Kantharyar Centre
×

မိန္းမရဲ႕တစ္သက္က ခက္ခဲတဲ့တစ္သက္ျဖစ္တယ္။
သမီးေတာ္အျဖစ္ အႏွစ္ ၂ဝ၊ မိဖုရားအျဖစ္ ၁ရက္၊ ေတာ္ဝင္မင္းသမီးအျဖစ္ ၁ဝလ၊ အထိန္းေတာ္အျဖစ္ တစ္သက္.. ဒါဟာ မိန္းမတစ္ေယာက္ရဲ႕တစ္သက္တာျဖစ္တယ္။ မိန္းမအမ်ားစုဟာ ဒီလိုနဲ႔ပဲအိုမင္းသြားခဲ့ပါတယ္။

မိန္းမဟာ ကေလးငယ္ကိုေပြ႔ခ်ီထားၿပီး ႏြားႏို႔က်ဳိေနတယ္၊ အဝတ္ေလွ်ာ္ေနတယ္။ ဆပ္ျပာေတြေပေနတဲ့လက္နဲ႔ နဖူးထက္ကေခၽြးေတြကို သုတ္ရင္း “အင္း.. အခုအခ်ိန္မွာ ကေလးငယ္ေသးတယ္၊ ကေလးႀကီးလာရင္ ငါလည္းအားလပ္ခ်ိန္ေလးေတာ့႐ွိလာမွာပါ”လို႔ ေတြးတယ္။

ကေလးတျဖည္းျဖည္းႀကီးလို႔ မူႀကိဳတက္တဲ့အ႐ြယ္ေရာက္လာခဲ့တယ္။ မိန္းမဟာ ကေလးတစ္ဖက္နဲ႔ ေစ်းသြားတယ္၊ ခ်က္ျပဳတ္တယ္၊ အလုပ္မွာလည္း မလစ္ဟင္းေအာင္ႀကိဳးစားတယ္။ ေန႔ေန႔ညည အိမ္မႈကိစၥ၊ လူမႈေရးကိစၥေတြနဲ႔ ေနမင္း၊ ၾကယ္နဲ႔လတို႔ကို သူေမ့သြားခဲ့တယ္။

ကိစၥမ႐ွိဘူး… ကေလးေက်ာင္းသြားတဲ့အခါ အားလပ္ခ်ိန္တခ်ဳိ႕႐ွိလာႏိုင္ပါတယ္… မိန္းမေတြက ဒီလိုပဲေျပာၾကတယ္။ သူတို႔မ်က္ႏွာေပၚ အရစ္အေၾကာင္းရာေတြ တျဖည္းျဖည္းတြားတက္လာတာကို သူတို႔ဥေပကၡာျပဳထားခဲ့မိၾကတယ္။

ကေလးေက်ာင္းတက္တဲ့အ႐ြယ္ေရာက္လာခဲ့ၿပီ…
မိန္းမဟာ ပိုအလုပ္မ်ားရေတာ့တယ္။

ကေလးကို လူေတာ္လူေကာင္း ထူးခၽြန္ထက္ျမက္သူျဖစ္ေအာင္ ျပဳစုပ်ဳိးေထာင္ရတယ္။ မိန္းမဟာ အိမ္မႈကိစၥ၊ လူမႈေရးကိစၥ၊ အလုပ္၊ သားေရးသမီးေရး၊ လင္ဝတၱရား စတာေတြမွာ တဝဲဝဲလည္ေနေတာ့တယ္။ သားသမီးနဲ႔လင္ေယာက္်ားက နဂါးေငြ႔တန္းပါ၊ မိန္းမဟာ ၿဂိဳလ္ပါလို႔ မိန္းမအမ်ားက ဒီလိုေတြးခ့ဲၾကတယ္။

မိန္းမဟာ ဒီလိုနဲ႔ပဲအိုမင္းသြားခဲ့တယ္…

ေငြေရာင္ဆံႏႊယ္တခ်ဳိ႕က..
မိန္းမရဲ႕ႏြမ္းနယ္တဲ့နဖူးထက္ကေန
ေလဟာနယ္ထဲေလ်ာက်သြားခဲ့တယ္။

“ဘယ္အခ်ိန္ခါမွမ်ား စိတ္လြတ္ကိုယ္လြတ္နဲ႔
ငါခဏအနားရႏိုင္မလဲ…”

လေရာင္မ႐ွိတဲ့ညနက္မွာ မိန္းမဟာ
နာက်င္ေညာင္းကိုက္ေနတဲ့အေၾကာေတြကို
အားစိုက္ဆဲြဆန္႔ရင္း ကိုယ့္ကိုယ္ကိုေမးတယ္။

အာ… ေတာင့္ခံလိုက္ပါဦး… ကေလးႀကီးလာလို႔ တကၠသိုလ္တက္ခ်ိန္ေရာက္ရင္ ဒါမွမဟုတ္ သူတို႔အလုပ္ရသြားတဲ့အခါ အရာအားလံုးေကာင္းသြားမွာပါ၊ အဆင္ေျပသြားမွာပါ။ အဲဒီအခ်ိန္ေရာက္ရင္ ငါလည္း အားလပ္ခ်ိန္႐ွိလာမွာပါ။

မိန္းမက အဲဒီလို ကိုယ့္ကိုယ္ကိုကတိေပးတယ္။

အခ်ိန္က မိန္းမရဲ႕လွပမႈနဲ႔အားအင္ေတြကို စုပ္ယူသြားခဲ့တယ္။ မ်က္ႏွာေပၚကအရစ္ေၾကာင္းနဲ႔ လႈပ္႐ွားသြားလာမႈတုံ႔ေႏွးျခင္းေတြကို တြင္းမည္းႀကီးပမာ ခ်န္ထားရစ္ခဲ့တယ္။

မိန္းမဟာ ဒီလိုနဲ႔ပဲအိုမင္းသြားခဲ့တယ္…

ကေလးက အေတာင္ပံစံုလင္ၿပီး မိခင္အသိုက္ကေန ခြာသြားခဲ့တယ္။ မိခင္ကိုအေဖာ္ျပဳဖို႔ အေမြးအေတာင္ေဟာင္းတခ်ဳိ႕သာ ခ်န္ထားရစ္ခဲ့တယ္။

မိန္းမဟာ သက္ျပင္းခ်ရင္း အခုမွ နားနားေနေန ေနဖို႔အခ်ိန္ရၿပီလို႔ေတြးတယ္။

ဒါေပမယ့္ ႏွေျမာစရာေကာင္းတာက သူ႔သြားေတြ ခ်ိနဲ႔ကုန္ၿပီ၊ မာတဲ့အစာေတြကို မဝါးႏိုင္ေတာ့ဘူး။

သူ႔မ်က္လံုးေတြ မဲြကုန္ၿပီ လွပတဲ့အေရာင္ေတြကို မခဲြျခားတတ္ေတာ့ဘူး။

သူရဲ႕နားစည္ေတြ မၾကည္လင္ေတာ့ဘူး။ သာယာႏွာေပ်ာ္ဖြယ္ေတးသံေတြကို မခံစားတတ္ေတာ့ဘူး။

သူ႔လႈပ္႐ွားသြားလာမႈေတြ တံု႔ေႏွးခဲ့ၿပီ ေဝးေဝးလံလံ မသြားႏိုင္ေတာ့ဘူး။

ထြက္သြားတဲ့ကေလး ျပန္ေရာက္လာခဲ့တယ္။ အဲဒီကေလးက သူ႔ထက္ငယ္တဲ့ ကေလးေသးေသးေလးတစ္ေယာက္ ေခၚျပန္လာခဲ့တယ္။

အခ်ိန္ေတြ ျပန္ေျပာင္းစီးဆင္းသြားျပန္ၿပီလို႔ မိန္းမထင္တယ္။ အဲဒီလိုနဲ႔ ကေလးရဲ႕ကေလးအတြက္ မိန္းမအလုပ္စမ်ားရေတာ့တယ္။ အဲဒီကေလးေလးက စကားစသင္ေနၿပီး သူ႔ကိုေခၚတာ “ေမေမ” မဟုတ္ဘဲ “ဘြားဘြား” ျဖစ္သြားခဲ့တယ္။

မိန္းမဟာ ဒီလိုနဲ႔ပဲအိုမင္းသြားခဲ့တယ္…

ဒီလိုနဲ႔တစ္ေန႔မွာ မိန္းမဟာ ဘာအားလပ္ရက္
အနားယူဖို႔မွ မလိုအပ္ခဲ့ေတာ့ဘူး။

ေနာက္ဆံုးအခ်ိန္ေရာက္မွ ဟိုးအရင္အရင္အခ်ိန္တုန္းက သူ႔ကိုယ္သူေပးခဲ့တဲ့ကတိကို သူျပန္သတိရလိုက္မိတယ္။ အဲဒီကတိက ေႏြဦးရာသီေန႔ရက္တစ္ေန႔မွာ ပဝါအနီေရာင္ကိုလႊမ္းၿခံဳၿပီး ျမက္ခင္းစိမ္းစိမ္းတစ္ေနရာမွာ ဆိတ္ဆိတ္ၿငိမ္ၿငိမ္ ေနပူစာခံမယ္၊ ေက်ာက္တံုးေပၚတြားသြားတဲ့ ပု႐ြက္ဆိတ္ေတြရဲ႕ေျခသံကို နားေထာင္မယ္…..

အာ… အဲတာမွ တကယ့္ဇိမ္ခံအနားယူတာပဲ..

မိန္းမဟာ အဲဒီလိုေတြးရင္းေတြးရင္း
ထာဝရအိပ္စက္ အနားယူသြားခဲ့ပါတယ္။

မိန္းမတစ္ေယာက္ ထာဝရအိပ္စက္အနားယူသြားတာကို ဒီလိုပံုေဖာ္ေရးသားရတာ ဝမ္းနည္းစရာေကာင္းပါတယ္.. ခြင့္လႊတ္ပါ။

မိန္းမဟာ ဒီလိုနဲ႔ပဲအိုမင္းသြားခဲ့တယ္…

မိန္းမေတာ္ေတာ္မ်ားမ်ားဟာ စိတ္သေဘာထားႀကီးစြာ တျခားသူအတြက္ ခ်စ္ျခင္းေမတၱာေတြေပးဆပ္ေနခ်ိန္မွာ လူတစ္ေယာက္ကိုခ်စ္ဖို႔ သူတို႔ေမ့သြားခဲ့ပါတယ္။ အဲဒီလူက သူတို႔ကိုယ္တိုင္ပဲျဖစ္တယ္။

မိန္းမတို႔ေရ… ကိုယ့္ကိုယ္ကိုေျဖေဖ်ာ္ဖို႔ အခ်ိန္နည္းနည္းေလာက္၊ ေနရာလပ္နည္းနည္းေလာက္ ခ်န္ထားေပးဖို႔ မေမ့ၾကပါနဲ႔။ အခ်ိန္မဆြဲပါနဲ႔.. အခ်ိန္ကိုမေစာင့္ပါနဲ႔လို႔ အႀကံေပးခ်င္ပါတယ္။

အခုအခ်ိန္ကစ.. ဒီကေန႔ကစၿပီး…. ပန္းကန္ထဲကအသားေတြကို ကေလးရဲ႕ပါးစပ္ေ႐ွ႕ပဲေရာက္ေအာင္ မပို႔ပါနဲ႔ေတာ့။ အိမ္မွာ႐ွိတဲ့ ပိုက္ဆံေတြကို အိမ္ျပင္ဖို႔၊ ေယာက္်ားဖို႔ပဲ ခ်န္မထားပါနဲ႔ေတာ့။ ခြန္အားေတြအားလံုးကို အလုပ္ထဲမွာပဲ ထည့္ျမႇဳပ္မထားပါနဲ႔ေတာ့။

အခါႀကီးရက္ျမတ္ေတြမွာ လက္ေဆာင္ေပးတဲ့စာရင္းထဲမွာ ကိုယ့္နာမည္ကိုေမ့မထားပါနဲ႔ေတာ့။ ကိုယ့္မိသားစု၊ ကိုယ္အိမ္သားကိုခ်စ္တဲ့နည္းတူ ကိုယ့္ကိုယ္ကိုခ်စ္ဖို႔လည္း မေမ့ပါနဲ႔။

ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့ရင္ ရင္နာစရာ၊ ႏွေျမာစရာေကာင္းလြန္းလို႔ပါ…

————-
(ဖတ္မိတဲ့စာတစ္ပုဒ္ကို ႀကိဳက္ႏွစ္သက္လို႔ ဘာသာျပန္မွ်ေဝပါတယ္..
“မိန္းမဟာ ဒီလိုနဲ႔ပဲအိုမင္းသြားခဲ့တယ္”)


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏိုင္းႏိုင္းစေန

#Unicode Version
မိန်းမရဲ့တစ်သက်က ခက်ခဲတဲ့တစ်သက်ဖြစ်တယ်။
သမီးတော်အဖြစ် အနှစ် ၂ဝ၊ မိဖုရားအဖြစ် ၁ရက်၊ တော်ဝင်မင်းသမီးအဖြစ် ၁ဝလ၊ အထိန်းတော်အဖြစ် တစ်သက်.. ဒါဟာ မိန်းမတစ်ယောက်ရဲ့တစ်သက်တာဖြစ်တယ်။ မိန်းမအများစုဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့ပါတယ်။

မိန်းမဟာ ကလေးငယ်ကိုပွေ့ချီထားပြီး နွားနို့ကျိုနေတယ်၊ အဝတ်လျှော်နေတယ်။ ဆပ်ပြာတွေပေနေတဲ့လက်နဲ့ နဖူးထက်ကချွေးတွေကို သုတ်ရင်း “အင်း.. အခုအချိန်မှာ ကလေးငယ်သေးတယ်၊ ကလေးကြီးလာရင် ငါလည်းအားလပ်ချိန်လေးတော့ရှိလာမှာပါ”လို့ တွေးတယ်။

ကလေးတဖြည်းဖြည်းကြီးလို့ မူကြိုတက်တဲ့အရွယ်ရောက်လာခဲ့တယ်။ မိန်းမဟာ ကလေးတစ်ဖက်နဲ့ ဈေးသွားတယ်၊ ချက်ပြုတ်တယ်၊ အလုပ်မှာလည်း မလစ်ဟင်းအောင်ကြိုးစားတယ်။ နေ့နေ့ညည အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ နေမင်း၊ ကြယ်နဲ့လတို့ကို သူမေ့သွားခဲ့တယ်။

ကိစ္စမရှိဘူး… ကလေးကျောင်းသွားတဲ့အခါ အားလပ်ချိန်တချို့ရှိလာနိုင်ပါတယ်… မိန်းမတွေက ဒီလိုပဲပြောကြတယ်။ သူတို့မျက်နှာပေါ် အရစ်အကြောင်းရာတွေ တဖြည်းဖြည်းတွားတက်လာတာကို သူတို့ဥပေက္ခာပြုထားခဲ့မိကြတယ်။

ကလေးကျောင်းတက်တဲ့အရွယ်ရောက်လာခဲ့ပြီ…
မိန်းမဟာ ပိုအလုပ်များရတော့တယ်။

ကလေးကို လူတော်လူကောင်း ထူးချွန်ထက်မြက်သူဖြစ်အောင် ပြုစုပျိုးထောင်ရတယ်။ မိန်းမဟာ အိမ်မှုကိစ္စ၊ လူမှုရေးကိစ္စ၊ အလုပ်၊ သားရေးသမီးရေး၊ လင်ဝတ္တရား စတာတွေမှာ တဝဲဝဲလည်နေတော့တယ်။ သားသမီးနဲ့လင်ယောက်ျားက နဂါးငွေ့တန်းပါ၊ မိန်းမဟာ ဂြိုလ်ပါလို့ မိန်းမအများက ဒီလိုတွေးခဲ့ကြတယ်။

မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…

ငွေရောင်ဆံနွှယ်တချို့က..
မိန်းမရဲ့နွမ်းနယ်တဲ့နဖူးထက်ကနေ
လေဟာနယ်ထဲလျောကျသွားခဲ့တယ်။

“ဘယ်အချိန်ခါမှများ စိတ်လွတ်ကိုယ်လွတ်နဲ့
ငါခဏအနားရနိုင်မလဲ…”

လရောင်မရှိတဲ့ညနက်မှာ မိန်းမဟာ
နာကျင်ညောင်းကိုက်နေတဲ့အကြောတွေကို
အားစိုက်ဆွဲဆန့်ရင်း ကိုယ့်ကိုယ်ကိုမေးတယ်။

အာ… တောင့်ခံလိုက်ပါဦး… ကလေးကြီးလာလို့ တက္ကသိုလ်တက်ချိန်ရောက်ရင် ဒါမှမဟုတ် သူတို့အလုပ်ရသွားတဲ့အခါ အရာအားလုံးကောင်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ။ အဲဒီအချိန်ရောက်ရင် ငါလည်း အားလပ်ချိန်ရှိလာမှာပါ။

မိန်းမက အဲဒီလို ကိုယ့်ကိုယ်ကိုကတိပေးတယ်။

အချိန်က မိန်းမရဲ့လှပမှုနဲ့အားအင်တွေကို စုပ်ယူသွားခဲ့တယ်။ မျက်နှာပေါ်ကအရစ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှုတုံ့နှေးခြင်းတွေကို တွင်းမည်းကြီးပမာ ချန်ထားရစ်ခဲ့တယ်။

မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…

ကလေးက အတောင်ပံစုံလင်ပြီး မိခင်အသိုက်ကနေ ခွာသွားခဲ့တယ်။ မိခင်ကိုအဖော်ပြုဖို့ အမွေးအတောင်ဟောင်းတချို့သာ ချန်ထားရစ်ခဲ့တယ်။

မိန်းမဟာ သက်ပြင်းချရင်း အခုမှ နားနားနေနေ နေဖို့အချိန်ရပြီလို့တွေးတယ်။

ဒါပေမယ့် နှမြောစရာကောင်းတာက သူ့သွားတွေ ချိနဲ့ကုန်ပြီ၊ မာတဲ့အစာတွေကို မဝါးနိုင်တော့ဘူး။

သူ့မျက်လုံးတွေ မွဲကုန်ပြီ လှပတဲ့အရောင်တွေကို မခွဲခြားတတ်တော့ဘူး။

သူရဲ့နားစည်တွေ မကြည်လင်တော့ဘူး။ သာယာနှာပျော်ဖွယ်တေးသံတွေကို မခံစားတတ်တော့ဘူး။

သူ့လှုပ်ရှားသွားလာမှုတွေ တုံ့နှေးခဲ့ပြီ ဝေးဝေးလံလံ မသွားနိုင်တော့ဘူး။

ထွက်သွားတဲ့ကလေး ပြန်ရောက်လာခဲ့တယ်။ အဲဒီကလေးက သူ့ထက်ငယ်တဲ့ ကလေးသေးသေးလေးတစ်ယောက် ခေါ်ပြန်လာခဲ့တယ်။

အချိန်တွေ ပြန်ပြောင်းစီးဆင်းသွားပြန်ပြီလို့ မိန်းမထင်တယ်။ အဲဒီလိုနဲ့ ကလေးရဲ့ကလေးအတွက် မိန်းမအလုပ်စများရတော့တယ်။ အဲဒီကလေးလေးက စကားစသင်နေပြီး သူ့ကိုခေါ်တာ “မေမေ” မဟုတ်ဘဲ “ဘွားဘွား” ဖြစ်သွားခဲ့တယ်။

မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…

ဒီလိုနဲ့တစ်နေ့မှာ မိန်းမဟာ ဘာအားလပ်ရက်
အနားယူဖို့မှ မလိုအပ်ခဲ့တော့ဘူး။

နောက်ဆုံးအချိန်ရောက်မှ ဟိုးအရင်အရင်အချိန်တုန်းက သူ့ကိုယ်သူပေးခဲ့တဲ့ကတိကို သူပြန်သတိရလိုက်မိတယ်။ အဲဒီကတိက နွေဦးရာသီနေ့ရက်တစ်နေ့မှာ ပဝါအနီရောင်ကိုလွှမ်းခြုံပြီး မြက်ခင်းစိမ်းစိမ်းတစ်နေရာမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် နေပူစာခံမယ်၊ ကျောက်တုံးပေါ်တွားသွားတဲ့ ပုရွက်ဆိတ်တွေရဲ့ခြေသံကို နားထောင်မယ်…..

အာ… အဲတာမှ တကယ့်ဇိမ်ခံအနားယူတာပဲ..

မိန်းမဟာ အဲဒီလိုတွေးရင်းတွေးရင်း
ထာဝရအိပ်စက် အနားယူသွားခဲ့ပါတယ်။

မိန်းမတစ်ယောက် ထာဝရအိပ်စက်အနားယူသွားတာကို ဒီလိုပုံဖော်ရေးသားရတာ ဝမ်းနည်းစရာကောင်းပါတယ်.. ခွင့်လွှတ်ပါ။

မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်…

မိန်းမတော်တော်များများဟာ စိတ်သဘောထားကြီးစွာ တခြားသူအတွက် ချစ်ခြင်းမေတ္တာတွေပေးဆပ်နေချိန်မှာ လူတစ်ယောက်ကိုချစ်ဖို့ သူတို့မေ့သွားခဲ့ပါတယ်။ အဲဒီလူက သူတို့ကိုယ်တိုင်ပဲဖြစ်တယ်။

မိန်းမတို့ရေ… ကိုယ့်ကိုယ်ကိုဖြေဖျော်ဖို့ အချိန်နည်းနည်းလောက်၊ နေရာလပ်နည်းနည်းလောက် ချန်ထားပေးဖို့ မမေ့ကြပါနဲ့။ အချိန်မဆွဲပါနဲ့.. အချိန်ကိုမစောင့်ပါနဲ့လို့ အကြံပေးချင်ပါတယ်။

အခုအချိန်ကစ.. ဒီကနေ့ကစပြီး…. ပန်းကန်ထဲကအသားတွေကို ကလေးရဲ့ပါးစပ်ရှေ့ပဲရောက်အောင် မပို့ပါနဲ့တော့။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို အိမ်ပြင်ဖို့၊ ယောက်ျားဖို့ပဲ ချန်မထားပါနဲ့တော့။ ခွန်အားတွေအားလုံးကို အလုပ်ထဲမှာပဲ ထည့်မြှုပ်မထားပါနဲ့တော့။

အခါကြီးရက်မြတ်တွေမှာ လက်ဆောင်ပေးတဲ့စာရင်းထဲမှာ ကိုယ့်နာမည်ကိုမေ့မထားပါနဲ့တော့။ ကိုယ့်မိသားစု၊ ကိုယ်အိမ်သားကိုချစ်တဲ့နည်းတူ ကိုယ့်ကိုယ်ကိုချစ်ဖို့လည်း မမေ့ပါနဲ့။

ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ရင် ရင်နာစရာ၊ နှမြောစရာကောင်းလွန်းလို့ပါ…

————-

(ဖတ်မိတဲ့စာတစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်..
“မိန်းမဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်”)


ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top