Property Expo
×

အစိုးရသစ္လက္ထက္မွာ ကာရာအိုေကခန္း ေျခာက္ခုသာ ဖြင့္လွစ္ခြင့္ျပဳထားတယ္လို႔  လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္းက လႊတ္ေတာ္မွာ ေျပာၾကားထားပါတယ္။

ႏိုဝင္ဘာ ၂၂ ရက္က က်င္းပတဲ့ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္မွာ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္  မဲဆႏၵနယ္ အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ကပြဲေတြ၊ အႏွိပ္ခန္းေတြ၊ ကာရာအိုေကခန္းေတြ ခြင့္ျပဳထားမႈ၊ စည္းကမ္းနဲ႔ မညီၫြတ္တဲ့ လုပ္ငန္းေတြ၊ ခြင့္ျပဳခ်က္မရွိ ဖြင့္လွစ္ထားတဲ့ အခန္းေတြမွာ ျမန္မာအမ်ိဳးသမီးငယ္ေတြအတြက္ ႀကိဳတင္ကာကြယ္ေစာင့္ ေရွာက္ေပးႏုိင္ဖို႔ အစိုးရက အစီအစဥ္ ရွိ၊ မရွိ ၾကယ္ပြင့္ျပေမးခြန္း ေမးျမန္းရာမွာ နယ္လံုဝန္ႀကီးက အထက္ပါအတုိင္း ထည့္သြင္းေျဖၾကားခဲ့တာ ျဖစ္တယ္လို႔ 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အႏွိပ္ခန္းအမည္နဲ႔ ဖြင့္လွစ္ထားတာမ်ိဳးမရွိဘဲ အေၾကာျပင္ခန္းအေနနဲ႔ စည္ပင္သာယာေရးေကာ္မတီမွ ခြင့္ျပဳခ်က္ရယူကာ တရားဝင္ ၂၄ ခု ခြင့္ျပဳထားၿပီး ေလွ်ာက္ထားဆဲ ၁၇ ခုရွိကာ၂၀၁၆ အတြင္း အႏွိပ္ခန္း ၁၂ခုကို ေဖာ္ထုတ္အေရးယူခဲ့တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

အစိုးရသစ်လက်ထက်မှာ ကာရာအိုကေခန်း ခြောက်ခုသာ ဖွင့်လှစ်ခွင့်ပြုထားတယ်လို့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက လွှတ်တော်မှာ ပြောကြားထားပါတယ်။

နိုဝင်ဘာ ၂၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်  မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ကပွဲတွေ၊ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေ ခွင့်ပြုထားမှု၊ စည်းကမ်းနဲ့ မညီညွတ်တဲ့ လုပ်ငန်းတွေ၊ ခွင့်ပြုချက်မရှိ ဖွင့်လှစ်ထားတဲ့ အခန်းတွေမှာ မြန်မာအမျိုးသမီးငယ်တွေအတွက် ကြိုတင်ကာကွယ်စောင့် ရှောက်ပေးနိုင်ဖို့ အစိုးရက အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာမှာ နယ်လုံဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်နဲ့ ဖွင့်လှစ်ထားတာမျိုးမရှိဘဲ အကြောပြင်ခန်းအနေနဲ့ စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက်ရယူကာ တရားဝင် ၂၄ ခု ခွင့်ပြုထားပြီး လျှောက်ထားဆဲ ၁၇ ခုရှိကာ၂၀၁၆ အတွင်း အနှိပ်ခန်း ၁၂ခုကို ဖော်ထုတ်အရေးယူခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top