Property Expo
×

မံုရြာၿမိဳ႕ ကံသာဦးရပ္ကြက္ သမာဓိလမ္းတြင္ ျဖစ္ပြားခဲ့ေသာ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈႏွင့္ ပတ္ သက္၍ တရားခံဟု ယူဆရေသာ အသက္ (၂၀) အရြယ္ အမ်ဳိးသား တစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း မံုရြာၿမိဳ႕ နယ္ေျမရဲတပ္ဖြဲ႕စခန္းမွ သတင္းရရွိသည္။

မံုရြာၿမိဳ႕ ေအာင္ခ်မ္းသာရပ္ ကြက္ေန အမ်ဳိးသားကို ႏို၀င္ဘာ ၂ ရက္က စစ္ကိုင္းၿမိဳ႕အ၀င္တြင္ ဖမ္းဆီးရမိခဲ့ၿပီး မြန္းလြဲပိုင္း၌မံုရြာၿမိဳ႕နယ္ေျမရဲတပ္ဖြဲ႕စခန္း တာ၀န္ရွိသူမ်ားထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္။

‘‘လူသတ္မႈျဖစ္စဥ္မွာ အသံုး ျပဳခဲ့တဲ့ ဓားက ေအာင္ခ်မ္းသာရပ္ ကြက္ထဲက တရားခံေနအိမ္ အိမ္ သာက်င္းထဲပစ္ခ်ထားလို႔ စည္ပင္အကူအညီနဲ႔  ဆယ္ယူၿပီးပါၿပီ။ ေသြးစြန္းေပက်ံေနတဲ့ တရားခံရဲ႕ အ၀တ္အထည္ေတြလည္း ေခ်ာင္းဦးၿမိဳ႕နယ္ ငါးယွန္ေက်းရြာအနီး က သိမ္းဆည္းရမိခဲ့တယ္။ စစ္ ေဆးမႈေတြေတာ့ ဆက္လက္လုပ္ ေဆာင္ေနပါတယ္။ ဒီေန႔ (ႏို၀င္ ဘာ ၃ ရက္) လူသတ္မႈနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြကို မႏၲေလးမွာ လိုက္သိမ္းရမွာပါ’’ ဟု မံုရြာၿမိဳ႕ နယ္ေျမရဲစခန္းမွဴး ရဲအုပ္ရဲေအာင္ က ေျပာသည္။

ကံသာဦးရပ္ကြက္တြင္ အိမ္ ငွားေနေသာ ဇနီးေမာင္ႏွံႏွစ္ဦး သည္ ေအာက္တိုဘာ ၂၇ ရက္က ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနၿပီး ေနအိမ္အိပ္ခန္းအတြင္းမွ မူးယစ္ ေဆး၀ါးသံုးစြဲသည့္ ပစၥည္းအခ်ဳိ႕ ကိုလည္း ရဲတပ္ဖြဲ႕က စစ္ေဆး ေတြ႕ရွိခဲ့သည္။

ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြားခဲ့သည့္ ေနအိမ္အတြင္း က်န္ရွိခဲ့ေသာ ပစၥည္းမ်ားကို ႏွစ္ ဖက္မိဘမ်ားထံ လႊဲေျပာင္းရန္ႏွင့္ မႈခင္းသဲလြန္စအေထာက္အထား မ်ား ရရွိေရးအတြက္ ေအာက္တို ဘာ ၂၉ ရက္ နံနက္က ရဲတပ္ဖြဲ႕ ၀င္မ်ားက ရွာေဖြစစ္ေဆးခဲ့ရာမွ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရ မိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မုံရွာမြို့ ကံသာဦးရပ်ကွက် သမာဓိလမ်းတွင် ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ် သက်၍ တရားခံဟု ယူဆရသော အသက် (၂၀) အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

မုံရွာမြို့ အောင်ချမ်းသာရပ် ကွက်နေ အမျိုးသားကို နိုဝင်ဘာ ၂ ရက်က စစ်ကိုင်းမြို့အဝင်တွင် ဖမ်းဆီးရမိခဲ့ပြီး မွန်းလွဲပိုင်း၌မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

‘‘လူသတ်မှုဖြစ်စဉ်မှာ အသုံး ပြုခဲ့တဲ့ ဓားက အောင်ချမ်းသာရပ် ကွက်ထဲက တရားခံနေအိမ် အိမ် သာကျင်းထဲပစ်ချထားလို့ စည်ပင်အကူအညီနဲ့  ဆယ်ယူပြီးပါပြီ။ သွေးစွန်းပေကျံနေတဲ့ တရားခံရဲ့ အဝတ်အထည်တွေလည်း ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး က သိမ်းဆည်းရမိခဲ့တယ်။ စစ် ဆေးမှုတွေတော့ ဆက်လက်လုပ် ဆောင်နေပါတယ်။ ဒီနေ့ (နိုဝင် ဘာ ၃ ရက်) လူသတ်မှုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို မန္တလေးမှာ လိုက်သိမ်းရမှာပါ’’ ဟု မုံရွာမြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင် က ပြောသည်။

ကံသာဦးရပ်ကွက်တွင် အိမ် ငှားနေသော ဇနီးမောင်နှံနှစ်ဦး သည် အောက်တိုဘာ ၂၇ ရက်က ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး နေအိမ်အိပ်ခန်းအတွင်းမှ မူးယစ် ဆေးဝါးသုံးစွဲသည့် ပစ္စည်းအချို့ ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိခဲ့သည်။

နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်အတွင်း ကျန်ရှိခဲ့သော ပစ္စည်းများကို နှစ် ဖက်မိဘများထံ လွှဲပြောင်းရန်နှင့် မှုခင်းသဲလွန်စအထောက်အထား များ ရရှိရေးအတွက် အောက်တို ဘာ ၂၉ ရက် နံနက်က ရဲတပ်ဖွဲ့ ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရ မိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top