Property Expo
×

လူသား ဂဏန္းေပါင္းစက္အျဖစ္ ဂင္းနစ္ စံခ်ိန္တင္ထားသူကေတာ့ အေမရိကန္မွ Scott Flansburg အမည္ရ အမ်ိဳးသား တစ္ဦး ျဖစ္ပါတယ္။
သူကိုယ္တိုင္ကလည္း သခ်ၤာနဲ႔ ေက်ာင္းျပီးထားသူ ျဖစ္ျပီး သခၤ်ာဆရာ တစ္ဦး ျဖစ္ပါတယ္။ သာမန္ သခၤ်ာထူးခြ်န္သူတစ္ဦးထက္လည္း ၁၅ မိနစ္ေစာျပီးေတာ့ အေပါင္း၊အႏွုတ္၊ အစား၊ ေျမာက္လဒ္တို႔ရဲ ႔အေျဖကို ေျပာႏိုင္ပါတယ္။ သာမန္လူ ဂဏန္းေပါင္စက္နဲ႔ အေျဖကို လိုက္ရွာေနခ်ိန္ အေျဖကို လက္တန္းေျပာႏိုင္သူ ျဖစ္ပါတယ္။
အေပါင္း၊ အႏွုတ္၊ အေျမာက္၊ အစား၊ ႏွစ္ထပ္ကိန္း၊ ႏွစ္ထိပ္ကိန္းရင္း၊ သံုးထပ္ကိန္း အစရွိသျဖင့္တို႔ကို အလြယ္တကူ ရွာေဖြႏိုင္သူ ျဖစ္ပါတယ္။ သူ႔ရဲ ႔ထူးျခားတဲ့ စြမ္းေဆာင္ရည္က လူသား ဂဏန္းေပါင္းစက္အျဖစ္ ဂင္းနစ္မွတ္တမ္းတင္အဖြဲ႔မွ မွတ္တမ္းတင္ အသိအမွတ္ျပဳခဲ့ပါတယ္။
လွ်ိဳ ႔ဝွက္ခ်က္ ။ ။ ၁၉၉၉ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္ေန႔မွာ သူငယ္ခ်င္း ျဖစ္သူ ေရာ့ခ္အဆုိေတာ္ Alice Cooper နဲ႔ ေဂါက္ရိုက္ထြက္စဥ္ သူ႔ရဲ ႔လွ်ိဳ ႔ဝွက္ကို ေျပာျပခဲ့ပါတယ္။ ကိန္းဂဏန္းေတြ ကို ျမန္ျမန္တြက္ ခ်က္ႏိုင္ဖို႔ စိတ္တည္ျငိမ္ဖို႔လိုအပ္ပါ တယ္။ ျမန္ဖို႔အတြက္မဟုတ္ပဲ စိတ္ျငိမ္ျငိမ္နဲ႔ အေျဖမွန္ ထုတ္ႏိုင္ရာကေန တျဖည္းျဖည္းနဲ႔ ျမန္ ဆန္လာျခင္း ျဖစ္ပါတယ္။ ဦးေႏွာက္ထဲ တြက္ခ်က္မွုမွလည္း စိတ္မျပန္႔ လြင့္ ေအာင္ ထိန္းထားႏိုင္ရမယ္။ ျပီးေတာ့ အေပါင္းအႏွုတ္ အစားေျမာက္နည္းမ်ားကို သာမန္လူ အသံုးျပဳေနတဲ့ နည္းလမ္းထက္ပိုမို သိရွိထားရန္ လိုအပ္ပါတယ္။ ကိုယ္တိုင္လည္း အလြယ္နည္းနဲ႔ ေဖာ္ျမဴလာ အသစ္မ်ား ထုတ္သံုးတတ္ဖို႔ လိုအပ္တယ္လို႔ ဆုိပါတယ္။
ဥပမာ- ဂဏန္း ႏွစ္ခု ေပါင္းလို႔ ၉ ထက္ၾကီးတဲ့ကိန္းမ်ားကို ပထမ ဂဏန္း ႏွစ္ခု ေပါင္းေရးျပီး ႏွုတ္လိုက္ရင္ ရလဒ္အေျဖကလည္း ေပါင္းလဒ္ ၉ ပဲ ျဖစ္ပါတယ္။ ဥပမာ- ၅+၅ အေျဖက ၁၀ ျဖစ္ပါတယ္။ ၅၅ ထဲက ၁၀ ႏွုတ္ရင္ အေျဖက ၄၅ ျဖစ္ျပီး ၄ နဲ႔ ၅ ေပါင္းရင္ ရလဒ္ကေတာ့ ၉ ပဲ ျဖစ္ပါတယ္။ ၆+၆ ဆုိရင္ ရလဒ္က ၁၂ ျဖစ္ျပီး ၆၆ ထဲက ၁၂ ႏွုတ္ရင္ ၅၄ ျဖစ္ပါတယ္။ ၅၄ ကလည္း ၅+၄ အေျဖက ၉ ပဲ ျဖစ္ပါတယ္။ ၇+၇ ဆုိရင္ အေျဖက ၁၄ ျဖစ္ပါတယ္။ ၇၇ ထဲက ၁၄ ႏွုတ္ရင္ ၆၃ ျဖစ္ျပီး ၆ နဲ႔ ၃ ေပါင္း လဒ္က ၉ ပဲ ျဖစ္ပါတယ္။
ယင္းကေတာ့ အလြယ္ကူဆံုး ဥပမာ တစ္ခု သက္သက္သာျဖစ္ျပီး Scott Flansburg ထုတ္ေဖာ္တြက္ခ်က္တဲ့ အလြယ္ကူဆံုး နည္းလမ္းမ်ား ရွိေနပါေသးတယ္။ Flansburg ဟာ World Maths Day အတြက္ သံတမန္ အျဖစ္လည္း ခန္႔အပ္ျခင္း ခံထားရသူလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
လူသား ဂဏန်းပေါင်းစက်အဖြစ် ဂင်းနစ် စံချိန်တင်ထားသူကတော့ အမေရိကန်မှ Scott Flansburg အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။
သူကိုယ်တိုင်ကလည်း သချၤာနဲ့ ကျောင်းပြီးထားသူ ဖြစ်ပြီး သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။ သာမန် သင်္ချာထူးချွန်သူတစ်ဦးထက်လည်း ၁၅ မိနစ်စောပြီးတော့ အပေါင်း၊အနှုတ်၊ အစား၊ မြောက်လဒ်တို့ရဲ့အဖြေကို ပြောနိုင်ပါတယ်။ သာမန်လူ ဂဏန်းပေါင်စက်နဲ့ အဖြေကို လိုက်ရှာနေချိန် အဖြေကို လက်တန်းပြောနိုင်သူ ဖြစ်ပါတယ်။
အပေါင်း၊ အနှုတ်၊ အမြောက်၊ အစား၊ နှစ်ထပ်ကိန်း၊ နှစ်ထိပ်ကိန်းရင်း၊ သုံးထပ်ကိန်း အစရှိသဖြင့်တို့ကို အလွယ်တကူ ရှာဖွေနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည်က လူသား ဂဏန်းပေါင်းစက်အဖြစ် ဂင်းနစ်မှတ်တမ်းတင်အဖွဲ့မှ မှတ်တမ်းတင် အသိအမှတ်ပြုခဲ့ပါတယ်။
လျှို့ဝှက်ချက် ။ ။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ သူငယ်ချင်း ဖြစ်သူ ရော့ခ်အဆိုတော် Alice Cooper နဲ့ ဂေါက်ရိုက်ထွက်စဉ် သူ့ရဲ့လျှို့ဝှက်ကို ပြောပြခဲ့ပါတယ်။ ကိန်းဂဏန်းတွေ ကို မြန်မြန်တွက် ချက်နိုင်ဖို့ စိတ်တည်ငြိမ်ဖို့လိုအပ်ပါ တယ်။ မြန်ဖို့အတွက်မဟုတ်ပဲ စိတ်ငြိမ်ငြိမ်နဲ့ အဖြေမှန် ထုတ်နိုင်ရာကနေ တဖြည်းဖြည်းနဲ့ မြန် ဆန်လာခြင်း ဖြစ်ပါတယ်။ ဦးနှောက်ထဲ တွက်ချက်မှုမှလည်း စိတ်မပြန့် လွင့် အောင် ထိန်းထားနိုင်ရမယ်။ ပြီးတော့ အပေါင်းအနှုတ် အစားမြောက်နည်းများကို သာမန်လူ အသုံးပြုနေတဲ့ နည်းလမ်းထက်ပိုမို သိရှိထားရန် လိုအပ်ပါတယ်။ ကိုယ်တိုင်လည်း အလွယ်နည်းနဲ့ ဖော်မြူလာ အသစ်များ ထုတ်သုံးတတ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဥပမာ- ဂဏန်း နှစ်ခု ပေါင်းလို့ ၉ ထက်ကြီးတဲ့ကိန်းများကို ပထမ ဂဏန်း နှစ်ခု ပေါင်းရေးပြီး နှုတ်လိုက်ရင် ရလဒ်အဖြေကလည်း ပေါင်းလဒ် ၉ ပဲ ဖြစ်ပါတယ်။ ဥပမာ- ၅+၅ အဖြေက ၁၀ ဖြစ်ပါတယ်။ ၅၅ ထဲက ၁၀ နှုတ်ရင် အဖြေက ၄၅ ဖြစ်ပြီး ၄ နဲ့ ၅ ပေါင်းရင် ရလဒ်ကတော့ ၉ ပဲ ဖြစ်ပါတယ်။ ၆+၆ ဆိုရင် ရလဒ်က ၁၂ ဖြစ်ပြီး ၆၆ ထဲက ၁၂ နှုတ်ရင် ၅၄ ဖြစ်ပါတယ်။ ၅၄ ကလည်း ၅+၄ အဖြေက ၉ ပဲ ဖြစ်ပါတယ်။ ၇+၇ ဆိုရင် အဖြေက ၁၄ ဖြစ်ပါတယ်။ ၇၇ ထဲက ၁၄ နှုတ်ရင် ၆၃ ဖြစ်ပြီး ၆ နဲ့ ၃ ပေါင်း လဒ်က ၉ ပဲ ဖြစ်ပါတယ်။
ယင်းကတော့ အလွယ်ကူဆုံး ဥပမာ တစ်ခု သက်သက်သာဖြစ်ပြီး Scott Flansburg ထုတ်ဖော်တွက်ချက်တဲ့ အလွယ်ကူဆုံး နည်းလမ်းများ ရှိနေပါသေးတယ်။ Flansburg ဟာ World Maths Day အတွက် သံတမန် အဖြစ်လည်း ခန့်အပ်ခြင်း ခံထားရသူလို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top