Kantharyar Centre
×

အျမင္အာ႐ံုေကာင္းမြန္ေနၿပီး မ်က္စိမသက္မသာခံစားမႈမ်ဳိးမခံစားရေသာအခ်ိန္္မ်ိဳးတြင္ မ်က္စိက်န္းမာေရးေကာင္းမြန္ေအာင္ လုပ္ေဆာင္ရမည္ကုိ အလြယ္တကူ ေမ့ထားေလ့ရိွသည္။

သုိ႔ေသာ္ မ်က္စိမ်ားတြင္ အနည္းငယ္မသက္မသာ ခံစားရပါက မႊန္ထူသြားတတ္ၾကသည္။ ကြန္ပ်ဴတာမ်က္ႏွာျပင္ကဲ့သုိ႔ ဖန္ သားျပင္မ်ားႏွင့္ ထိေတြ႕မႈရွည္ၾကာျခင္း၊ အာဟာရမျပည့္၀ေသာ အစားအေသာက္မ်ားႏွင့္ အတြင္း၊ အျပင္ ေလထုညစ္ညမ္းျခင္းမ်ား သည္ အျမင္အာ႐ံုျပႆနာမ်ား ျဖစ္ေပၚလာေစေသာအေၾကာင္း အခ်ိဳ႕ျဖစ္သည္။

ကမၻာ့က်န္းမာေရးအဖြဲ႕(WHO)၏ စာရင္းမ်ားအရ ကမၻာတစ္ ၀န္း လူေပါင္း ၂၈၅ သန္းခန္႔သည္ အျမင္အာ႐ံုခ်ိဳ႕တဲ့ျခင္းႏွင့္ မ်က္စိ ကြယ္ျခင္းတို႔ ခံစားေနရေၾကာင္း သိရသည္။ ၎တို႔အနက္ ၃၉ သန္းသည္ မ်က္စိကြယ္ေနၿပီး ၂၄၆ သန္းမွာ အလယ္အလတ္ (သို႔မဟုတ္) ျပင္းထန္ေသာ အျမင္အာ႐ံုခ်ိဳ႕တဲ့မႈႏွင့္ ရင္ဆုိင္ေနရသည္။

ပါးစပ္ရာဇ၀င္ႏွင့္ဆုိင္ေသာ အေလ့အထေဟာင္းအခ်ိဳ႕ေၾကာင့္ မ်က္စိကုိ အႏၲရာယ္ျဖစ္ေအာင္ လုပ္ေဆာင္ေလ့ရိွၾကသည္။ အခ်ိဳ႕ လူမ်ားသည္ ပံုမွန္ဆုိသလုိေရျဖင့္ ေဆးတတ္ၾကၿပီး အျခားလူမ်ား မွာ ေရတစ္ခြက္ထဲ မ်က္စိကုိ ဖြင့္လိုက္၊ ပိတ္လိုက္လုပ္၍ ေဆး ေၾကာေလ့ရိွၾကသည္။

ယင္းအေလ့အထသည္ အက်ိဳးရိွသည္ဟု ေဖာ္ျပထားေသာေလ့လာေတြ႕ရိွမႈ မရိွေၾကာင္း ကြၽမ္းက်င္သူမ်ားကေျပာသည္။ မ်က္စိမ်ားကုိ စုိစြတ္ေသာလက္ျဖင့္ သန္႔စင္လိုက္႐ံုျဖင့္ လံုေလာက္သည္ဟု ၎တုိ႔ကေျပာသည္။ အကယ္၍ မ်က္စိနီရဲေနျခင္းႏွင့္ မ်က္စိမ်ားမွ အရည္ႏွင့္ အညစ္အေၾကးမ်ား သိသိသာသာ ထြက္ေနပါက မိခင္ႏို႔ရည္ (သို႔မဟုတ္) ေရေႏြးျဖင့္ ေဆးေၾကာေပးရန္လုိသည္။ အလြယ္တကူ၀ယ္ယူရရိွႏုိင္ေသာ မ်က္စဥ္းခတ္ေဆးမ်ား အသံုးျပဳျခင္းမွာ လူအမ်ားျပဳလုပ္ေလ့ရိွေသာ အမွားတစ္ခုျဖစ္ သည္။ မ်က္စိဆရာ၀န္၏ ၫႊန္ၾကားခ်က္ျဖင့္သာ ယင္းမ်က္စဥ္းခတ္ ေဆးမ်ားကို အသံုးျပဳသင့္သည္။

ပုိးမႊားမ်ားႏွင့္ ဖုန္မႈန္႔မ်ားကဲ့သို႔ မ်က္စိထဲသုိ႔ တစ္စံုတစ္ခု၀င္ သြားပါက မ်က္စိမ်ားကုိ မပြတ္သင့္ပါ။ ယင္းမွာ မ်က္ၾကည္လႊာကို ထိခုိက္ပ်က္စီးသြားႏုိင္သည္။ ေရျဖင့္ ႏွစ္ႀကိမ္၊ သံုးႀကိမ္ခန္႔ ေဆး ေၾကာၿပီး ဆက္၍ မသက္မသာျဖစ္ေနပါက ဆရာ၀န္ႏွင့္ ျပသပါ။ ေနာက္ထပ္အႏၲရာယ္ျဖစ္ေစႏုိင္သည့္ အမွားတစ္ခုမွာ မ်က္ကပ္ မွန္မ်ားတပ္၍ အိပ္စက္ျခင္းပင္ျဖစ္သည္။ အထူးသျဖင့္ မ်က္ကပ္ မွန္တပ္ထားကာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မ်က္ကပ္မွန္တပ္ လ်က္ႏွင့္ ေမ့ၿပီးအိပ္ေပ်ာ္သြားေလ့ရိွသည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အမြင်အာရုံကောင်းမွန်နေပြီး မျက်စိမသက်မသာခံစားမှုမျိုးမခံစားရသောအချိန်မျိုးတွင် မျက်စိကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်ရမည်ကို အလွယ်တကူ မေ့ထားလေ့ရှိသည်။

သို့သော် မျက်စိများတွင် အနည်းငယ်မသက်မသာ ခံစားရပါက မွှန်ထူသွားတတ်ကြသည်။ ကွန်ပျူတာမျက်နှာပြင်ကဲ့သို့ ဖန် သားပြင်များနှင့် ထိတွေ့မှုရှည်ကြာခြင်း၊ အာဟာရမပြည့်ဝသော အစားအသောက်များနှင့် အတွင်း၊ အပြင် လေထုညစ်ညမ်းခြင်းများ သည် အမြင်အာရုံပြဿနာများ ဖြစ်ပေါ်လာစေသောအကြောင်း အချို့ဖြစ်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ကမ္ဘာတစ် ဝန်း လူပေါင်း ၂၈၅ သန်းခန့်သည် အမြင်အာရုံချို့တဲ့ခြင်းနှင့် မျက်စိ ကွယ်ခြင်းတို့ ခံစားနေရကြောင်း သိရသည်။ ၎င်းတို့အနက် ၃၉ သန်းသည် မျက်စိကွယ်နေပြီး ၂၄၆ သန်းမှာ အလယ်အလတ် (သို့မဟုတ်) ပြင်းထန်သော အမြင်အာရုံချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်။

ပါးစပ်ရာဇဝင်နှင့်ဆိုင်သော အလေ့အထဟောင်းအချို့ကြောင့် မျက်စိကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်လေ့ရှိကြသည်။ အချို့ လူများသည် ပုံမှန်ဆိုသလိုရေဖြင့် ဆေးတတ်ကြပြီး အခြားလူများ မှာ ရေတစ်ခွက်ထဲ မျက်စိကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်၍ ဆေး ကြောလေ့ရှိကြသည်။

ယင်းအလေ့အထသည် အကျိုးရှိသည်ဟု ဖော်ပြထားသောလေ့လာတွေ့ရှိမှု မရှိကြောင်း ကျွမ်းကျင်သူများကပြောသည်။ မျက်စိများကို စိုစွတ်သောလက်ဖြင့် သန့်စင်လိုက်ရုံဖြင့် လုံလောက်သည်ဟု ၎င်းတို့ကပြောသည်။ အကယ်၍ မျက်စိနီရဲနေခြင်းနှင့် မျက်စိများမှ အရည်နှင့် အညစ်အကြေးများ သိသိသာသာ ထွက်နေပါက မိခင်နို့ရည် (သို့မဟုတ်) ရေနွေးဖြင့် ဆေးကြောပေးရန်လိုသည်။ အလွယ်တကူဝယ်ယူရရှိနိုင်သော မျက်စဉ်းခတ်ဆေးများ အသုံးပြုခြင်းမှာ လူအများပြုလုပ်လေ့ရှိသော အမှားတစ်ခုဖြစ် သည်။ မျက်စိဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ယင်းမျက်စဉ်းခတ် ဆေးများကို အသုံးပြုသင့်သည်။

ပိုးမွှားများနှင့် ဖုန်မှုန့်များကဲ့သို့ မျက်စိထဲသို့ တစ်စုံတစ်ခုဝင် သွားပါက မျက်စိများကို မပွတ်သင့်ပါ။ ယင်းမှာ မျက်ကြည်လွှာကို ထိခိုက်ပျက်စီးသွားနိုင်သည်။ ရေဖြင့် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဆေး ကြောပြီး ဆက်၍ မသက်မသာဖြစ်နေပါက ဆရာဝန်နှင့် ပြသပါ။ နောက်ထပ်အန္တရာယ်ဖြစ်စေနိုင်သည့် အမှားတစ်ခုမှာ မျက်ကပ် မှန်များတပ်၍ အိပ်စက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် မျက်ကပ် မှန်တပ်ထားကာ ကျောင်းသား၊ ကျောင်းသူများ မျက်ကပ်မှန်တပ် လျက်နှင့် မေ့ပြီးအိပ်ပျော်သွားလေ့ရှိသည်။ 


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top