Property Expo
×

 ေဒၚလာေစ်း ျပည္တြင္း၌ ဆက္တိုက္ ျမင့္တက္ေနျခင္းမွာ လက္ရွိကားတင္သြင္း ခြင့္မူ၀ါဒျဖင့္ ႏွစ္မကုန္မီ ကားတင္သြင္းသူအေျမာက္အျမား ရွိေနျခင္းကလည္း အခ်က္တစ္ခ်က္ ျဖစ္ေၾကာင္း ေမာ္ေတာ္ယာဥ္ တင္ သြင္း ေရာင္းခ်သူမ်ားက ေျပာ ၾကားသည္။

၂၀၁၇ အတြက္ အလံုးအရင္းျဖင့္ ကားတင္သြင္းခြင့္မူ၀ါဒအသစ္ ထုတ္ျပန္ရန္ရွိေနေသာ ေၾကာင့္ ကားတင္သြင္းသူအမ်ားစု မွာ အေဟာင္းျဖင့္ အလံုးအရင္း တင္သြင္းႏိုင္ရန္ မူ၀ါဒ ျပင္ဆင္ေန  ၾကေၾကာင္း သိရသည္။

‘‘၂၀၁၇ ခုႏွစ္မွာ တင္သြင္း ခြင့္ျပဳတဲ့ ေမာ္ဒယ္ခုႏွစ္က ျမင့္သြားမွာျဖစ္တဲ့အတြက္ ယခု ၂၀၁၆ ခုႏွစ္ခြင့္ျပဳထားတဲ့ Model Year ကို Import License (သြင္းကုန္လိုင္ စင္)ႀကိဳတင္ေလွ်ာက္ထားၾကပါ တယ္။ ဒါေၾကာင့္ ေဒၚလာေစ်း တက္ဖို႔ အေၾကာင္းရင္း တစ္ခု လည္း ျဖစ္ပါတယ္’’ဟု ေမာ္ေတာ္ ယာဥ္တင္သြင္းထုတ္လုပ္ျဖန္႔ျဖဴး ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ေဒါက္တာ စိုးထြန္းက ေျပာသည္။

ကားတင္သြင္းရန္ လိုအပ္သည့္ သြင္းကုန္လိုင္စင္ကို ႀကိဳတင္ေလွ်ာက္ထားရာတြင္ ဘဏ္အေကာင့္ဖြင့္ၿပီး ေဒၚလာ ၀ယ္ယူကာ စီးပြားကူးသန္း၌ လိုင္စင္ေလွ်ာက္ထားရျခင္းေၾကာင့္ ေစ်းကြက္တြင္ ေဒၚလာ ၀ယ္လိုအားမ်ားေနျခင္းျဖစ္ေၾကာင္း ေဒါက္တာ စိုးထြန္းက ဆိုသည္။

လိုင္စင္ေလွ်ာက္ထားၿပီးပါ က အနည္းဆံုး ႏွစ္လမွ ေျခာက္လ အထိ ယင္းလိုင္စင္ကို လက္ထဲ တြင္ ကိုင္ထားႏိုင္ၿပီး ၂၀၁၇ ေမလ ခန္႔အထိ မူ၀ါဒအေဟာင္းျဖင့္ မိမိတင္သြင္းလိုေသာ ကားကို ၀ယ္ယူတင္သြင္းႏုိင္ေသာေၾကာင့္ ယခုကဲ့သို႔ ျပည္တြင္းေဒၚလာေစ်းျမင့္တက္ျခင္း အေၾကာင္းရင္းတစ္ခုျဖစ္ေၾကာင္း ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္းခ်သူမ်ားက ေျပာၾကားသည္။

‘‘အခု လိုင္စင္ေလွ်ာက္ဖို႔အ တြက္ ဘဏ္ထဲမွာ ေဒၚလာထည့္ ခိုင္းမယ့္အစား ေဒၚလာနဲ႔ ညီမွ်တဲ့ က်ပ္ေငြကိုလည္း ထည့္ခိုင္းသင့္ပါတယ္။ အဲဒီလိုဆိုရင္ က်ပ္ေငြတန္ ဖိုး အရမ္းမာလာပါလိမ့္မယ္။ ႏိုင္ ငံျခားကို For Show ေငြလႊဲ (TT လႊတ္)တာကို ရပ္ခိုင္းရမွာပါ။ ဒါမွ ေဒၚလာေစ်းတက္တာကို ထိန္း ခ်ဳပ္ႏိုင္မွာ’’ဟု ဂ်ပန္ႏုိင္ငံမွ ကား တင္သြင္းေရာင္းခ်သူတစ္ဦးက ဆိုသည္။

ျပကၡဒိန္ႏွစ္တစ္ခုကုန္တိုင္းကားတင္သြင္းသူမ်ားဘက္မွ အ လံုးအရင္းျဖင့္ ၀ယ္ယူတင္သြင္း ႏိုင္ရန္ လိုင္စင္ေလွ်ာက္ထားရာတြင္ လိုအပ္သည့္ ေဒၚလာလိုအပ္ခ်က္မွာ ျမင့္မားေသာေၾကာင့္ ေဒၚလာေစ်းတက္ရသည့္ အေၾကာင္းတြင္ ယင္းအခ်က္မွာလည္း ျဖစ္ႏုိင္သည္ဟု Japan Trade Agency မွ အေထြေထြမန္ေနဂ်ာ ဦးဆန္းဦးက ၎၏ အျမင္ကို ေျပာသည္။

၂၀၁၇ အတြက္ ေမာ္ေတာ္ ယာဥ္တင္သြင္းခြင့္ထုတ္လုပ္ႏွစ္ (Model Year) သတ္မွတ္ခ်က္ကို ယခုလေနာက္ဆံုးပတ္တြင္ တရား၀င္ထုတ္ျပန္မည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး ၀န္ႀကီးဌာနက ထုတ္ျပန္ သည္။

အစိုးရသစ္လက္ထက္ ခုနစ္ လအတြင္း အေမရိကန္တစ္ေဒၚ လာလွ်င္ ၁,၂၀၀ က်ပ္ခန္႔မွ ၁,၃၂၃ က်ပ္အထိ စံခ်ိန္တင္ျမင့္ တက္ခဲ့ၿပီး ေဒၚလာတန္ဖိုး ျမင့္ တက္လာမႈမွာ ခုနစ္လအတြင္း ၁၀ ရာခိုင္ႏႈန္းခန္႔ရွိလာၿပီ ျဖစ္ ေၾကာင္း စီးပြားေရး လုပ္ငန္းရွင္ အခ်ဳိ႕က ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဒေါ်လာဈေး ပြည်တွင်း၌ ဆက်တိုက် မြင့်တက်နေခြင်းမှာ လက်ရှိကားတင်သွင်း ခွင့်မူဝါဒဖြင့် နှစ်မကုန်မီ ကားတင်သွင်းသူအမြောက်အမြား ရှိနေခြင်းကလည်း အချက်တစ်ချက် ဖြစ်ကြောင်း မော်တော်ယာဉ် တင် သွင်း ရောင်းချသူများက ပြော ကြားသည်။

၂၀၁၇ အတွက် အလုံးအရင်းဖြင့် ကားတင်သွင်းခွင့်မူဝါဒအသစ် ထုတ်ပြန်ရန်ရှိနေသော ကြောင့် ကားတင်သွင်းသူအများစု မှာ အဟောင်းဖြင့် အလုံးအရင်း တင်သွင်းနိုင်ရန် မူဝါဒ ပြင်ဆင်နေ  ကြကြောင်း သိရသည်။

‘‘၂၀၁၇ ခုနှစ်မှာ တင်သွင်း ခွင့်ပြုတဲ့ မော်ဒယ်ခုနှစ်က မြင့်သွားမှာဖြစ်တဲ့အတွက် ယခု ၂၀၁၆ ခုနှစ်ခွင့်ပြုထားတဲ့ Model Year ကို Import License (သွင်းကုန်လိုင် စင်)ကြိုတင်လျှောက်ထားကြပါ တယ်။ ဒါကြောင့် ဒေါ်လာဈေး တက်ဖို့ အကြောင်းရင်း တစ်ခု လည်း ဖြစ်ပါတယ်’’ဟု မော်တော် ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

ကားတင်သွင်းရန် လိုအပ်သည့် သွင်းကုန်လိုင်စင်ကို ကြိုတင်လျှောက်ထားရာတွင် ဘဏ်အကောင့်ဖွင့်ပြီး ဒေါ်လာ ဝယ်ယူကာ စီးပွားကူးသန်း၌ လိုင်စင်လျှောက်ထားရခြင်းကြောင့် ဈေးကွက်တွင် ဒေါ်လာ ဝယ်လိုအားများနေခြင်းဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ဆိုသည်။

လိုင်စင်လျှောက်ထားပြီးပါ က အနည်းဆုံး နှစ်လမှ ခြောက်လ အထိ ယင်းလိုင်စင်ကို လက်ထဲ တွင် ကိုင်ထားနိုင်ပြီး ၂၀၁၇ မေလ ခန့်အထိ မူဝါဒအဟောင်းဖြင့် မိမိတင်သွင်းလိုသော ကားကို ဝယ်ယူတင်သွင်းနိုင်သောကြောင့် ယခုကဲ့သို့ ပြည်တွင်းဒေါ်လာဈေးမြင့်တက်ခြင်း အကြောင်းရင်းတစ်ခုဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းချသူများက ပြောကြားသည်။

‘‘အခု လိုင်စင်လျှောက်ဖို့အ တွက် ဘဏ်ထဲမှာ ဒေါ်လာထည့် ခိုင်းမယ့်အစား ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ်ငွေကိုလည်း ထည့်ခိုင်းသင့်ပါတယ်။ အဲဒီလိုဆိုရင် ကျပ်ငွေတန် ဖိုး အရမ်းမာလာပါလိမ့်မယ်။ နိုင် ငံခြားကို For Show ငွေလွှဲ (TT လွှတ်)တာကို ရပ်ခိုင်းရမှာပါ။ ဒါမှ ဒေါ်လာဈေးတက်တာကို ထိန်း ချုပ်နိုင်မှာ’’ဟု ဂျပန်နိုင်ငံမှ ကား တင်သွင်းရောင်းချသူတစ်ဦးက ဆိုသည်။

ပြက္ခဒိန်နှစ်တစ်ခုကုန်တိုင်းကားတင်သွင်းသူများဘက်မှ အ လုံးအရင်းဖြင့် ဝယ်ယူတင်သွင်း နိုင်ရန် လိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့် ဒေါ်လာလိုအပ်ချက်မှာ မြင့်မားသောကြောင့် ဒေါ်လာဈေးတက်ရသည့် အကြောင်းတွင် ယင်းအချက်မှာလည်း ဖြစ်နိုင်သည်ဟု Japan Trade Agency မှ အထွေထွေမန်နေဂျာ ဦးဆန်းဦးက ၎င်း၏ အမြင်ကို ပြောသည်။

၂၀၁၇ အတွက် မော်တော် ယာဉ်တင်သွင်းခွင့်ထုတ်လုပ်နှစ် (Model Year) သတ်မှတ်ချက်ကို ယခုလနောက်ဆုံးပတ်တွင် တရားဝင်ထုတ်ပြန်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန် သည်။

အစိုးရသစ်လက်ထက် ခုနစ် လအတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ၁,၂၀၀ ကျပ်ခန့်မှ ၁,၃၂၃ ကျပ်အထိ စံချိန်တင်မြင့် တက်ခဲ့ပြီး ဒေါ်လာတန်ဖိုး မြင့် တက်လာမှုမှာ ခုနစ်လအတွင်း ၁၀ ရာခိုင်နှုန်းခန့်ရှိလာပြီ ဖြစ် ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က ပြောကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top