Kantharyar Centre
×





Unicode Version

တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုက အရောင်းဝန်ထမ်းတွေကို မျှော် မှန်း ထားတဲ့ အရောင်းစံချိန်မပြည့်မီခဲ့တာနဲ့ပတ်သက်ပြီးတော့ အပြစ်ပေး တဲ့အနေနဲ့ လောက်အရှင်ကောင်တွေကို အစိမ်းလိုက်စားစေဖို့တိုက် တွန်းခဲ့တယ်လို့ သိရပါတယ်။


တရုတ်သတင်းဝန်ဆောင်မှုရဲ့ သတင်းတွေအရ ဒီလိုမျိုး ဆိုးရွားတဲ့ အဖြစ်သတင်းက ဟန်ဇိုးပြည်နယ်၊ ပလာဇာတစ်ခုမှာ အလုပ်လုပ် ကိုင်နေတဲ့ ဝန်ထမ်းငယ်ပေါင်း ၆၀ ကျော်ကို အတူစုဝေးစေပြီးတော့ အထက်အရာရှိအမျိုးသားတစ်ဦးက လောက်ကောင်တွေကို သယ် ဆောင်လာပြီးတော့ အရှင်လတ်လတ်စားစေခဲ့ကာအရက်၊ ယမကာ တို့နဲ့ အမြည်းကျွေးစေခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလို အရောင်းအားစံချိန်မပြည့်မီလို့ အပြစ်ပေးခံရတဲ့ ဝန်ထမ်းငယ် တွေက လောက်ကောင်တွေကို အရှင်လတ်လတ်စားစေဖို့ စေခိုင်းခံရတာကို ဝန်ထမ်း ၅ ဦး ၆ ဦးတို့က စားသုံးခဲ့ကြတယ်လို့ လည်းသိရပါတယ်။


ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရဆိုရင်လည်း ဒီလိုမျိုး အပြစ် ပေးအရေးယူခြင်းခံရတာမျိုးတွေကို အလုပ်အကိုင်နဲ့ အရောင်းနဲ့ ပတ်သက်ပြီးတော့ ဖောက်သည်တွေတစ်ဦးဆုံးရှုံးသွား တိုင်းမှာ လောက်တွေ၊ ကင်းမွန်တွေနဲ့ အင်းဆက်ပိုးမွှားအရှင်တွေကို စားသုံးရတာမျိုးတွေ ရှိနေတယ်လို့လည်း သိရပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။





 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top