန္းကေလးမ်ိဳး ထမင္းအတူစားတဲ့အခါမွာလည္း သူက အစာစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္လုိ႔ စစ္တမ္းေကာက္ခ်က္ေတြအရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

သူငယ်ချင်းတွေကို ဘာ့ကြောင့် ချစ်ရတာလဲဆိုတဲ့ အကြောင်းပြချက်တွေက မနည်းမနောပါပဲ။ ကိုယ်အသည်းကွဲနေတဲ့အချိန်ဆို သူက ဖေးမပေးတယ်။ ကိုယ်နဲ့အတူ ရှော့ပင်ထွက်ပေးတယ်။ ကိုယ်ပိုက်ဆံပြတ်သွားရင်လည်း သူက ကူညီပေးတယ်။ နောက်တစ်ချက်ရှိသေးတယ်နော်။ အဲ့ဒါကတော့ ကိုယ်ဝိတ်ကျအောင်တောင် သူက ကူညီပေးနိုင်တယ်။ ကဲ ဘယ်လိုအချက်တွေနဲ့ သူက ကူညီပေးနိုင်တာလဲဆိုတာ ကြည့်ကြရအောင်။

၁။ညစာစားတဲ့အခါ ကိုယ့်ရွေးချယ်မှုတွေ မမှားအောင် သူက ထိန်းပေးနိုင်တယ်။

ကိုယ့်သူငယ်ချင်းက ဝိတ်ကျစေဖို့ ကြိုးစားနေတဲ့သူ ဖြစ်နေပြီဆိုရင် ကိုယ့်ကိုယ်ပါ ဘာတွေစား၊ ဘာတွေမစားနဲ့၊ ဘယ်ဟာက အဆီတက်မယ်ဆိုပြီး ဘေးကနေ ထိန်းပေးသလို ဖြစ်နေပါပြီ။ သူလည်း ဝိတ်ကျဖို့ ကြိုးစားနေသူမို့ သူစားတဲ့အတိုင်း ကိုယ်က လိုက်ညှိစားလိုက်ရုံပါပဲ။ သူက ဝိတ်ချစရာမလိုတဲ့သူဆိုရင်တောင် ကိုယ့်အကြောင်း ပြောထားလိုက်တာနဲ့ သူက ကိုယ့်ကို နင်ဒါစားလို့ မဖြစ်ဘူးလေ၊ ဟိုဟာပဲစား စသဖြင့် ဘေးကနေ သတိပေးနေတော့မှာပေါ့။ သူငယ်ချင်းနဲ့ အတူ စားရတဲ့အတွက် တစ်ယောက်တည်း စားသလိုတော့ ဟိုဟာမှ စားချင်တယ်၊ ဒီဟာမှစားချင်တယ်ဆိုတာမျိုး သိပ်မရှိတော့ပဲ သူစားတာပဲ ကိုုယ်ကလိုက်စားဖြစ်မယ်။ စကားတပြောပြောနဲ့မို့ ဒီဘက်တောင် အာရုံသိပ်ရောက်လိုက်မှာ မဟုတ်ဘူးနော်။

၂။တစ်ယောက်တည်းစားတာထက် သူငယ်ချင်းနဲ့ စားခြင်းဟာ လူကို အစားနည်းစေပါတယ်။

ကိုယ့်စိတ်ကြိုက်ဆိုရင် အထိန်းအကွပ်မဲ့ စားမယ်၊ ထိန်းစားတာမျိုးလည်း ရှိချင်မှရှိလိမ့်မယ်။ သူငယ်ချင်းနဲ့ဆိုရင် လူတွေဟာ တစ်ယောက်တည်းစားတာထက် ပိုလျှော့စားကြတယ်။ ဒါ့ကြောင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းစားတာ ပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုထားကြတာပေါ့။

၃။ကိုယ်နဲ့ဆန့်ကျင်ဘက် ယောကျၤား (သို့) မိန်းကလေး သူငယ်ချင်းတွေကလည်း အစာ စားချင်စိတ်ကို ကျသွားစေပါတယ်။

ကိုယ့်ကို အကောင်းမြင်ပြီး ကိုယ်လုပ်တာမှန်သမျှ အားလုံးထောက်ခံပေးနေတဲ့သူထက် ကိုယ့်ကို ဘယ်လုပ်ရင်တော့ ကောင်းမယ်၊ ဘယ်အရာဆိုမကောင်းဘူးလို့ လမ်းညွှန်ပေးတတ်တဲ့သူတွေကို ထမင်းအတူစားဖို့ ရွေးချယ်သင့်ပါတယ်။ လုံးဝမခင်တဲ့သူတော့ မဟုတ်ဘူးပေါ့။ ဒါ့အပြင် ဆန့်ကျင်ဘက်လိင် သူငယ်ချင်း ဥပမာ ကိုယ်က မိန်းကလေးဆို သူငယ်ချင်းက ယောကျၤားလေး၊ ကိုယ်က ယောကျၤားလေးဆို သူငယ်ချင်းက မိန်းကလေးမျိုး ထမင်းအတူစားတဲ့အခါမှာလည်း သူက အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်လို့ စစ်တမ်းကောက်ချက်တွေအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top