Kantharyar Centre
×

ကံကို ျပဳျပင္စီရင္၍မရႏိုင္ဟုအၾကမ္းဖ်င္းအားျဖင့္သိထားၾကသည္။ ျပဳျပင္စီရင္၍မရသျဖင့္ ျမတ္စြာဘုရားရွင္
ကိုယ္တိုင္ ဝဋ္ေၾကြးဆပ္ ပရိတ္နိဗၺာန္စံ ပ်ံလြန္ေတာ္မူရသည္။ ရဟႏၱာမ်ား ပ်ံလြန္ေတာ္မူခါနီး သည့္တိုင္ အေသဆိုးႏွင့္ ျပီး ဝဋ္ေၾကြးဆပ္ရသည့္ သာဓကမ်ားလည္းရွိသည္။

ေသမည့္ကံသို႔ေရာက္သျဖင္ တားဆီးမရပဲ ေသရသည္။ အုိမည့္ကံ၊ ေမြးမည့္ကံ၊ ထီေပါက္မည့္ ကံ၊ ကားတိုက္မိရန္ ကံ စသည္ျဖင့္ ကံကံကံ၊ ကံကသာ စီရင္ေနသည္ဟု အမ်ားက သိထားၾကသည္။ ထို႔ေၾကာင့္ပင္ ဗုဒၶဘာသာဝင္ အခ်ဳိ႕က အမွုကိစၥတစ္ခုခုကို ေဆာင္ရြက္၍ မေအာင္ျမင္သည့္ အခါ၊ က်ရွံးသည့္အခါ၊ တစ္ခုခု ျဖစ္လာသည့္အခါ “ကံေၾကာင့္ပါကြာ၊ ကံစီမံရာ ျဖစ္တာပါေလ၊ ကံတရားက မ်က္ႏွာသာမေပးတာပါေလ” ဟူ၍ ျငီးျငဴ ေျဖသိမ့္တတ္ၾကသည္။ ထုိအခါ မိမိတို႔ ေလာကီ၊ ေလာကုတ္ လိုရာပန္းတိုင္ကို ေရာက္ရန္ တု႔ံဆိုင္းရသည္။ ပ်က္ဆီးရသည္။ ထုိ႔ေၾကာင့္ ကံကို ျပဳျပင္စီရင္လို႔ရသည့္ အေျခအေနတစ္ခုရွိသည္ကို သိရွိရန္ လိုအပ္လာပါသည္။

ကံကို ျပဳျပင္စီရင္၍ ရပါသည္။ မည္သုိ႔နည္း------

ေသမည့္ကံ ၾကံဳလွ်င္၊ေသရမည္ျဖစ္သည္။ နာရမည့္ကံၾကံဳလွ်င္ နာရမည္ျဖစ္သည္။ ထိုအခါ ကာယကံ ရွင္က ၾကိဳတင္ျပင္ဆင္စရာ ရွိလာပါသည္။ မေကာင္းသည့္ကံက မေကာင္းသည္ ကို ျဖစ္ေစျပီး၊ ေကာင္းသည့္ ကုသိုလ္အမွု (ကံ) က ေကာင္းသည့္ ကုသုိလ္အက်ိဳး (ကံ) ကို ျဖစ္ေပၚေစသည္ဟု အမ်ားသိ သိရွိျပီး ျဖစ္သည္။ ထို႔ေၾကာင့္ သိရွိျပီးအတုိင္း ေကာင္းသည့္အမွုမ်ား ပုညၾကိယာ ၁၀ ပါးအေျခခံ ဒါန၊သီလ၊ဘာဝန အစရွိေသာ ကုသိုလ္တရားမ်ားကို မဟာကုသုိလ္ေျမာက္ေအာင္ ျပဳထားရမည္။

မဟာကုသုိလ္ေျမာက္ရန္ဆုိျခင္းက မျပဳခင္၊ ျပဳစဥ္၊ ျပဳျပီး ကုသုိလ္အမွုကိစၥ၏ အေၾကာင္း၊အက်ိဳးကိုေကာင္းေကာင္းသိျမင္၊ ႏွလံုးသြင္း ၾကည္ညိဳသဒၶါ ျဖင့္ ျပဳရမည္ ျဖစ္သည္။ ကံဆုိးတစ္ခုခုၾကံဳလာသည့္အခါ-----------

ကံဆိုးတစ္ခုခု ၾကံဳလာတိုင္း၊ တားဆီးမရသည့္ မဆီမဆိုင္ ၾကရွံုးမွု တစ္ခုခုၾကံဳလာတိုင္း ႏွလံုးသြင္းေျဖ သိမ့္ရန္ျဖစ္သည္။ မေျဖသိမ့္က က်ရွုံးမိသည့္အတြက္ ေသာကမီးေလာင္မည္၊ ေမာဟဖံုးမည္၊
 ေဒါသစိတ္ ျဖစ္ေပၚလာမည္။ မျပဳအပ္သည့္ အကုသိုလ္အမွုကိုျပဳမိသည္။ ဘာမွမျပဳပဲ တိတ္ဆိတ္ေနသူကလည္း ေသာကမီးေလာင္ျမိဳက္ျခင္းကို ခံရသည္။

၄င္းတုိ႔ကို ေျဖသိမ့္ႏိုင္ပါသည္။ ဥပမာ- ကားတိုက္၍ ေျခက်ိဳးသြားပါက နဂို ေသမည့္ကံရွိေနေသာ မိမိက ေျခက်ိဳးရံုႏွင့္ ဝဋ္ေၾကြးဆပ္လိုက္ရသည္ဟု မနသိကာရ ႏွလံုးသြားရမည္။ ေငြ တစ္သိန္းဆံုးရွုံးသည့္အခါ စီးပြားပ်က္ကိန္းမွ လြတ္ေျမာက္ရသည္ဟု ႏွလံုးသြင္းအပ္သည္။

ကံေၾကြးတစ္ခုခုဆပ္ရန္ အခါၾကံဳသည့္အခါ ကူညီေဖးမသူ ေပၚအပ္ပါသည္။ ဥပမာ- မဟာကုသိုလ္ျပဳျပီး အမွ်အတမ္းေန႔စဥ္ မွ်ေဝသူတစ္ဦးကို နတ္ေကာင္းနတ္ျမတ္မ်ားက ေဘးမသီရန္မခရန္ ကယ္ဆယ္ေပးသည့္ အခါ ရွိသကဲ့သုိ႔ ျဖစ္သည္။ ထိုနတ္မ်ားကလည္း အေၾကာင္းသက္သက္ မဟာကုသိုလ္ျပဳသူအား လာေရာက္ကူညီျခင္းမ်ိဳးမဟုတ္ပဲ ထုိသို႔ ကူညီျခင္းကို လက္ခံႏိုင္ရန္ ကံပါသည့္သူသာ အကူညီခံရပါသည္။ ၄င္းက ကံအေၾကြးတစ္လွည့္ဆီ ဆပ္ျခင္းမ်ိဳးလည္း ျဖစ္သည္။ ေန႔စဥ္ အမွ်အတန္းေဝ ကုသိုလ္ျပဳေသာ သူတစ္ဦး၊ ေမတၱသုတ္အား ရတနားသံုးပါးသိျမင္ ရွိခိုးပူေဇာ္ျခင္း စသည္မ်ားက ကံဆိုးတစ္ခုခု ၾကံဳလာသည့္အခါ ျပန္လည္ ေထာက္ပံ့ကူညီသည္။ အျမဲတမ္း ေန႔စဥ္ မပ်က္ ျပဳေသာ ကုသိုလ္မ်ိဳးကလည္း ေနာင္ဘဝကူးခ်ိန္မဟုတ္ပဲ လက္ရွိဘဝတြင္ပင္ အက်ိဳးျပဳသည္။

ဆုိလိုရင္းက မဟာကုသိုလ္ထူး ျပဳထားသူက အကုသိုလ္ကံဆုိး မ်ားၾကံဳလာတိုင္း ျပဳေသာ ကုသုိလ္ေၾကာင့္ ဆပ္ရမည့္ ဝဋ္ေၾကြး ေလ်ာ့ပါးသြားသည္။ ေပ်ာက္ပ်က္သြားသည္မဆုိလို။ က်ယ္ေျပာလွေသာ ဘဝဆက္တိုင္း ကုသိုလ္ ပဲ့တင္ထပ္သကဲ့သို႔ အကုသိုလ္လဲ ပဲ့တင္ထပ္သည္။ ယေန႔မဆပ္ရလည္း နက္ဖန္၊ ယခုဘဝမဟုတ္လည္း ေနာက္ဘဝ စသည္ျဖင့္ ကုသုိလ္ကံ၊ အကုသုိလ္ကံမ်ားက ကာယကံရွင္၏ အမွုကိစၥ အေလ်ာက္ မ်ားသည့္အခါမ်ားလိုက္၊ နည္းသည့္အခါနည္းလုိက္ျဖစ္ရသည္။ အကုသိုလ္ၾကီးျပဳသူက ေသမည့္ ကံထက္ ေစာ၍ေသရသည္။ ၄င္းကို အဘိဓမၼာတြင္ ရုပ္သက္ကုန္၍ ေသရျခင္း၊ နာမ္သက္ကုန္၍ ေသရျခင္း၊ ရုပ္နာမ္သက္ ႏွစ္ပါးလံုး ခ်ဳပ္၍ ေသရျခင္းဟု ဖြင့္ဆုိေဟာၾကားထားသည္။ ဤသည္ကို မသိသူတို႔က “ေသခ်ိန္တန္မွ ေသရမွာ လုပ္သာလုပ္၊ ျပဳသာျပဳ” ဟူေသာ အစြဲျဖင့္ အကုသုိလ္အမွုျပဳၾကသည္။

ထို႔ေၾကာင့္ ဘုရားေဟာတရားမ်ား သိျမင္ေသာ စာဖတ္သူ ဓမၼမိတ္ေဆြမ်ားႏွင့္ မိမိတို႔က မည္သုိ႔ျပဳရမည္နည္း။ ကံကို အတတ္ႏိုင္ဆံုး ျပဳျပင္စီရင္ရမည္ျဖစ္သည္။ မဟာကုသုိလ္ၾကီး မ်ားျပဳလုပ္ရမည္ျဖစ္သည္။ ဒါန၊သီလ၊ ဘာဝနာ သံုးပါးလံုး ဥာဏ္ပညာရွင္လ်က္ျပဳထားရမည္။

ထိုေၾကာင့္ ကံဆိုးတစ္ခုခုၾကံဳလာသည့္အခါ “ငါ ဒီကုသိုလ္ျပဳထားလို႔ ဒီေလာက္ပဲ ခံရတာ” ဟူ၍ေျဖသိမ့္အပ္သည္။ ထို႔ေနာက္ နိဗၺာန္ မ်က္ေမွာက္ျပဳအပ္ေသာ တရားမ်ားကို ပြားမ်ားက်င့္ၾကံအပ္သည္။ နိဗၺာန္ ဝင္ခါးနီးတြင္ပင္ ရဟႏၱာရွင္ျမတ္တို႔ ဝဋ္ေၾကြးဆပ္ရသည္။ သို႔ေသာ္ ဤဝဋ္ေၾကြးကေနာက္ဆံုးျဖစ္ျပီး ကံေၾကာင္းက်ိဳးတို႔အျပီးတိုင္ ခ်ဳပ္ျငိမ္းျပီး ဘံုဘဝ လြတ္ကင္းရသည္။

ထို႔ေၾကာင့္ဘဝတြင္ ေနရသည့္ အက်ိဳးအေၾကာင္းကိုသိျမင္ျပီး အမွုကိစၥတိုင္းကို အေလးထားျပဳလုပ္တတ္လာမည္။ မေကာင္းအမွု အကုသုိလ္မ်ားကို ေရွာင္ရွားတတ္လာသည္။ ၾကံဳလာလွ်င္လည္း ၾကံ႕ၾကံ႕ခံႏိုင္သြားသည္။ ရတနာသံုးပါးကုိ သံသယကင္းကင္း ဆည္းကပ္လာသည္။ မဂ္ဖုိလ္ရရန္ က်င့္ၾကံႏိုင္သြားသည္။

ဤသည္ကို သိျမင္ေသာ ျမတ္စြာဘုရားက ယခုကဲ့သို႔ တိတိက်က် ေဟာၾကားမိန္႔ဆုိခဲ့ျခင္းျဖစ္သည္။



စာဖတ္သူအေပါင္းတို႔ မိမိကံမိမိ ျပဳျပင္စီရင္ ဖန္တီးႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ကံကို ပြုပြင်စီရင်၍မရနိုင်ဟုအကြမ်းဖျင်းအားဖြင့်သိထားကြသည်။ ပြုပြင်စီရင်၍မရသဖြင့် မြတ်စွာဘုရားရှင်

ကိုယ်တိုင် ဝဋ်ကြွေးဆပ် ပရိတ်နိဗ္ဗာန်စံ ပျံလွန်တော်မူရသည်။ ရဟန္တာများ ပျံလွန်တော်မူခါနီး သည့်တိုင် အသေဆိုးနှင့် ပြီး ဝဋ်ကြွေးဆပ်ရသည့် သာဓကများလည်းရှိသည်။

သေမည့်ကံသို့ရောက်သဖြင် တားဆီးမရပဲ သေရသည်။ အိုမည့်ကံ၊ မွေးမည့်ကံ၊ ထီပေါက်မည့် ကံ၊ ကားတိုက်မိရန် ကံ စသည်ဖြင့် ကံကံကံ၊ ကံကသာ စီရင်နေသည်ဟု အများက သိထားကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင် အချို့က အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်၍ မအောင်မြင်သည့် အခါ၊ ကျရှံးသည့်အခါ၊ တစ်ခုခု ဖြစ်လာသည့်အခါ “ကံကြောင့်ပါကွာ၊ ကံစီမံရာ ဖြစ်တာပါလေ၊ ကံတရားက မျက်နှာသာမပေးတာပါလေ” ဟူ၍ ငြီးငြူ ဖြေသိမ့်တတ်ကြသည်။ ထိုအခါ မိမိတို့ လောကီ၊ လောကုတ် လိုရာပန်းတိုင်ကို ရောက်ရန် တုံ့ဆိုင်းရသည်။ ပျက်ဆီးရသည်။ ထို့ကြောင့် ကံကို ပြုပြင်စီရင်လို့ရသည့် အခြေအနေတစ်ခုရှိသည်ကို သိရှိရန် လိုအပ်လာပါသည်။

ကံကို ပြုပြင်စီရင်၍ ရပါသည်။ မည်သို့နည်း------

သေမည့်ကံ ကြုံလျှင်၊သေရမည်ဖြစ်သည်။ နာရမည့်ကံကြုံလျှင် နာရမည်ဖြစ်သည်။ ထိုအခါ ကာယကံ ရှင်က ကြိုတင်ပြင်ဆင်စရာ ရှိလာပါသည်။ မကောင်းသည့်ကံက မကောင်းသည် ကို ဖြစ်စေပြီး၊ ကောင်းသည့် ကုသိုလ်အမှု (ကံ) က ကောင်းသည့် ကုသိုလ်အကျိုး (ကံ) ကို ဖြစ်ပေါ်စေသည်ဟု အများသိ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သိရှိပြီးအတိုင်း ကောင်းသည့်အမှုများ ပုညကြိယာ ၁၀ ပါးအခြေခံ ဒါန၊သီလ၊ဘာဝန အစရှိသော ကုသိုလ်တရားများကို မဟာကုသိုလ်မြောက်အောင် ပြုထားရမည်။

မဟာကုသိုလ်မြောက်ရန်ဆိုခြင်းက မပြုခင်၊ ပြုစဉ်၊ ပြုပြီး ကုသိုလ်အမှုကိစ္စ၏ အကြောင်း၊အကျိုးကိုကောင်းကောင်းသိမြင်၊ နှလုံးသွင်း ကြည်ညိုသဒ္ဓါ ဖြင့် ပြုရမည် ဖြစ်သည်။ ကံဆိုးတစ်ခုခုကြုံလာသည့်အခါ-----------

ကံဆိုးတစ်ခုခု ကြုံလာတိုင်း၊ တားဆီးမရသည့် မဆီမဆိုင် ကြရှုံးမှု တစ်ခုခုကြုံလာတိုင်း နှလုံးသွင်းဖြေ သိမ့်ရန်ဖြစ်သည်။ မဖြေသိမ့်က ကျရှုံးမိသည့်အတွက် သောကမီးလောင်မည်၊ မောဟဖုံးမည်၊

 ဒေါသစိတ် ဖြစ်ပေါ်လာမည်။ မပြုအပ်သည့် အကုသိုလ်အမှုကိုပြုမိသည်။ ဘာမှမပြုပဲ တိတ်ဆိတ်နေသူကလည်း သောကမီးလောင်မြိုက်ခြင်းကို ခံရသည်။

၎င်းတို့ကို ဖြေသိမ့်နိုင်ပါသည်။ ဥပမာ- ကားတိုက်၍ ခြေကျိုးသွားပါက နဂို သေမည့်ကံရှိနေသော မိမိက ခြေကျိုးရုံနှင့် ဝဋ်ကြွေးဆပ်လိုက်ရသည်ဟု မနသိကာရ နှလုံးသွားရမည်။ ငွေ တစ်သိန်းဆုံးရှုံးသည့်အခါ စီးပွားပျက်ကိန်းမှ လွတ်မြောက်ရသည်ဟု နှလုံးသွင်းအပ်သည်။

ကံကြွေးတစ်ခုခုဆပ်ရန် အခါကြုံသည့်အခါ ကူညီဖေးမသူ ပေါ်အပ်ပါသည်။ ဥပမာ- မဟာကုသိုလ်ပြုပြီး အမျှအတမ်းနေ့စဉ် မျှဝေသူတစ်ဦးကို နတ်ကောင်းနတ်မြတ်များက ဘေးမသီရန်မခရန် ကယ်ဆယ်ပေးသည့် အခါ ရှိသကဲ့သို့ ဖြစ်သည်။ ထိုနတ်များကလည်း အကြောင်းသက်သက် မဟာကုသိုလ်ပြုသူအား လာရောက်ကူညီခြင်းမျိုးမဟုတ်ပဲ ထိုသို့ ကူညီခြင်းကို လက်ခံနိုင်ရန် ကံပါသည့်သူသာ အကူညီခံရပါသည်။ ၎င်းက ကံအကြွေးတစ်လှည့်ဆီ ဆပ်ခြင်းမျိုးလည်း ဖြစ်သည်။ နေ့စဉ် အမျှအတန်းဝေ ကုသိုလ်ပြုသော သူတစ်ဦး၊ မေတ္တသုတ်အား ရတနားသုံးပါးသိမြင် ရှိခိုးပူဇော်ခြင်း စသည်များက ကံဆိုးတစ်ခုခု ကြုံလာသည့်အခါ ပြန်လည် ထောက်ပံ့ကူညီသည်။ အမြဲတမ်း နေ့စဉ် မပျက် ပြုသော ကုသိုလ်မျိုးကလည်း နောင်ဘဝကူးချိန်မဟုတ်ပဲ လက်ရှိဘဝတွင်ပင် အကျိုးပြုသည်။

ဆိုလိုရင်းက မဟာကုသိုလ်ထူး ပြုထားသူက အကုသိုလ်ကံဆိုး များကြုံလာတိုင်း ပြုသော ကုသိုလ်ကြောင့် ဆပ်ရမည့် ဝဋ်ကြွေး လျော့ပါးသွားသည်။ ပျောက်ပျက်သွားသည်မဆိုလို။ ကျယ်ပြောလှသော ဘဝဆက်တိုင်း ကုသိုလ် ပဲ့တင်ထပ်သကဲ့သို့ အကုသိုလ်လဲ ပဲ့တင်ထပ်သည်။ ယနေ့မဆပ်ရလည်း နက်ဖန်၊ ယခုဘဝမဟုတ်လည်း နောက်ဘဝ စသည်ဖြင့် ကုသိုလ်ကံ၊ အကုသိုလ်ကံများက ကာယကံရှင်၏ အမှုကိစ္စ အလျောက် များသည့်အခါများလိုက်၊ နည်းသည့်အခါနည်းလိုက်ဖြစ်ရသည်။ အကုသိုလ်ကြီးပြုသူက သေမည့် ကံထက် စော၍သေရသည်။ ၎င်းကို အဘိဓမ္မာတွင် ရုပ်သက်ကုန်၍ သေရခြင်း၊ နာမ်သက်ကုန်၍ သေရခြင်း၊ ရုပ်နာမ်သက် နှစ်ပါးလုံး ချုပ်၍ သေရခြင်းဟု ဖွင့်ဆိုဟောကြားထားသည်။ ဤသည်ကို မသိသူတို့က “သေချိန်တန်မှ သေရမှာ လုပ်သာလုပ်၊ ပြုသာပြု” ဟူသော အစွဲဖြင့် အကုသိုလ်အမှုပြုကြသည်။

ထို့ကြောင့် ဘုရားဟောတရားများ သိမြင်သော စာဖတ်သူ ဓမ္မမိတ်ဆွေများနှင့် မိမိတို့က မည်သို့ပြုရမည်နည်း။ ကံကို အတတ်နိုင်ဆုံး ပြုပြင်စီရင်ရမည်ဖြစ်သည်။ မဟာကုသိုလ်ကြီး များပြုလုပ်ရမည်ဖြစ်သည်။ ဒါန၊သီလ၊ ဘာဝနာ သုံးပါးလုံး ဉာဏ်ပညာရှင်လျက်ပြုထားရမည်။

ထိုကြောင့် ကံဆိုးတစ်ခုခုကြုံလာသည့်အခါ “ငါ ဒီကုသိုလ်ပြုထားလို့ ဒီလောက်ပဲ ခံရတာ” ဟူ၍ဖြေသိမ့်အပ်သည်။ ထို့နောက် နိဗ္ဗာန် မျက်မှောက်ပြုအပ်သော တရားများကို ပွားများကျင့်ကြံအပ်သည်။ နိဗ္ဗာန် ဝင်ခါးနီးတွင်ပင် ရဟန္တာရှင်မြတ်တို့ ဝဋ်ကြွေးဆပ်ရသည်။ သို့သော် ဤဝဋ်ကြွေးကနောက်ဆုံးဖြစ်ပြီး ကံကြောင်းကျိုးတို့အပြီးတိုင် ချုပ်ငြိမ်းပြီး ဘုံဘဝ လွတ်ကင်းရသည်။

ထို့ကြောင့်ဘဝတွင် နေရသည့် အကျိုးအကြောင်းကိုသိမြင်ပြီး အမှုကိစ္စတိုင်းကို အလေးထားပြုလုပ်တတ်လာမည်။ မကောင်းအမှု အကုသိုလ်များကို ရှောင်ရှားတတ်လာသည်။ ကြုံလာလျှင်လည်း ကြံ့ကြံ့ခံနိုင်သွားသည်။ ရတနာသုံးပါးကို သံသယကင်းကင်း ဆည်းကပ်လာသည်။ မဂ်ဖိုလ်ရရန် ကျင့်ကြံနိုင်သွားသည်။

ဤသည်ကို သိမြင်သော မြတ်စွာဘုရားက ယခုကဲ့သို့ တိတိကျကျ ဟောကြားမိန့်ဆိုခဲ့ခြင်းဖြစ်သည်။



စာဖတ်သူအပေါင်းတို့ မိမိကံမိမိ ပြုပြင်စီရင် ဖန်တီးနိုင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top