Kantharyar Centre
×













Credit:Duwun

#Unicode Version
အမျိုးသမီးတစ်ဦးဟာ အိပ်ရာထဲမှာ သက်သောင့်သက်သာလှဲနေပြီး အပြစ်လုပ်ထားတဲ့ ခင်ပွန်းသည်ကို အပြစ်ဝန်ခံခိုင်းခဲ့ပါတယ်။

"ငါ အမှားလုပ်မိတာ ဝန်ခံပါတယ်။ ငါ့ရဲ့ဓာတ်ပုံတွေကို Wechat ကနေ မပို့သင့်ပါဘူး။ ငါ စကားစပြီး မပြောသင့်ပါဘူး" လို့ အမျိုးသားက သူ့ရဲ့ အပြစ်တွေကို ဒူးောထက်ပြီး ဝန်ခံပါတယ်။


"ဘယ်သူတွေကို ချဉ်းကပ်ခဲ့သလဲ" လို့ ဇနီးဖြစ်သူက ခင်ပွန်းကို မေးလိုက်တော့ ခင်ပွန်းသည်က "အမျိုးသမီး လေးငါးယောက်နဲ့ စကားပြောခဲ့ပါတယ်။ မပြောသင့်တာတွေကို ပြောခဲ့ပါတယ်" လို့ ခင်ပွန်းက ပြန်ဖြေပါတယ်။

"ဘာလို့ ရှင် ဒီလိုဖြစ်ရတာလဲ။ ဘယ်သူက ရှင့်ကို ဒူးထောက်ခိုင်းတာလဲ" လို့ ဇနီးသည်က ထပ်မေးပါတယ်။


"ငါ့ဇနီးက ဒီလိုလုပ်ခိုင်းတာပါ။ ပြစ်ဒဏ်ကို ကျေကျေနပ်နပ်လက်ခံပါတယ်" လို့ ခင်ပွန်းက ပြန်ဖြေပါတယ်။

အဲဒီနောက် ခင်ပွန်းက "ချစ်ဇနီး..တစ်ကိုယ်လုံးလည်း ဒူးရင်းနံ့နံနေပြီ။ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး" လို့ ဇနီးကို တောင်းပန်နေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။



ဇနီးသည်ဟာ ခင်ပွန်းကို ဒူးရင်းသီးအခွံထဲထည့်တဲ့ ဘရာကို ဝတ်ပေးထားရုံသာမက နဖူးပေါ်မှာလည်း အမျိုးသမီး လစဉ်သုံးပစ္စည်းကို ကပ်ပေးထားပါတယ်။

ယင်းဗီဒီယိုကို Zui Huo Huo Ge က တရုတ် ဗီဒီယိုမျှဝေတဲ့ ကွန်ရက် Miaopai မှာ တင်ခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top