Property Expo
×






Credit:Duwun

Unicode Version

အိမ်ထောင်ကျခါစ လီဆာဘက်ကင်ဟမ်ဟာ သူမရဲ့ခင်ပွန်း မိုက်ကယ်ရှာ့ပ်နဲ့ ပျော်ရွှင်စရာ ဘဝသစ်ထူထောင်ဖို့အတွက် စိတ်အားထက်သန်ခဲ့သူပါ။

ဒါပေမဲ့ သူမတို့အိမ်ရဲ့ ထပ်ခိုးပေါ်မှ လက်ထပ်စာချုပ်တစ်ခုကို အမှတ်မထင် တွေ့ရှိချိန်မှာ သတို့သမီးရဲ့နာမည်က သူမနာမည်မဟုတ်တာကို တွေ့ရှိလိုက်ရတဲ့အတွက် ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။

သူမရဲ့ခင်ပွန်းဟာ တရားဝင်အိမ်ထောင်ရှိရဲ့နဲ့ နောက်ထပ်အိမ်ထောင်သစ်ထူတဲ့ ပြစ်မှုကို ကျူးလွန်ထားတာ ဖြစ်တဲ့အတွက် ရဲကို အကြောင်းကြားမယ်လို့ သူမဟာ ရင်နာနာနဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

မိုက်ကယ်ရှာ့ပ်ဟာ ပြစ်မှုထင်ရှားတဲ့အတွက် ဒီနှစ်ဧပြီလမှာ ထောင်ဒဏ် ၅ လ ကျခံလိုက်ရပြီ။ ဒါပေမဲ့ သူဟာ တတိယအမျိုးသမီးတစ်ဦးကိုလည်း စေ့စပ်ထားတယ်ဆိုတာကိုလည်း လီဆာ သိရှိခဲ့ရပါတယ်။

"ကျွန်မတို့ အတူတည်ထောင်ထားတဲ့ဘဝဟာ အလိမ်အညာတွေချည်းပဲ ဖြစ်နေတာ သိလိုက်ရတော့ ကျွန်မအနာဂတ်တစ်ခုလုံး ပြိုပျက်သွားတယ်" လို့ သူမက ဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top