Property Expo
×

မီးဆုိင္းပံုစံ နားဆြဲကေန ေက်ာက္မ်က္ ရတနာ တစ္လံုးတည္းပါတဲ့ နားကပ္အထိ သင့္နားမွာ ပန္ဆင္ထားတဲ့ အဆင္တန္ဆာေတြဟာ သင့္မ်က္ႏွာပံုပန္းသ႑ာန္ကို ပိုမို ပနံရတင့္တယ္ ေစပါတယ္။ ဒါ့အျပင္ သင္ၾကိဳက္ႏွစ္သက္တဲ့ နားကပ္အမ်ဳိးအစားက သင့္ကိုယ္ရည္ကုိယ္ေသြး အေၾကာင္းကို ေျပာျပႏိုင္ပါတယ္။
သင္က နားဆြဲႀကိဳက္သူျဖစ္လွ်င္
သင္က ေတာ္ဝင္ဆန္ဆန္ စိတ္ကူးယဥ္ တတ္သူပါ ခ်စ္စရာေကာင္းၿပီး အၿမဲတမ္း စြဲမက္ ဖြယ္ရာအလွကို ေဖာ္ျပႏိုင္တဲ့ နားဆြဲဟာ သင္ရဲ႕ အဆင့္အတန္းရွိတဲ့ ကိုယ္ရည္ကိုယ္ ေသြးကို ေဖာ္ျပႏိုင္ပါတယ္။ မဂၤလာေဆာင္ အခမ္းအနားမွာ ေတာ္ဝင္မင္းသမီး ကိတ္မစ္ ဒယ္တန္ဆြဲထားတဲ့ စိန္နားဆြဲကို ၾကည့္ရင္ သူမရဲ႕ စိတ္ကူးယဥ္ဖြယ္ရာ ပင္ကိုအလွနဲ႔ တင့္တယ္မႈကို မိန္းမဆန္ဆန္ ထင္ဟပ္ေပၚ လြင္ေစတာ ျမင္ရမွာပါ။
သင္က တစ္လံုးတည္း နားကပ္ႀကိဳက္သူျဖစ္လွ်င္
သင္က စြယ္စံုရ အႏုပညာရွင္ပါ တစ္လံုးတည္းပါတဲ့ နားကပ္ကို ပန္ေလ့ရွိ တဲ့ သင္က စြယ္စံုရတဲ့ အႏုပညာရွင္ပါ။ စိတ္ လႈပ္ရွားလြယ္ၿပီး စကားကို ႏူးႏူးညံ့ညံ့ေျပာတတ္ တဲ့ သင္က ေက်ာက္မ်က္ရတနာ တစ္လံုးတည္း ပါတဲ့ နားကပ္ပန္လိုက္တဲ့အခါ ဝင့္ၾကြားေတာက္ ပေနပါလိမ့္မယ္။
သင္က ေက်ာက္အစံုပါ နားကပ္ကို ႀကိဳက္သူျဖစ္လွ်င္
သင္က စြဲမက္ဖြယ္ရာ ေကာင္းသူပါ သင္က ေက်ာက္အစံုပါတဲ့ နားကပ္ကို သေဘာတက် ပန္တတ္သူဆိုရင္ သင္ရဲ႕ စြဲမက္ဖြယ္ရာေကာင္းတဲ့ လွပမႈကို ေဖာ္ျပ ေနတဲ့အတြက္ သင္ရဲ႕ ေတာက္ပတဲ့ ကိုယ္ရည္ကိုယ္ေသြးကို လွစ္ဟျပသေနပါတယ္။ သင့္ေက်ာက္မ်က္ရတနာ ေသတၲာလိုပဲ သင္ဟာ သင့္ဘဝကို ျမင့္ျမတ္မႈ၊ ေႏြးေထြး မႈနဲ႔ စိတ္လႈပ္ရွားမႈေတြကို ေပးစြမ္းႏိုင္ပါတယ္။ လူ တကာရဲ႕ အာ႐ံုစိုက္မႈအေပၚ သက္ေသာင့္သက္သာ ရွိရွိေနတတ္တဲ့ သင္ဟာ စင္ေပၚမွာအၿမဲ ဝင့္ၾကြားတတ္သူပါ။
သင္က နားကြင္း ၾကိဳက္သူျဖစ္လွ်င္
သင္က သန္စြမ္းသူပါ ထာဝရ တင့္တယ္လွပမႈရဲ႕ သေကၤတျဖစ္တဲ့ နားကြင္းဟာ သင္ ရဲ႕ သန္စြမ္းမႈနဲ႔ စစ္မွန္မႈကို ေဖာ္ျပႏိုင္ ပါတယ္။ သင္ဟာ စိန္ေခၚမႈေတြနဲ႔အတူ ေရာက္လာတတ္တဲ့ အခြင့္အေရးေတြကို ျမင္တတ္ၿပီး အရာရာတိုင္းရဲ႕ ျဖစ္ႏိုင္ေျခေတြကို ထည့္သြင္းစဥ္းစားေလ့ရွိသူပါ။ တကယ္ေတာ့ သင့္ေက်ာက္မ်က္ရတနာ ေသတၲာ ထဲက နားကြင္းတစ္စံုဟာ သင့္မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကို ဂ႐ုစိုက္ ေစာင့္ေရွာက္တတ္မႈနဲ႔ သင္ရဲ႕ စစ္မွန္တဲ့ ယံုၾကည္မႈကို ေဖာ္ျပေနပါတယ္။
သင္က မီးဆိုင္းကဲ့သို႔ နားဆြဲႀကိဳက္သူ ျဖစ္လွ်င္
သင္က ႏုပ်ိဳစြာ ခ်စ္စဖြယ္ ေကာင္းသူပါ မီးဆိုင္းလို နားဆြဲဟာ သိမ္ေမြ႕တဲ့ လႈပ္ရွားမႈေတြလုပ္တိုင္း သင္ရဲ႕ ႏုပ်ိဳမႈနဲ႔ လက္ေတြ႕က်နမႈကို ေဖာ္ျပေနပါတယ္။ မီးဆိုင္းပံုစံ နားဆြဲဟာ သင္ရဲ႕ ထူးျခားတဲ့ စတိုင္ကို ျပသႏိုင္ၿပီး သင့္စကားေျပာဟန္၊ ေႏြးေထြးတဲ့ လႈပ္ရွားမႈနဲ႔ ကိုယ္ေနဟန္ ထားတို႔က လူေတြနဲ႔ ေပါင္းသင္းဆက္ဆံ ရာမွာ အဆင္ေျပေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
မီးဆိုင်းပုံစံ နားဆွဲကနေ ကျောက်မျက် ရတနာ တစ်လုံးတည်းပါတဲ့ နားကပ်အထိ သင့်နားမှာ ပန်ဆင်ထားတဲ့ အဆင်တန်ဆာတွေဟာ သင့်မျက်နှာပုံပန်းသဏ္ဍာန်ကို ပိုမို ပနံရတင့်တယ် စေပါတယ်။ ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ နားကပ်အမျိုးအစားက သင့်ကိုယ်ရည်ကိုယ်သွေး အကြောင်းကို ပြောပြနိုင်ပါတယ်။
သင်က နားဆွဲကြိုက်သူဖြစ်လျှင်
သင်က တော်ဝင်ဆန်ဆန် စိတ်ကူးယဉ် တတ်သူပါ ချစ်စရာကောင်းပြီး အမြဲတမ်း စွဲမက် ဖွယ်ရာအလှကို ဖော်ပြနိုင်တဲ့ နားဆွဲဟာ သင်ရဲ့ အဆင့်အတန်းရှိတဲ့ ကိုယ်ရည်ကိုယ် သွေးကို ဖော်ပြနိုင်ပါတယ်။ မင်္ဂလာဆောင် အခမ်းအနားမှာ တော်ဝင်မင်းသမီး ကိတ်မစ် ဒယ်တန်ဆွဲထားတဲ့ စိန်နားဆွဲကို ကြည့်ရင် သူမရဲ့ စိတ်ကူးယဉ်ဖွယ်ရာ ပင်ကိုအလှနဲ့ တင့်တယ်မှုကို မိန်းမဆန်ဆန် ထင်ဟပ်ပေါ် လွင်စေတာ မြင်ရမှာပါ။
သင်က တစ်လုံးတည်း နားကပ်ကြိုက်သူဖြစ်လျှင်
သင်က စွယ်စုံရ အနုပညာရှင်ပါ တစ်လုံးတည်းပါတဲ့ နားကပ်ကို ပန်လေ့ရှိ တဲ့ သင်က စွယ်စုံရတဲ့ အနုပညာရှင်ပါ။ စိတ် လှုပ်ရှားလွယ်ပြီး စကားကို နူးနူးညံ့ညံ့ပြောတတ် တဲ့ သင်က ကျောက်မျက်ရတနာ တစ်လုံးတည်း ပါတဲ့ နားကပ်ပန်လိုက်တဲ့အခါ ဝင့်ကြွားတောက် ပနေပါလိမ့်မယ်။
သင်က ကျောက်အစုံပါ နားကပ်ကို ကြိုက်သူဖြစ်လျှင်
သင်က စွဲမက်ဖွယ်ရာ ကောင်းသူပါ သင်က ကျောက်အစုံပါတဲ့ နားကပ်ကို သဘောတကျ ပန်တတ်သူဆိုရင် သင်ရဲ့ စွဲမက်ဖွယ်ရာကောင်းတဲ့ လှပမှုကို ဖော်ပြ နေတဲ့အတွက် သင်ရဲ့ တောက်ပတဲ့ ကိုယ်ရည်ကိုယ်သွေးကို လှစ်ဟပြသနေပါတယ်။ သင့်ကျောက်မျက်ရတနာ သေတ္တာလိုပဲ သင်ဟာ သင့်ဘဝကို မြင့်မြတ်မှု၊ နွေးထွေး မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ လူ တကာရဲ့ အာရုံစိုက်မှုအပေါ် သက်သောင့်သက်သာ ရှိရှိနေတတ်တဲ့ သင်ဟာ စင်ပေါ်မှာအမြဲ ဝင့်ကြွားတတ်သူပါ။
သင်က နားကွင်း ကြိုက်သူဖြစ်လျှင်
သင်က သန်စွမ်းသူပါ ထာဝရ တင့်တယ်လှပမှုရဲ့ သင်္ကေတဖြစ်တဲ့ နားကွင်းဟာ သင် ရဲ့ သန်စွမ်းမှုနဲ့ စစ်မှန်မှုကို ဖော်ပြနိုင် ပါတယ်။ သင်ဟာ စိန်ခေါ်မှုတွေနဲ့အတူ ရောက်လာတတ်တဲ့ အခွင့်အရေးတွေကို မြင်တတ်ပြီး အရာရာတိုင်းရဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားလေ့ရှိသူပါ။ တကယ်တော့ သင့်ကျောက်မျက်ရတနာ သေတ္တာ ထဲက နားကွင်းတစ်စုံဟာ သင့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက် စောင့်ရှောက်တတ်မှုနဲ့ သင်ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုကို ဖော်ပြနေပါတယ်။
သင်က မီးဆိုင်းကဲ့သို့ နားဆွဲကြိုက်သူ ဖြစ်လျှင်
သင်က နုပျိုစွာ ချစ်စဖွယ် ကောင်းသူပါ မီးဆိုင်းလို နားဆွဲဟာ သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေလုပ်တိုင်း သင်ရဲ့ နုပျိုမှုနဲ့ လက်တွေ့ကျနမှုကို ဖော်ပြနေပါတယ်။ မီးဆိုင်းပုံစံ နားဆွဲဟာ သင်ရဲ့ ထူးခြားတဲ့ စတိုင်ကို ပြသနိုင်ပြီး သင့်စကားပြောဟန်၊ နွေးထွေးတဲ့ လှုပ်ရှားမှုနဲ့ ကိုယ်နေဟန် ထားတို့က လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရာမှာ အဆင်ပြေစေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top