Property Expo
×

ဥေရာပသမဂၢမွ ၿဗိတိန္ႏုိင္ငံ ထြက္ခြာမယ့္အစီအစဥ္ကုိ အစိုးရအေနနဲ႕ လႊတ္ေတာ္ရဲ႕ခြင့္ျပဳခ်က္မရဘဲ စတင္ေဆာင္႐ြက္ျခင္း မျပဳရန္ တရား႐ုံးခ်ဳပ္က အမိန္႕ထုတ္ျပန္လုိက္ပါတယ္။

ဥေရာပသမဂၢမွ ၿဗိတိန္ထြက္ခြာမယ့္ အစီအစဥ္ကုိ စတင္လုပ္ေဆာင္ရန္ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္မႈ ခံယူရမယ္လုိ႕ တရား႐ုံးခ်ဳပ္က ယေန႕ (ႏုိဝင္ဘာ ၃ ရက္) အမိန္႕ထုတ္ညႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။

ထိပ္တန္းအဆင့္ တရားသူႀကီးသုံးဦးက ဝန္ႀကီးခ်ဳပ္ထရီဆာေမ အစုိးရဟာ ဥေရာပသမဂၢမွ ၿဗိတိန္ထြက္ခြာေရးကုိ ေဆာင္႐ြက္ရန္ အခြင့္အာဏာမ႐ွိေၾကာင္း ဆုံးျဖတ္ေျပာၾကားခဲ့ပါတယ္။ ဇြန္လမွာ ျပဳလုပ္ခဲ့တဲ့ လူထုဆႏၵခံယူပြဲမွာ ၿဗိတိန္ႏုိင္ငံကုိ ဥေရာပသမဂၢမွ ထြက္ခြာရန္ ျပည္သူေတြက မဲေပးခဲ့ၾကပါတယ္။

တရား႐ုံးခ်ဳပ္ရဲ႕ ယခု ဆုံးျဖတ္ခ်က္အေပၚ စိတ္ပ်က္မိေၾကာင္းနဲ႕ လူထုဆႏၵခံယူပြဲ ရလဒ္ကုိ ေလစားလုိက္နာရန္ အစုိးရက ခံယူထားေၾကာင္း ထရီဆာေမရဲ႕ ေဒါင္းနင္းလမ္း႐ုံးက ေျပာပါတယ္။ ဥေရာပသမဂၢမွ ၿဗိတိန္ထြက္ခြာေရး လႊတ္ေတာ္အဆုံးအျဖတ္ ခံယူရန္ တရား႐ုံးခ်ဳပ္အမိန္႕ကုိ အယူခံဝင္သြားမယ္လုိ႕လည္း ဝန္ႀကီးခ်ဳပ္႐ံုး ေျပာခြင့္ရပုဂၢဳိလ္က ဆုိပါတယ္။

ယခုကိစၥအေပၚ တရား႐ုံးခ်ဳပ္မွာ ၾကားနာမႈကုိ လာမယ့္ ဒီဇင္ဘာလအေစာပိုင္းမွာ ျပဳလုပ္သြားမယ္လုိ႕ ေမွ်ာ္လင့္ရပါတယ္။ ဥေရာပသမဂၢမွ ၿဗိတိန္ထြက္ခြာမယ့္ အစီအစဥ္နဲ႕ ပတ္သက္ၿပီး ၿဗိတိသွ်လုုပ္ငန္း႐ွင္ အမ်ဳိးသမီး ဂီနာမီလ္လာက တရား႐ုံးခ်ဳပ္မွာ ဦးတုိက္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာမယ့်အစီအစဉ်ကို အစိုးရအနေနဲ့ လွှတ်တော်ရဲ့ခွင့်ပြုချက်မရဘဲ စတင်ဆောင်ရွက်ခြင်း မပြုရန် တရားရုံးချုပ်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမယ့် အစီအစဉ်ကို စတင်လုပ်ဆောင်ရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု ခံယူရမယ်လို့ တရားရုံးချုပ်က ယနေ့ (နိုဝင်ဘာ ၃ ရက်) အမိန့်ထုတ်ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ထိပ်တန်းအဆင့် တရားသူကြီးသုံးဦးက ဝန်ကြီးချုပ်ထရီဆာမေ အစိုးရဟာ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးကို ဆောင်ရွက်ရန် အခွင့်အာဏာမရှိကြောင်း ဆုံးဖြတ်ပြောကြားခဲ့ပါတယ်။ ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ ဗြိတိန်နိုင်ငံကို ဥရောပသမဂ္ဂမှ ထွက်ခွာရန် ပြည်သူတွေက မဲပေးခဲ့ကြပါတယ်။

တရားရုံးချုပ်ရဲ့ ယခု ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်းနဲ့ လူထုဆန္ဒခံယူပွဲ ရလဒ်ကို လေစားလိုက်နာရန် အစိုးရက ခံယူထားကြောင်း ထရီဆာမေရဲ့ ဒေါင်းနင်းလမ်းရုံးက ပြောပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေး လွှတ်တော်အဆုံးအဖြတ် ခံယူရန် တရားရုံးချုပ်အမိန့်ကို အယူခံဝင်သွားမယ်လို့လည်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ယခုကိစ္စအပေါ် တရားရုံးချုပ်မှာ ကြားနာမှုကို လာမယ့် ဒီဇင်ဘာလအစောပိုင်းမှာ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဗြိတိသျှလုုပ်ငန်းရှင် အမျိုးသမီး ဂီနာမီလ်လာက တရားရုံးချုပ်မှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top