Property Expo
×

အလွအပေရးရာနဲ႕ပတ္သက္လာရင္ ရွားေစာင္းလက္ပတ္အေၾကာင္း ထည့္မေျပာလို႕မရပါဘူး။ ဘာလုိ႕လဲဆုိေတာ့ ရွားေစာင္းလက္ပတ္နဲ႕ ထုတ္ထားတယ္ဆိုတဲ့ အလွကုန္ေတြ အမ်ားၾကီးရွိသလို အနည္းဆံုး မ်က္ႏွာေပါင္းတင္တဲ့အခါသံုးတဲ့ ကပ္ခြာေလးေတြမွာေတာင္ ရွားေစာင္းလက္ပတ္အာနိသင္ ဘယ္ေလာက္ပါ၀င္ေၾကာင္း ေဖာ္ျပထားတတ္ၾကလို႕ပါ။ ဒါပေမယ့္ Bloomberg က သတင္းေပးပို႕ခ်က္အရေတာ့ ရွားေစာင္းလက္ပတ္မွာ သူနဲ႕ပတ္သက္ျပီး အက်ိဳးအာနိသင္ ဘာမွမရွိဘူး ဆုိတာပါပဲ။

ဒီသတင္းကို မထုတ္ျပန္ခင္ ရွားေစာင္းလက္ပတ္နဲ႕ပတ္သက္ျပီး ဓာတ္ခြဲဆန္းစစ္မႈေတြ ေလးၾကိမ္ထက္ မနည္းျပဳလုပ္ခဲ့ကာ ေစ်းကြက္အတြင္း ရွားေစာင္းလက္ပတ္အာနိအင္ပါ၀င္ပါတယ္ဆုိတဲ့ အလွကုန္ေတာ္ေတာ္မ်ားမ်ားကိုလည္း ခုလိုပဲ ဓာတ္ခြဲစစ္ေဆးခဲ့တာပါ။ သိရွိခဲ့ရတဲ့အေျဖအရဆုိရင္ေတာ့ အဲ့ဒီအလွကုန္ေတြမွာ ပါ၀င္ပစၥည္းအေနနဲ႕ ရွားေစာင္းလက္ပတ္ကို ထည့္ညႊန္းထားေပမယ့္ တကယ္ထည့္သံုးထားျခင္း မရွိၾကဘူးဆုိတာပါပဲ။

အစားအစာနဲ႕ေဆး၀ါးကြပ္ကဲေရးအဖြဲ႕ကလည္း ခုေနာက္ပုိင္းမွာ အလွကုန္ေတြနဲ႕ပတ္သက္ျပီး အေသအခ်ာစစ္ေဆးဖုိ႕ ေတာ္ေတာ္ေလး ပ်က္ကြက္လာခဲ့ျပီျဖစ္သလို အလွကုန္တစ္ခုမွာ သူေဖာ္ျပထားတဲ့ ပါ၀င္ပစၥည္းေတြ တကယ္ပါ၀င္သလား မပါဘူးလား ဆုိတာကိုေတာင္ ေသခ်ာစီစစ္ျခင္း မရွိဘူးလုိ႕ သိရပါတယ္။

ဒါေပမယ့္ သင္လက္ရွိသံုးေနတဲ့ အလွကုန္ေတြထဲမွာ ရွားေစာင္းလက္ပတ္ ပါ၀င္ေဖာ္စပ္ထုတ္လုပ္ထားတဲ့ အလွကုန္ရွိတယ္ဆိုရင္ အရမ္းၾကီးေတာ့ ေသြးပ်က္မသြားပါနဲ႕။ သူ႕မွာ ရွားေစာင္းလက္ပတ္ အဲ့ဒီအာနိသင္မပါ၀င္ေပမယ့္ သင့္အတြက္ အက်ိဳးျပဳတယ္ သင္နဲ႕အဆင္ေျပတယ္ဆုိရင္ေတာ့ ဒါကို စိတ္ခ်ယံုၾကည္လို႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အလှအပရေးရာနဲ့ပတ်သက်လာရင် ရှားစောင်းလက်ပတ်အကြောင်း ထည့်မပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ရှားစောင်းလက်ပတ်နဲ့ ထုတ်ထားတယ်ဆိုတဲ့ အလှကုန်တွေ အများကြီးရှိသလို အနည်းဆုံး မျက်နှာပေါင်းတင်တဲ့အခါသုံးတဲ့ ကပ်ခွာလေးတွေမှာတောင် ရှားစောင်းလက်ပတ်အာနိသင် ဘယ်လောက်ပါဝင်ကြောင်း ဖော်ပြထားတတ်ကြလို့ပါ။ ဒါပမေယ့် Bloomberg က သတင်းပေးပို့ချက်အရတော့ ရှားစောင်းလက်ပတ်မှာ သူနဲ့ပတ်သက်ပြီး အကျိုးအာနိသင် ဘာမှမရှိဘူး ဆိုတာပါပဲ။

ဒီသတင်းကို မထုတ်ပြန်ခင် ရှားစောင်းလက်ပတ်နဲ့ပတ်သက်ပြီး ဓာတ်ခွဲဆန်းစစ်မှုတွေ လေးကြိမ်ထက် မနည်းပြုလုပ်ခဲ့ကာ ဈေးကွက်အတွင်း ရှားစောင်းလက်ပတ်အာနိအင်ပါဝင်ပါတယ်ဆိုတဲ့ အလှကုန်တော်တော်များများကိုလည်း ခုလိုပဲ ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။ သိရှိခဲ့ရတဲ့အဖြေအရဆိုရင်တော့ အဲ့ဒီအလှကုန်တွေမှာ ပါဝင်ပစ္စည်းအနေနဲ့ ရှားစောင်းလက်ပတ်ကို ထည့်ညွှန်းထားပေမယ့် တကယ်ထည့်သုံးထားခြင်း မရှိကြဘူးဆိုတာပါပဲ။

အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ကလည်း ခုနောက်ပိုင်းမှာ အလှကုန်တွေနဲ့ပတ်သက်ပြီး အသေအချာစစ်ဆေးဖို့ တော်တော်လေး ပျက်ကွက်လာခဲ့ပြီဖြစ်သလို အလှကုန်တစ်ခုမှာ သူဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေ တကယ်ပါဝင်သလား မပါဘူးလား ဆိုတာကိုတောင် သေချာစီစစ်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် သင်လက်ရှိသုံးနေတဲ့ အလှကုန်တွေထဲမှာ ရှားစောင်းလက်ပတ် ပါဝင်ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှကုန်ရှိတယ်ဆိုရင် အရမ်းကြီးတော့ သွေးပျက်မသွားပါနဲ့။ သူ့မှာ ရှားစောင်းလက်ပတ် အဲ့ဒီအာနိသင်မပါဝင်ပေမယ့် သင့်အတွက် အကျိုးပြုတယ် သင်နဲ့အဆင်ပြေတယ်ဆိုရင်တော့ ဒါကို စိတ်ချယုံကြည်လို့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top