Property Expo
×

လူငယ္အဆိုေတာ္ ဂ်က္စတင္ဘီဘာဟာ ပရိသတ္ေတြနဲ႔ ျပႆနာတက္ေလ့ရွိသူတစ္ေယာက္ ျဖစ္တဲ့အေလ်ာက္ ၿပီးခဲ့တဲ့ အဂၤါေန႔ညကလည္း ဘာစီလိုနာ ၿမိဳ႕မွာ ေဖ်ာ္ေျဖပြဲတစ္ခုအတြက္ သြားေရာက္ေနစဥ္ သူ႔ရဲ ႔ ကားထဲကို ၀င္ေရာက္ဖို႔ ႀကိဳးစားလာတဲ့ ပရိသတ္တစ္ဦးကို လက္သီးနဲ႔ ဆြဲထိုးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ပရိသတ္ဟာ ဂ်က္စတင္ဘီဘာရဲ ႔ ကားရွိရာကို ေရာက္လာၿပီး ဖြင့္ထားတဲ့ ကားျပတင္းေပါက္ကတဆင့္ ဂ်က္စတင္ဘီဘာကို လက္ဆြဲႏႈတ္ဆက္ဖို႔ ႀကိဳးစားခဲ့တာကို ဂ်က္စတင္ဘီဘာက လက္သီးနဲ႔ ထိုးလိုက္တာပဲ ျဖစ္ပါတယ္။ အဲဒီလို ပရိသတ္ကို လက္သီးနဲ႔ ထိုးလိုက္တဲ့ ဂ်က္စတင္ဘီဘာရဲ ႔ ဗီဒီယိုဖိုင္ဟာလည္း တစ္ကမာၻလံုးကို ပ်ံံ႕ႏွံ႔သြားခဲ့ပါတယ္။ အထိုးခံခဲ့ရတဲ့ ပရိသတ္ဟာလည္း အံ့အားသင့္သြားခဲ့သလို ေဖ်ာ္ေျဖပြဲလာေရာက္ၾကည့္ရႈတဲ့ ပရိသတ္ အမ်ားစုဟာလည္း ဂ်က္စတင္ဘီဘာရဲ ႔ လုပ္ရပ္အတြက္ မယံုၾကည္ႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။

ကိုယ္ပိုင္လံုၿခံဳေရးအတြက္ လူတိုင္းမွာ ကာကြယ္ပိုင္ခြင့္ရွိေပမယ့္လည္း သူ႔ကို ကိုယ္ထိ လက္ေရာက္ ျပဳမူဆက္ဆံျခင္းမရွိတဲ့ ပရိသတ္တစ္ဦးကို လက္သီးနဲ႔ ထိုးခဲ့မႈအတြက္လည္း ပရိသတ္ေတြအားလံုးက ေမးခြန္းထုတ္ေနၾကပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

လူငယ်အဆိုတော် ဂျက်စတင်ဘီဘာဟာ ပရိသတ်တွေနဲ့ ပြဿနာတက်လေ့ရှိသူတစ်ယောက် ဖြစ်တဲ့အလျောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ညကလည်း ဘာစီလိုနာ မြို့မှာ ဖျော်ဖြေပွဲတစ်ခုအတွက် သွားရောက်နေစဉ် သူ့ရဲ့ ကားထဲကို ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ ပရိသတ်တစ်ဦးကို လက်သီးနဲ့ ဆွဲထိုးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပရိသတ်ဟာ ဂျက်စတင်ဘီဘာရဲ့ ကားရှိရာကို ရောက်လာပြီး ဖွင့်ထားတဲ့ ကားပြတင်းပေါက်ကတဆင့် ဂျက်စတင်ဘီဘာကို လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့တာကို ဂျက်စတင်ဘီဘာက လက်သီးနဲ့ ထိုးလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို ပရိသတ်ကို လက်သီးနဲ့ ထိုးလိုက်တဲ့ ဂျက်စတင်ဘီဘာရဲ့ ဗီဒီယိုဖိုင်ဟာလည်း တစ်ကမ္ဘာလုံးကို ပျံံ့နှံ့သွားခဲ့ပါတယ်။ အထိုးခံခဲ့ရတဲ့ ပရိသတ်ဟာလည်း အံ့အားသင့်သွားခဲ့သလို ဖျော်ဖြေပွဲလာရောက်ကြည့်ရှုတဲ့ ပရိသတ် အများစုဟာလည်း ဂျက်စတင်ဘီဘာရဲ့ လုပ်ရပ်အတွက် မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

ကိုယ်ပိုင်လုံခြုံရေးအတွက် လူတိုင်းမှာ ကာကွယ်ပိုင်ခွင့်ရှိပေမယ့်လည်း သူ့ကို ကိုယ်ထိ လက်ရောက် ပြုမူဆက်ဆံခြင်းမရှိတဲ့ ပရိသတ်တစ်ဦးကို လက်သီးနဲ့ ထိုးခဲ့မှုအတွက်လည်း ပရိသတ်တွေအားလုံးက မေးခွန်းထုတ်နေကြပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top