Kantharyar Centre
×

ႏွစ္ေပါင္း ၇၀ အတြင္း လကို ကမာၻၿဂိဳဟ္ကေန အႀကီးမားဆံုးနဲ႔ အေတာက္ပဆံုး ျမင္ေတြ႔ခဲ့ရတဲ့ စူပါမြန္းျဖစ္စဥ္မွာ ကမၻာတလႊားမွ ျမင္ေတြ႔ခဲ့ရတဲ့ အေကာင္းဆံုးဓာတ္ပံုေတြအျဖစ္ theatlantic.com သတင္းစာမ်က္ႏွာကေန ေရြးခ်ယ္ေဖာ္ျပခဲ့ပါတယ္။

ပံုေပါင္း ၂၁ ပံု ေရြးခ်ယ္ေဖာ္ျပခဲ့တဲ့အထဲမွာ ျမန္မာဓာတ္ပံုဆရာ ၂ ဦးရဲ႕ ဓာတ္ပံုေတြလည္း ပါ၀င္ခဲ့တာပါ။

အမွတ္စဥ္ ၃ ေနရာမွာ ေဖာ္ျပထားတဲ့ ျမန္မာဓာတ္ပံုဆရာ ေအာင္႐ႈိင္းဦးရဲ႕ ဓာတ္ပံုကေတာ့ ေနျပည္ေတာ္မွာ ႐ုိက္ကူးခဲ့တာျဖစ္ၿပီး ေတာင္တန္းေတြၾကားက လမင္းႀကီး ထြက္ေပၚလာတာကို ပံုေဖာ္႐ုိက္ကူးထားခဲ့တာပါ။

ေနာက္ထပ္ေဖာ္ျပခံရတဲ့ ျမန္မာဓာတ္ပံုဆရာတဦးကေတာ့ ရဲေအာင္သူျဖစ္ၿပီး အမွတ္စဥ္ ၁၅ ေနရာမွာ ေဖာ္ျပထားခဲ့တာပါ။

သူ႔ရဲ႕ဓာတ္ပံုကေတာ့ ရွမ္းျပည္နယ္၊ ဟဲဟိုးၿမိဳ႕မွာ ႐ိုက္ကူးထားခဲ့ကာ လမင္းႀကီး ထြက္ေပၚလာခ်ိန္ အျဖဴခံေပၚမွာ သစ္ပင္တပင္ရဲ႕ အရိပ္ကို ပံုေဖာ္႐ိုက္ကူးထားခဲ့တာပါ။

စူပါမြန္းျဖစ္စဥ္ကို ၁၉၄၈ ခုႏွစ္က ေတြ႔ႀကံဳခဲ့ရဖူးၿပီး ေနာက္တႀကိမ္ႀကံဳေတြ႔ႏိုင္မွာကေတာ့ ေနာက္ထပ္ ၁၈ ႏွစ္အၾကာ ၂၀၃၄ ခုႏွစ္မွသာ ျပန္လည္ႀကံဳေတြ႔ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒီစာမ်က္ႏွာမွာေဖာ္ျပထားတဲ့ က်န္တဲ့ပံုေတြထဲမွာေတာ့ ၾသစေတးလ်၊ အေမရိကန္၊ အဂၤလန္၊ ကာဇက္စတန္၊ ေဟာင္ေကာင္၊ ဗီယက္နမ္၊ နီေပါလ္၊ ထိုင္း၊ စပိန္၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ စတဲ့ႏိုင္ငံေတြက ႐ႈေထာင့္အမ်ိဳးမ်ိဳးနဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြ ပါ၀င္ေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
နှစ်ပေါင်း ၇၀ အတွင်း လကို ကမ္ဘာဂြိုဟ်ကနေ အကြီးမားဆုံးနဲ့ အတောက်ပဆုံး မြင်တွေ့ခဲ့ရတဲ့ စူပါမွန်းဖြစ်စဉ်မှာ ကမ္ဘာတလွှားမှ မြင်တွေ့ခဲ့ရတဲ့ အကောင်းဆုံးဓာတ်ပုံတွေအဖြစ် theatlantic.com သတင်းစာမျက်နှာကနေ ရွေးချယ်ဖော်ပြခဲ့ပါတယ်။

ပုံပေါင်း ၂၁ ပုံ ရွေးချယ်ဖော်ပြခဲ့တဲ့အထဲမှာ မြန်မာဓာတ်ပုံဆရာ ၂ ဦးရဲ့ ဓာတ်ပုံတွေလည်း ပါဝင်ခဲ့တာပါ။

အမှတ်စဉ် ၃ နေရာမှာ ဖော်ပြထားတဲ့ မြန်မာဓာတ်ပုံဆရာ အောင်ရှိုင်းဦးရဲ့ ဓာတ်ပုံကတော့ နေပြည်တော်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး တောင်တန်းတွေကြားက လမင်းကြီး ထွက်ပေါ်လာတာကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

နောက်ထပ်ဖော်ပြခံရတဲ့ မြန်မာဓာတ်ပုံဆရာတဦးကတော့ ရဲအောင်သူဖြစ်ပြီး အမှတ်စဉ် ၁၅ နေရာမှာ ဖော်ပြထားခဲ့တာပါ။

သူ့ရဲ့ဓာတ်ပုံကတော့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှာ ရိုက်ကူးထားခဲ့ကာ လမင်းကြီး ထွက်ပေါ်လာချိန် အဖြူခံပေါ်မှာ သစ်ပင်တပင်ရဲ့ အရိပ်ကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

စူပါမွန်းဖြစ်စဉ်ကို ၁၉၄၈ ခုနှစ်က တွေ့ကြုံခဲ့ရဖူးပြီး နောက်တကြိမ်ကြုံတွေ့နိုင်မှာကတော့ နောက်ထပ် ၁၈ နှစ်အကြာ ၂၀၃၄ ခုနှစ်မှသာ ပြန်လည်ကြုံတွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီစာမျက်နှာမှာဖော်ပြထားတဲ့ ကျန်တဲ့ပုံတွေထဲမှာတော့ သြစတေးလျ၊ အမေရိကန်၊ အင်္ဂလန်၊ ကာဇက်စတန်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ နီပေါလ်၊ ထိုင်း၊ စပိန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် စတဲ့နိုင်ငံတွေက ရှုထောင့်အမျိုးမျိုးနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top