Property Expo
×

လြန္ခဲ့ေသာ အနွစ္သံုးဆယ္ေက်ာ္ကာလက ဦးခ်မ္းသာ၊ ေဒၚခင္မီတို႔ဟာ ရန္ကုန္ျမဳိ႔ရဲ႔ ဆင္ေျခဖုံုး ရပ္ကြက္ေလးမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ ေပ်ာ္ရႊင္တဲ့မိသားစု အျဖစ္သူတို႔ ေဆြမ်ိဳးအသိုင္းအ၀ိုင္းကေကာ ရပ္ကြက္သူ၊ရပ္ကြက္သားေတြကပါ ခ်စ္ခင္ၾကတဲ့ ေလးစားၾကတဲ့ မိသားစုေလးျဖစ္ခဲ့ပါတယ္။ ဦးခ်မ္းသာတုိ႔မွာ ကိုယ္ပိုင္လုပ္ငန္းစီးပြားေရးေလး နဲ႔ အခ်မ္းသာၾကီးမဟုတ္ေတာင္ မေၾကာင့္မက် မေတာင့္မတ ဘ၀မ်ိဳးနဲ႔ေနနိုင္ၾကပါတယ္။ သူတို႔မွာ သားသမီးသံုးေယာက္ နဲ႔ ဘ၀ကိုစိုးရိမ္ေၾကာင့္က်စရာမလိုပဲ ေပ်ာ္ေပ်ာ္ၾကီးျဖတ္သန္းခဲ့ၾကတာပါ။

ဦးခ်မ္းသာက လည္း နံမည္နဲ့လိုက္ေအာင္ အလႈအတန္း၊အေပးအကမ္းရက္ေရာ တတ္တာေၾကာင့္ေျခြရံသင္းပင္းလည္း အလြန္မ်ားလွပါတယ္။ လစဥ္ သီတင္းသီလေစာင့္တည္ျခင္း အျပင္ အခါအခြင့္ သင့္တိုင္းလင္မယားႏွစ္ေယာက္ ၀ိပသနာတရားစခန္းေတြကို လည္းမၾကာခဏ အလွ်င္းသင့္သလို ၀င္ျပီး တရားအားထုတ္ၾကပါေသးတယ္။ ဒါေပမဲ့ ခႏၱာကိုယ္ၾကီးနဲ႔ဖြဲ႔ စည္းထားတဲ့ လူပီပီ ေရာဂါေ၀ဒနာကိုလည္း ခံစားၾကရတာ ဓမၼတာမို႔ အသက္ငါး ဆယ္ေက်ာ္ေက်ာ္အရြယ္ေလးနဲ႔ နားမက်န္းျဖစ္ျပီးဦးခ်မ္းသာ ေသဆံုးသြားခဲ့ရရွာပါတယ္။

ဦးခ်မ္းသာ ေသဆံုးျပီးေနာက္ ေလး၊ငါးရက္ေလာက္အၾကာမွာ မိမိေယာက်္ား ဦးခ်မ္းသာ မကၽြတ္မလြတ္ပဲ ျပိတၱာဘ၀ကို ေရာက္ရွိေနျပီး အိမ္မွာသာတြယ္ကပ္ေနတယ္ဆိုတာကို ေဒၚခင္မီ ခံစားသိရွိေနခဲ့ပါတယ္။ ညဘက္အိပ္ရင္မိမိအနား တစ္စံုတစ္ေယာက္ရွိေနသလိုခံစားခ်က္ မ်ားအျပင္ ဦးခ်မ္းသာ အသက္ရွိစဥ္က သံုးစြဲခဲ့တဲ့ေရ ေမြးနံ႔ကို ရရေနတတ္ပါတယ္။ ရက္လည္တရားနာရင္ ကၽြတ္မွာပါေလဆိုျပီး ေဒၚခင္မီေတြးခဲ့ေပမဲ့ ရက္လည္တရားရားနာျပီး မိမိခင္ပြန္းဦးခ်မ္းသာကို အထူးနံမည္ဖိတ္ေခၚ တရားနာ၊ ေရစက္ခ် အမၽွေ၀ခဲ့ေပမဲ့ ဦးခ်မ္းသာရဲ့ အရိပ္အေရာင္ေတြဟာ ဆက္ျပီး ရွိေန ဆဲပါပဲ။ ဒါနဲ႔ တစ္လျပည့္ေတာ့ တစ္ခါ ဦးခ်မ္းသာအတြက္ရည္စူးျပီး တရားနာ၊ ေရစက္ခ်ျပီး အမွ်ေ၀ျပန္ပါတယ္ ။ ဒီတစ္ခါလည္း ထူးမျခားနားပါပဲတဲ့။ ဒါနဲ႔ မိမိခ်စ္လင္အတြက္ ဘ၀ကူးေကာင္းေစခ်င္ေသာ ေစတနာနဲ႔ ေဒၚခင္မီအားမေလ်ွာ့ပဲ နွစ္လျပည့္မွာမွာလည္း ဘုရားသားေတာ္ သံဃာေတာ္အရွင္ျမတ္ေတြကို ပင့္ဖိတ္ျပီး တရားနာ ၊ ေရစက္ခ် အမွ်ေ၀ျပန္ပါတယ္။ က်န္ၾကားရက္ေတြမွာလည္း ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ၾကီးအားနံနက္ အာရံုဆြမ္းကပ္တိုင္း ဦးခ်မ္းသာအတြက္ ရည္စူးျပီးေန့စဥ္ အမွ်ေ၀ဆုေတာင္း ခဲ့ေပမဲ့ ဦးခ်မ္းသာကေတာ့ ဆက္ျပီးရွိေနျမဲရွိေနတုန္းပါပဲတဲ့။ ဦးခ်မ္းသာဆံုးျပီး သံုးလေလာက္မွာေတာ့ ေဒၚခင္မီတစ္ေယာက္ စိတ္ေျပလက္ေပ်ာက္ အျဖစ္ ရပ္ကြက္အတြင္းမွာရွိတဲ့ သူငယ္ခ်င္းေတြနဲ႔ ျမန္မာျပည္တြင္း ဘုရားဖူးဖို႔လိုက္လာခဲ့ျဖစ္ပါတယ္။ ေဒၚခင္မီတစ္ေယာက္ကေတာ့ ဘုရားလည္းဖူးရင္း မိမိခင္ပြန္းကိုလည္းထို ဘုရားဖူးရတဲ့ ကုသိုလ္ေတြကို ရပါေစေၾကာင္း ဆုေတာင္းျပီးအမွ်ေ၀ေနခဲ့ပါတယ္။ ထိုအခ်ိန္က ျမန္မာျပည္အလယ္ပိုင္း မေကြးတိုင္းအတြင္းမွာရွိတဲ့ ေျမလတ္ျမိဳ့ေလးတစ္ျမို႔မွာ ရွိတဲ့ ဆရာေတာ္ဘုရားၾကီးကလည္း ပရိတ္ရြတ္ရင္ ရာ၀င္အိုးေလာက္ရွိတဲ့ ႏွမ္းဆီေတြနဲ႔ စဥ့္အိုးၾကီးေတြအတြင္းမွ ဆီမ်ားဆူေ၀က်လာတယ္ဆိုျပီး နံမည္ေက်ာ္ေနခဲ့ပါတယ္။ ထိုဆရာေတာ္ ဘုရားၾကီးရဲ့ ဂုဏ္သတင္းကလည္းေတာ္ေတာ္ေလးေၾကာ္ၾကား ေနခဲ့ပါတယ္။ ဒါနဲ႔ ျမန္မာျပည္အထက္ပိုင္းရွိဘုရားမ်ားကို ဖူးအျပီးအျပန္ထိုဆရာေတာ္ဘုရားၾကီးကိုလည္း ၀င္ေရာက္ဖူးေမ်ွာ္ၾကရန္ စီစဥ္ခဲ့ၾကျပီး အျပန္မွာ ဧရာ၀တီျမစ္အေရွ့ဘက္ကမ္းမွာရွိတဲ့ မိတ္ေဆြေတြအိမ္မွာ ကားကိုခဏအပ္ခဲ့ၾကျပီး ဧရာ၀တီျမစ္ကိုဇက္နဲ႔ ျဖတ္ကာ ကူးလာၾကျပီး ဆရာေတာ္ဘုရားၾကီးဆီကို ၀င္ေရာက္ဖူးေမွ်ာ္ခဲ့ၾကပါတယ္။ ဆရာေတာ္ ဘုရားၾကီးဆီ၀င္ေရာက္ဖူးေမ်ွာ္ၾကရန္ ခြင့္ေတာင္းၾကျပီး ဆရာေတာ္ဘုရားၾကီးသတင္းသံုးရာ ေက်ာင္းေဆာင္အေပၚထပ္ကို တက္ခဲ့ၾကပါတယ္။

သူတို႔လူအုပ္ ၀င္၀င္ လာျခင္း ဆရာေတာ္ ဘုရားၾကီးမွ မ်က္လႊာကို ပင့္ၾကည့္ျပီး “ ေအာ္..ေအာ္…ဒကာၾကီးတို႔လာတာ…ရွစ္ေယာက္ေတာင္မွကိုး” လို႔ ေျပာလိုက္ပါတယ္။ ေဒၚခင္မီတို႔ လည္းဇေ၀ဇ၀ါျဖစ္သြားၾကျပီး မိမိလူေတြကိုျပန္ၾကည့္လုိက္ပါတယ္။ အမွန္ေတာ့ ေဒၚခင္မီတို႔ ဘုရားဖူးထြက္လာၾကတာ ခုနွစ္ေယာက္တည္းသာရွိတာပါ။ ဒါနဲ႔ ေဒၚခင္မိတို႔ထဲက အသက္နဲနဲၾကီးတဲ့သူတစ္ေယာက္က လက္အုပ္ခ်ီျပီး “မွန္လွပါ…တပည့္ေတာ္တို႔..ခုနွစ္ေယာက္ပါ ဘုရား” လို႔ ျပန္ေလ်ွာက္ေတာ့ ဆရာေတာ္ ဘုရားၾကီးက ေလွကားထိပ္က တံခါးနားကို လွမ္းၾကည့္ျပီး “ဘုန္းၾကီး ျမင္တာေတာ့………ေနာက္တစ္ေယာက္ ထပ္ပါလာပါေသးတယ္” လို႔ ျပန္မိန္႔ပါတယ္။ ဒီေတာ့မွာ ေဒၚခင္မီလည္း သေဘာေပါက္သြားျပီး မ်က္ရည္သြင္သြင္ က်လာကာ “မွန္လွပါ………..တပည့္ေတာ္မ ေယာက်္ားကိုခ်မ္းသာျဖစ္ပါလိမ့္မယ္ ဘုရား…တပည့္ ေတာ္ အမ်ိဳးသားဟာ လြန္ခဲ့တဲ့ သံုးလေလာက္က ကြယ္လြန္သြားခဲ့တာပါ..တပည့္ေတာ္ စိတ္ထင္ မကၽြတ္မလြတ္ပဲ တပည့္ေတာ္ေနာက္ကို လိုက္လိုက္ေနတယ္လို႔ ထင္ပါတယ္ ဘုရား” ဟု လက္အုပ္ခ်ီကာ ေလ်ွာက္ထားေျပာဆိုပါတယ္။ ဒီေတာ့မွ ဘုရားဖူးအဖြဲ႕ေတြလည္း မ်က္စိျပဴးကာ တစ္လမ္းလံုးေနာက္က မျမင္ရတဲ့ပရ ေလာကသားလိုက္လာပါလား ဆိုတဲ့အသိနဲ႔ ေၾကာက္လန္႔ကုန္ၾကပါတယ္တဲ့။ ဒါနဲ႔ဆရာေတာ္ဘုရားၾကီးက ေဒၚခင္မီကိုၾကည့္ျပီး ဆက္မိန့္ပါတယ္။ “မပူပါနဲ႔ ဒကာမၾကီး..ဒီဒကာၾကီးဟာ…ကၽြတ္ခ်ိန္တန္လို႔ ..ဘုန္းၾကီးဆီထိ ေရာက္ ေအာင္ လိုက္လာနိုင္တာပဲ…ကဲ..ကဲ…ဒကာၾကီးကို ဘုန္းၾကီးေမးခ်င္တာရွိတယ္.. တရားလည္း ေဟာခ်င္တယ္…ဒကာမၾကီး သေဘာတူလား” လို႔ ျပန္ေမးပါတယ္။ဒီေတာ့ ေဒၚခင္မီလည္း ၀မ္းသာအားရ နဲ႔ “သေဘာမတူစရာမရွိပါဘူး..ဘုရား” လို႔ ျပန္ေလ်ွာက္ပါတယ္။ ဒါနဲ႔ ဆရာေတာ္ ဘုရားၾကီးက တံခါးဘက္ကို လွမ္းၾကည့္ကာ “ကဲ..ဒကာေမာင္ခ်မ္းသာ…မင္းသင့္ေတာ္တဲ့ သူတစ္ေယာက္ေယာက္ကတစ္ဆင့္.. စကားေျပာၾကတာေပါ့…မင္းအေၾကာင္းကို က်န္တဲ့ သူေတြလည္းသိျပီး သံေ၀ဂ ယူနိုင္ ေအာင္ မင္းသင့္ေတာ္မဲ့ စကားေျပာနိုင္မဲ့တစ္ေယာက္ေယာက္ဆီကေနဆက္သြယ္ ျပီး ေျပာၾကတာေပါ့” လို႔ အမိန္႔ရွိလိုက္ျပီး…အခန္းတြင္းမွာ ခဏတာမွ်ျငိမ္သက္ တိတ္ဆိတ္သြားခဲ့ပါတယ္။

ဆယ္မိနစ္ေလာက္ အခ်ိန္ေလာက္ၾကာမွ ေဒၚခင္မီရဲ့ ခႏၱာကိုယ္ဟာ လႈတ္ရမ္းျပီး သိသိသာသာ တုန္ယင္လာခဲ့ပါတယ္။ ျပီးေတာ့မ်က္ရည္ ျဖိဳင္ျဖိဳင္က်ကာ ေခါင္းၾကီးကိုအတင္း ငံု႔ျပီးထိုင္ေနပါတယ္။ ဒီေတာ့မွ ဆရာေတာ္ဘုရားၾကီးက ဦးခ်မ္းသာ၀င္ေရာက္ပူးကပ္ေနတဲ့ ေဒၚခင္မီကို လွမ္းၾကည့္ျပီး “ဒကာၾကီး…ရဟန္း သံဃာ ကိုေတြ႔တာေတာင္ မရွစ္ခိုးေတာ့ဘူးလား” လို႔ မိန္႔ေတာ့မွ ဆရာေတာ္ၾကီးကို လွမ္းၾကည့္ျပီး ဦးသံုးၾကိမ္ခ်ျပီး ကန္ေတာ့ပါတယ္။ ဆရာေတာ္ ဘုရားၾကီးက “ဒီဘ၀မွာေတာင္ ရဟန္းသံဃာကို ကိုးကြယ္ရမွန္းသိေသးရင္ ဒကာၾကီးရဲ့အတိတ္ဘ၀ကပါရမီက လည္းနဲမွာမဟုတ္ဘူး…ဘာလို႔ နိမ့္က်တဲ့ ဒီလျိုပိတၱာ ဘံုမွာေရာက္ေနရတာလည္း” လို႔ ဦးခ်မ္းသာ၀င္ေရာက္ပူးကပ္ေနတဲ့ ေဒၚခင္မီဘက္ကို လွည့္ျပီးေမးပါတယ္။ ေဒၚခင္မီက ဘာမွ ျပန္မေျပာပဲ ျငိမ္ေနပါတယ္။ ေနာက္ ဆရာေတာ္ဘုရားၾကီးက ေနာက္ထပ္ျပန္ျပီး ထပ္ေမးကာမွ “ တပည့္ေတာ္..ေရာဂါသည္းေတာ့ ..အရင္က က်င့္ခဲ့ဘူးတဲ့ ၀ိပသနာတရားေတြကို ျပန္ဆင္ျခင္ျပီး ခႏၱာကိုယ္ကို ထြက္ေလ၊ ၀င္ေလနဲ႔ သတိကပ္ေနခဲ့ပါတယ္ ဘုရား။ ဒါေပမဲ့ တပည့္ေတာ္ရဲ့ အမ်ိဳးသမီးက တပည့္ေတာ္ရဲ့ လက္ကိုဆုတ္ကိုင္ျပီး အားေပးစကားေျပာေနတဲ့ အခ်ိန္မွာေတာ့ တပည့္ေတာ္ရဲ့စိတ္ထဲမွာ ငါေတာ့ငါ့မိန္းမကို ခြဲခြာရေတာ့မယ္ဆိုျပီး ၀မ္းနည္းစိတ္ျဖစ္လာခဲ့တဲ့ အခ်ိန္အခိုက္ေလးမွာပဲ တပည့္ေတာ္ ေသဆံုးခဲ့ပါတယ္ ဇနီးကို စြဲလမ္းစိတ္နဲ႔ ဇနီးသည္အနားက မခြာပဲတစ္ေကာက္ေကာက္လုိက္ ေနခဲ့ပါတယ္ တပည့္ေတာ္ကို အမွ်ေ၀တာလည္း ၾကားရပါတယ္..ဒါေပမဲ့..တပည့္ေတာ္ သာဓုေခၚ လိုက္ရင္ ဇနီးနဲ႔ေ၀းရမွာ ေၾကာက္လို႔သာဓုမေခၚခဲ့တာပါ…ဘုရား” လို႔ ျပန္ျပီးေလ်ာက္ပါတယ္။

ဒါနဲ႔ဆရာေတာ္ဘုရားၾကီးက ”ငါ့ေတာင္ေပၚကို ေတာ္ရံုတန္ရံု လာလို႔ မရဘူး ဒကာၾကီးလာလို႔ရတယ္ဆိုတာ ဒကာၾကီးရဲ့ ကုသိုလ္ကံအဟုန္က ေတာ္ေတာ္ၾကီးခဲ့လုိ႔ပဲ…” လို႔ျပန္မိန္႔ ျပီးဦးခ်မ္းသာကို တရားေဟာပါတယ္။ ခုလိုနိမ့္က်တဲ့ ျပိတၱာဘံုဘ၀ကို တြယ္မက္မေနရန္နဲ႔ အရင္ဘ၀ကသာ ဇနီး ေမာင္နွံေပမဲ့ ခုဘ၀ျခားေနလို႔ ဘာမွမဆိုင္ေတာ့ ေၾကာင္း ရွင္ျပျပီးတရားေဟာပါတယ္။ ဒါေပမဲ့ဇနီးသည္ကို တြယ္မက္ေနတဲ့ ဦးခ်မ္းသာ ကို ေတာ္ေတာ္အခ်ိန္ယူျပီး ေဟာေျပာလိုက္ရပါတယ္။

တစ္နာရီေက်ာ္ေက်ာ္ေလာက္ ေဟာေျပာတရားျပ ျပီးခ်ိန္မွာေတာ့ ဦးခ်မ္းသာက ျပိတၱာဘ၀ကို စြန္႔လႊတ္ျပီး သာဓုေခၚ ပါမည့္အေၾကာင္း ဇနီးသည္ကိုဆက္ျပီး မခင္တြယ္ပဲ ေနာက္ကဆက္မလိုက္ေတာ့ပါဘူး ဆိုသည့္အေၾကာင္း..ကတိေပးကာ ဆရာေတာ္ဘုရားၾကီးအားဦးသံုးၾကိမ္ခ်ျပီး ဦးခ်မ္း သာ၏ ၀ိဥာဥ္စြဲကပ္ေနေသာ ေဒၚခင္မီမွာလည္း ထိုင္ေနရာမွာ ေဘးကိုတစ္ေစာင္းေလးျဖည္းညွင္းစြာလဲက်ကာ သတိခဏမွ်ေမ့သြားပါတယ္။ ေနာက္ဆယ္မိနစ္ေလာက္အၾကာ မွ သတိျပန္လည္လာပါတယ္။ ဒီေတာ့မွ ဆရာေတာ္ဘုရားၾကီးက ေဒၚခင္မီကို “ဒကာမၾကီး…ဒကာမၾကီးခင္ပြန္းအတြက္ စိတ္မပူေတာ့နဲ႔ ..ဒီေန႔ညေန ျမိဳ့ထဲကိုဆင္းျပီး လႈဖြယ္ ပစၥည္းေတြနဲ႔ ထီး၊ သကၤန္း၊ ဖိနပ္ေတြ သြား၀ယ္ျပီး သံဃာေတာ္ေတြကို ဒကာၾကီး ေမာင္ခ်မ္းသာကို ရည္စူးျပီးလႈလိုက္ပါ။ ျပီးေတာ့ နံနက္အာရံုဆြမ္း ယာဂု ကိုလည္း ဒကာၾကီး ေမာင္ခ်မ္းသာကိုရည္စုူးျပီး ဘုရားရွင္နဲ႔တစ္ကြ သံဃာေတာ္အရွင္ျမတ္ေတြကို လႈေပးပါ” လို႔ျပန္မိန္႔ပါတယ္။ ဒါနဲ႔ ေဒၚခင္မီတို႔ လူစုလည္း ေက်ာင္းကလူေတြေခၚျပီး ေလးမိုင္ေလာက္ ေ၀းတဲ့ ျမိဳ့ထဲကို ဆင္းကာ လႈဖြယ္ပစၥည္းေတြ ၀ယ္ကာ ထိုညက ေက်ာင္းမွာ ပဲ အိပ္လိုက္ၾကပါတယ္။ ေနာက္ေန႔ အာရံုဆြမ္း ယာဂုဆြမ္းကို ဘုရားကိုရည္စူးျပီးကပ္လႈကာ ဆရာေတာ္ဘုရားၾကီးနဲ့ တစ္ကြသံဃာေတာ္ မ်ားကိုအာရံုဆြမ္းကပ္လႈျပီး သကၤန္း စတဲ့ လႈဖြယ္ပစၥည္း ေတြနဲ႔ ကပ္လႈပူေဇာ္ကာ ဦးခ်မ္းသာကို နံမည္တပ္၍ အမွ်ေ၀ျပီး သာဓု ေခၚၾကပါတယ္။ ထူးဆန္းစြာပဲ သာဓု သံုးၾကိမ္ေခၚအျပီးမွာေတာ့ အမည္မေဖာ္နိုင္တဲ့ အေမႊးနံံ႔သင္းသင္းေလးက ေက်ာင္းတိုက္အေပၚထပ္တစ္ထပ္လံုးေမႊးေန ခဲ့ပါတယ္။ ဆရာေတာ္ ဘုရားၾကီးက “ ဒကာၾကီးေတာ့ ေကာင္းရာဘံုဘ၀ ကိုေရာက္သြားပါျပီ…ဒကာမၾကီး” လို႔ အမိန္႔ရွိလိုက္ခ်ိန္မွာေတာ့ ေဒၚခင္မီရဲ့ ရင္ထဲမွာ ၀မ္းသာ ၀မ္းနည္းခံစားခ်က္ေတြနဲ႔ မ်က္ရည္ေတြလည္လာျပီး ကိုခ်မ္းသာေရ နႈတ္ဆက္လိုက္ပါတယ္ လို႔တိုးတိုးေလးေရ ရြတ္ရင္း…………။ ကဲ….ရြာသူ ရြာသားေတြလည္း အေသမဦးခင္ ဥဏ္ဦးကာ ကၽြတ္တန္း၀င္နိုင္ၾကပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ မွက္ခ်က္။ ဆရာေတာ္ဘုရားၾကီးနွင့္ ဦးခ်မ္းသာ ေျပာေသာစကားလံုးအေမးအေျဖ မ်ားတြင္ အခ်ိဳ႕အေၾကာင္းအရာမ်ားသည္ ဆန္းၾကယ္လြန္းေသာေၾကာင့္ မေဖာ္ျပေတာ့ ပဲ အက်ဥ္းျခံဳးကာ အတိုခ်ဳပ္ျပီးေရးလိုက္ပါသည္။


ဖိုးသူေတာ္(www.phothutaw.com)
Credit:ေမာင္မိုးတိမ္

#Unicode Version
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအဝိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘဝမျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘဝကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။

ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ဝိပသနာတရားစခန်းတွေကို လည်းမကြာခဏ အလျှင်းသင့်သလို ဝင်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါတယ်။

ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောကျ်ား ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘဝကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။ ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။ ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး တရားနာ၊ ရေစက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘဝကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာမှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှဝေပြန်ပါတယ်။ ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအားနံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ် အမျှဝေဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီးရှိနေမြဲရှိနေတုန်းပါပဲတဲ့။ ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေလက်ပျောက် အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာပြည်တွင်း ဘုရားဖူးဖို့လိုက်လာခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်းထို ဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီးအမျှဝေနေခဲ့ပါတယ်။ ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာဝင်အိုးလောက်ရှိတဲ့ နှမ်းဆီတွေနဲ့ စဥ့်အိုးကြီးတွေအတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါတယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်းတော်တော်လေးကြော်ကြား နေခဲ့ပါတယ်။ ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိဘုရားများကို ဖူးအပြီးအပြန်ထိုဆရာတော်ဘုရားကြီးကိုလည်း ဝင်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာဝတီမြစ်ကိုဇက်နဲ့ ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ဝင်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော် ဘုရားကြီးဆီဝင်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော်ဘုရားကြီးသတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။

သူတို့လူအုပ် ဝင်ဝင် လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး “ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး” လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်းဇဝေဇဝါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်တည်းသာရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်က လက်အုပ်ချီပြီး “မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား” လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်းကြည့်ပြီး “ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက် ထပ်ပါလာပါသေးတယ်” လို့ ပြန်မိန့်ပါတယ်။ ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်သွင် ကျလာကာ “မှန်လှပါ………..တပည့်တော်မ ယောကျ်ားကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား…တပည့် တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ..တပည့်တော် စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ် ဘုရား” ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။ ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသားလိုက်လာပါလား ဆိုတဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။ ဒါနဲ့ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကိုကြည့်ပြီး ဆက်မိန့်ပါတယ်။ “မပူပါနဲ့ ဒကာမကြီး..ဒီဒကာကြီးဟာ…ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက် အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်.. တရားလည်း ဟောချင်တယ်…ဒကာမကြီး သဘောတူလား” လို့ ပြန်မေးပါတယ်။ဒီတော့ ဒေါ်ခင်မီလည်း ဝမ်းသာအားရ နဲ့ “သဘောမတူစရာမရှိပါဘူး..ဘုရား” လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ “ကဲ..ဒကာမောင်ချမ်းသာ…မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်ကတစ်ဆင့်.. စကားပြောကြတာပေါ့…မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂ ယူနိုင် အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့တစ်ယောက်ယောက်ဆီကနေဆက်သွယ် ပြီး ပြောကြတာပေါ့” လို့ အမိန့်ရှိလိုက်ပြီး…အခန်းတွင်းမှာ ခဏတာမျှငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။

ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုတ်ရမ်းပြီး သိသိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအတင်း ငုံ့ပြီးထိုင်နေပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး “ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှစ်ခိုးတော့ဘူးလား” လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။ ဆရာတော် ဘုရားကြီးက “ဒီဘဝမှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘဝကပါရမီက လည်းနဲမှာမဟုတ်ဘူး…ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာလည်း” လို့ ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီးမေးပါတယ်။ ဒေါ်ခင်မီက ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်ပြီး ထပ်မေးကာမှ “ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ဝိပသနာတရားတွေကို ပြန်ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ဝင်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။ ဒါပေမဲ့ တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့ လက်ကိုဆုတ်ကိုင်ပြီး အားပေးစကားပြောနေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆိုပြီး ဝမ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ် ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲတစ်ကောက်ကောက်လိုက် နေခဲ့ပါတယ် တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်..ဒါပေမဲ့..တပည့်တော် သာဓုခေါ် လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား” လို့ ပြန်ပြီးလျောက်ပါတယ်။

ဒါနဲ့ဆရာတော်ဘုရားကြီးက ”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီးလာလို့ရတယ်ဆိုတာ ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…” လို့ပြန်မိန့် ပြီးဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘဝကို တွယ်မက်မနေရန်နဲ့ အရင်ဘဝကသာ ဇနီး မောင်နှံပေမဲ့ ခုဘဝခြားနေလို့ ဘာမှမဆိုင်တော့ ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာ ကို တော်တော်အချိန်ယူပြီး ဟောပြောလိုက်ရပါတယ်။

တစ်နာရီကျော်ကျော်လောက် ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘဝကို စွန့်လွှတ်ပြီး သာဓုခေါ် ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်ကဆက်မလိုက်တော့ပါဘူး ဆိုသည့်အကြောင်း..ကတိပေးကာ ဆရာတော်ဘုရားကြီးအားဦးသုံးကြိမ်ချပြီး ဦးချမ်း သာ၏ ဝိဉာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကိုတစ်စောင်းလေးဖြည်းညှင်းစွာလဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာ မှ သတိပြန်လည်လာပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို “ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွားဝယ်ပြီး သံဃာတော်တွေကို ဒကာကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။ ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း ဒကာကြီး မောင်ချမ်းသာကိုရည်စုူးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေကို လှုပေးပါ” လို့ပြန်မိန့်ပါတယ်။ ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ဝယ်ကာ ထိုညက ကျောင်းမှာ ပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှဝေပြီး သာဓု ခေါ်ကြပါတယ်။ ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်မဖော်နိုင်တဲ့ အမွှေးနံံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ ခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးက “ ဒကာကြီးတော့ ကောင်းရာဘုံဘ၀ ကိုရောက်သွားပါပြီ…ဒကာမကြီး” လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ဝမ်းသာ ဝမ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက်လိုက်ပါတယ် လို့တိုးတိုးလေးရေ ရွတ်ရင်း…………။ ကဲ….ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥဏ်ဦးကာ ကျွတ်တန်းဝင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသောစကားလုံးအမေးအဖြေ များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့ ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:မောင်မိုးတိမ်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top