Property Expo
×

 ေဈးကြက္အတြင္း ေရာင္းခ်ေနေသာ င႐ုတ္သီးမႈန္႔ မ်ား၏ ထက္ဝက္ေက်ာ္တြင္ မိႈအဆိပ္ (အယ္ဖာေတာက္ဆင္)ႏွင့္ ဆုိးေဆးပါဝင္မႈမ်ား ေတြ႕ရ၍ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန (FDA) ေထာက္ခံခ်က္မယူထားသည့္ အမွတ္တံဆိပ္မ်ား ကို စားသံုးရန္မသင့္ေၾကာင္း  ေၾကညာမည္ျဖစ္ၿပီး ေထာက္ခံ ခ်က္ရယူထားသည့္ လုပ္ငန္းရွင္မ်ားသည္လည္း တစ္ပတ္အတြင္း မိမိကုန္ပစၥည္းမ်ားကို ျပန္လည္သိမ္းယူဖ်က္ဆီးရန္ ၫႊန္ၾကား လိုက္သည္။

‘‘ေဈးကြက္ အတြင္းမွာ ေရာင္းခ်ေနတဲ့ င႐ုတ္သီးမႈန္႔ေတြ ကို နမူနာေကာက္ယူၿပီး ဓာတ္ခြဲ စစ္ေဆးမႈေတြလုပ္တယ္။ ေနာက္ ဆံုးေပၚ နည္းပညာေတြနဲ႔ စစ္ ေဆးတဲ့အခါ လူေတြကို ထိခိုက္ ေစမယ့္ မိႈအဆိပ္ေတြ၊ ဆိုးေဆး ေတြ ေတြ႕ရတယ္။ ေန႔စဥ္ လူဦး ေရ ၂၅ သန္းေလာက္က

ဒီအဆိပ္ေတြကို စားေနရတယ္။ လုပ္ငန္းရွင္ေတြအေနနဲ႔ ေဈး ကြက္အတြင္းမွာ ေရာင္းခ်ေနတဲ့ ကိုယ့္ရဲ႕ကုန္ပစၥည္းေတြကို တစ္ ပတ္အတြင္း Market Recall (ေဈးကြက္ျပန္သိမ္းတာ)လုပ္ရ မယ္။ ဖ်က္ဆီးရမယ္။ အကယ္ ၍ တစ္ပတ္ေက်ာ္လို႔ ေဈးကြက္ ထဲကို ျပန္ၿပီးေထာက္လွမ္းလို႔ ျပန္ေတြ႕ရင္ သံုးစြဲရန္မသင့္ ေၾကညာၿပီး ပိတ္သိမ္းမယ္။ တာ ဝန္ရွိသူအဆင့္ဆင့္ကို ဥပေဒ အတုိင္း တရားစြဲဆိုအေရးယူ မယ္’’ဟု ေနျပည္ေတာ္ အစားအ ေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြဋ္က ေျပာၾကားသည္။

ျပည္နယ္ႏွင့္ တုိင္းေဒသႀကီး မ်ားတြင္ စက္တင္ဘာ၌ ေဈးကြက္အတြင္း ေရာင္းခ်ေနေသာ င႐ုတ္ သီးမႈန္႔ (အၾကမ္းမႈန္႔၊ အႏုမႈန္႔၊ ေလွာ္ေထာင္းမႈန္႔ႏွင့္ အေရာင္တင္မႈန္႔)မ်ားထဲမွ နမူနာ ၆၅၁ မ်ိဳးကိုFDA က စစ္ေဆးေကာက္ယူခဲ့ သည္။ ထို႔အျပင္ င႐ုတ္သီးမႈန္႔ အ မွတ္တံဆိပ္ နာမည္တပ္၍ ေရာင္းခ်ေနသည့္ ကုန္ပစၥည္း ၇၅ မ်ိဳး၌၁၅ မ်ိဳးသာ FDA ေထာက္ခံခ်က္ ရယူထားသျဖင့္ က်န္သည့္ အမွတ္တံဆိပ္ ၆၀ မွာ ေထာက္ခံ ခ်က္ရယူထားျခင္းမရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

‘‘FDA အေနနဲ႔ ျပည္သူေတြ ေဘးအႏၲရာယ္ကင္းရွင္းေရးကိုပဲ အဓိကလုပ္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ဒီအခ်ိန္မွာ အက်ိဳးအျမတ္မတြက္ဘဲ ေဈးကြက္ထဲမွာရွိတဲ့ ကုန္ပစၥည္း ေတြကို Market Recall လုပ္ပါ။ၿပီးရင္ ဘယ္လိုလုပ္ေဆာင္ထား တယ္ဆုိတာ အေထာက္အထား နဲ႔တကြ တင္ျပေပးပါ။ ကိုယ့္လုပ္ငန္းအတြက္ တာဝန္ယူ၊ တာဝန္ခံပါ။ ပါးစပ္နဲ႔ တာဝန္ယူတာမဟုတ္ဘဲ လက္ေတြ႕လုပ္ရမွာ ျဖစ္တယ္’’ ဟု ေဒါက္တာသန္းထြဋ္က ဆုိ သည္။

ေစ်းကြက္အတြင္းမွ င႐ုတ္ သီးမႈန္႔မ်ားကို ျပန္လည္သိမ္းယူ ဖ်က္ဆီးရာတြင္ ျပန္လည္သိမ္းယူ ထားမႈမ်ားကို နီးစပ္ရာၿမိဳ႕နယ္ အက္ဖ္ဒီေအဌာနသို႔ အေၾကာင္း ၾကားရမည္ျဖစ္ၿပီး ဖ်က္ဆီးမႈအ ေျခအေနမ်ားကို ဓာတ္ပံုဗီဒီယိုဖိုင္ အေထာက္အထားမ်ားျဖင့္ တင္ျပ ရမည္ျဖစ္သည္။

တစ္ပတ္အတြင္း သိမ္းယူ ဖ်က္ဆီးမႈအေျခအေနမ်ားကို ေလ့လာေစာင့္ၾကည့္မည္ျဖစ္ၿပီး တစ္ ပတ္ေက်ာ္လြန္၍ ေစ်းကြက္အ တြင္း ေထာက္လွမ္းၾကည့္႐ႈသည့္ အခါ ဖ်က္ဆီးရမည့္ ကုန္ပစၥည္း မ်ား ထပ္မံေတြ႕ရွိပါက စားသံုးရန္မသင့္သည့္ အမွတ္တံဆိပ္အျဖစ္ ေၾကညာမည္ျဖစ္ကာ သက္ဆုိင္ ရာတာဝန္ရွိသူ အဆင့္အလိုက္ တရားစြဲဆို အေရးယူမည္ျဖစ္ ေၾကာင္း ေဒါက္တာသန္းထြဋ္က သတိေပးေျပာၾကားသည္။

အက္္ဖ္ဒီေအေထာက္ခံခ်က္ ယူထားေသာ င႐ုတ္သီးမႈန္႔အမွတ္ တံဆိပ္မ်ားမွာ ရန္ကုန္တိုင္းမွ ကိုး ခု၊ မႏၲေလးတိုင္းမွ တစ္ခု၊ ဧရာ ဝတီတုိင္းမွ တစ္ခုႏွင့္မြန္ျပည္နယ္ မွ သံုးခုတို႔ပါဝင္သည္။

ႏုိင္ငံတကာအဆင့္မီ ဓာတ္ ခြဲစစ္ေဆးမႈမ်ား လုပ္ကိုင္ထား၍ စစ္ေဆးမႈရလဒ္အေျဖမ်ားကို အမွတ္တံဆိပ္ ေထာက္ခံခ်က္ယူ ထားသည့္ လုပ္ငန္းရွင္တစ္ဦးခ်င္း စီသို႔ တစ္ပတ္အတြင္း ေပးပို႔မည္ ျဖစ္ေၾကာင္း၊ ထို႔အျပင္ ၎တုိ႔၏စက္႐ံုမ်ားရွိ ကုန္ပစၥည္းမ်ား (Factory Product)ႏွင့္ သို ေလွာင္ထားသည့္ ပစၥည္းမ်ားကိုလည္း စစ္ေဆးမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ထို႔အျပင္ အမွတ္တံဆိပ္မရွိ ဘဲ ေရာင္းခ်ေနသည့္ င႐ုတ္သီး မႈန္႔မ်ား ေတြ႕ရွိပါက ၿမိဳ႕နယ္တုိင္း တြင္ရွိသည့္ စားသံုးသူေရးရာဦးစီး ဌာနသို႔ သတင္းေပးပို႔တုိင္ၾကား ႏုိင္သည္။ စားသံုးသူအသိပညာ ေပးျခင္းႏွင့္ လုပ္ငန္းရွင္မ်ားအ တြက္ နည္းပညာပိုင္းဆုိင္ရာ သင္တန္းပို႔ခ်ျခင္းမ်ားလည္း လုပ္ ေဆာင္မည္ျဖစ္ေၾကာင္း ႏိုဝင္ဘာ ၁၂ ရက္က အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနခြဲ (ရန္ကုန္)၌ ျပဳလုပ္သည့္ လုပ္ငန္း ညႇိႏိႈင္းအစည္းအေဝးမွ သတင္း ရရွိသည္။

‘‘ကိုယ္ထုတ္လုပ္တဲ့ ကုန္ ပစၥည္းကို တစ္ႏုိင္တစ္ပိုင္လုပ္ေန တုန္းက အေကာင္းဆံုးျဖစ္ၿပီထင္ ေပမယ့္ FDA ေထာက္ခံခ်က္ရယူ တဲ့အခါမွာ လိုအပ္ခ်က္ေတြရွိမွန္း သိလာတယ္။ တခ်ိဳ႕ေတြ အေရာင္လွေအာင္ ေဆးဆိုးတယ္။ ေရာ တာေတြရွိတယ္ေပါ့။ အခုလို လုပ္လိုက္တဲ့အခါမွာ အမွတ္တံဆိပ္ မရွိဘဲ ေရာင္းခ်ေနတာလည္း တားဆီးႏိုင္မယ္။ ေကာင္းပါတယ္’’ဟု FDA ေထာက္ခံခ်က္ယူၿပီး င႐ုတ္သီးမႈန္႔ထုတ္လုပ္ေနသည့္ လုပ္ ငန္းရွင္တစ္ဦးက ဆိုသည္။

‘‘အသည္းကင္ဆာျဖစ္ေစ တဲ့ အာဖာေတာက္ဆင္ဘီဝမ္းက င႐ုတ္သီးတို႔၊ ေျပာင္းဖူး၊ ေျမပဲတို႔ မွာ ရွိတယ္။ အဓိက က င႐ုတ္သီးအပုနဲ႔ အရွည္ေျခာက္ေတြမွာ အဲဒီမိႈအဆိပ္ကိုေတြ႕ရတယ္။ င႐ုတ္သီးေတြကို ေရဖ်န္းတဲ့အခါ မိႈက ပိုၿပီး ပြားလာတယ္။  အာဖာေတာက္ ဆင္ဘီဝမ္းပါတဲ့ အစားအစာေတြ စားသံုးပါမ်ားလာတဲ့အခါ အ သည္းကင္ဆာျဖစ္ဖို႔ မ်ားလာတာ ေပါ့။ ခ်က္ခ်င္းေတာ့မျဖစ္ဘူး။ အသည္းကင္ဆာျဖစ္ဖို႔က ေျခာက္လကေန အႏွစ္ ၂၀ ေလာက္ၾကာ မွျဖစ္တာ။ ဆိုးေဆးေၾကာင့္ ထိ ခိုက္တာလည္း အသည္းပဲ။ အစား အေသာက္မွာ မသံုးရတဲ့ဆိုးေဆး ေတြသံုးတဲ့အခါ အသည္းကင္ဆာ တို႔၊ ဆီးအိမ္ကင္ဆာနဲ႔ အစာအိမ္ ကင္ဆာေတြ ျဖစ္ႏိုင္တယ္’’ဟု လုပ္ငန္းခြင္က်န္းမာေရးဌာန အ ၿငိမ္းစားၫႊန္ၾကားေရးမွဴး ေဒါက္ တာသန္းထြဋ္က ဆိုသည္။

ခႏၶာကိုယ္၏ဇီဝျဖစ္စဥ္အား လံုးကို အသည္းမွ ထိန္းခ်ဳပ္လုပ္ ေဆာင္လ်က္ရွိၿပီး အသည္းထိ ခိုက္လာပါက တျခားက်န္းမာေရး ခ်ိဳ႕ယြင္းမႈမ်ား ျဖစ္ေပၚလာႏုိင္ ေၾကာင္း အေထြေထြေရာဂါကု ဆရာဝန္ေဒါက္တာေက်ာ္စြာဦး က ေျပာသည္။

‘‘အာဖာေတာက္ဆင္ အ ဆိပ္ေၾကာင့္ နာတာရွည္အသည္း ေရာင္လာၿပီး အသည္းမာတာ၊ ႂကြပ္တာေတြ ျဖစ္လာတယ္။ ေနာက္ဆံုး ကင္ဆာျဖစ္လာမယ္။ အသည္းက ခႏၶာကိုယ္ရဲ႕အဆိပ္ အေတာက္ေတြကို ေခ်ဖ်က္ေပး တာေၾကာင့္ အသည္းလုပ္ငန္း ေဆာင္တာက်လာရင္ ေဟာ္မုန္း အေျခအေန ေက်ာက္ကပ္နဲ႔အစာ ေခ်မႈစနစ္ စသျဖင့္ ခႏၶာကိုယ္ရဲ႕ က်န္းမာေရးအေျခအေနေတြကို  ထိခိုက္ေျပာင္းလဲလာႏိုင္တယ္’’ ဟု ၎က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးမှုန့် များ၏ ထက်ဝက်ကျော်တွင် မှိုအ ဆိပ် (အယ်ဖာတောက်ဆင်)နှင့် ဆိုးဆေးပါဝင်မှုများ တွေ့ရ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထောက်ခံချက်မယူထားသည့် အမှတ်တံဆိပ်များ ကို စားသုံးရန်မသင့်ကြောင်း  ကြေညာမည်ဖြစ်ပြီး ထောက်ခံ ချက်ရယူထားသည့် လုပ်ငန်းရှင်များသည်လည်း တစ်ပတ်အတွင်း မိမိကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူဖျက်ဆီးရန် ညွှန်ကြား လိုက်သည်။

‘‘ဈေးကွက် အတွင်းမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေ ကို နမူနာကောက်ယူပြီး ဓာတ်ခွဲ စစ်ဆေးမှုတွေလုပ်တယ်။ နောက် ဆုံးပေါ် နည်းပညာတွေနဲ့ စစ် ဆေးတဲ့အခါ လူတွေကို ထိခိုက် စေမယ့် မှိုအဆိပ်တွေ၊ ဆိုးဆေး တွေ တွေ့ရတယ်။ နေ့စဉ် လူဦး ရေ ၂၅ သန်းလောက်က

ဒီအဆိပ်တွေကို စားနေရတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဈေး ကွက်အတွင်းမှာ ရောင်းချနေတဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို တစ် ပတ်အတွင်း Market Recall (ဈေးကွက်ပြန်သိမ်းတာ)လုပ်ရ မယ်။ ဖျက်ဆီးရမယ်။ အကယ် ၍ တစ်ပတ်ကျော်လို့ ဈေးကွက် ထဲကို ပြန်ပြီးထောက်လှမ်းလို့ ပြန်တွေ့ရင် သုံးစွဲရန်မသင့် ကြေညာပြီး ပိတ်သိမ်းမယ်။ တာ ဝန်ရှိသူအဆင့်ဆင့်ကို ဥပဒေ အတိုင်း တရားစွဲဆိုအရေးယူ မယ်’’ဟု နေပြည်တော် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် စက်တင်ဘာ၌ ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ် သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်နှင့် အရောင်တင်မှုန့်)များထဲမှ နမူနာ ၆၅၁ မျိုးကိုFDA က စစ်ဆေးကောက်ယူခဲ့ သည်။ ထို့အပြင် ငရုတ်သီးမှုန့် အ မှတ်တံဆိပ် နာမည်တပ်၍ ရောင်းချနေသည့် ကုန်ပစ္စည်း ၇၅ မျိုး၌၁၅ မျိုးသာ FDA ထောက်ခံချက် ရယူထားသဖြင့် ကျန်သည့် အမှတ်တံဆိပ် ၆၀ မှာ ထောက်ခံ ချက်ရယူထားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘FDA အနေနဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ အဓိကလုပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီအချိန်မှာ အကျိုးအမြတ်မတွက်ဘဲ ဈေးကွက်ထဲမှာရှိတဲ့ ကုန်ပစ္စည်း တွေကို Market Recall လုပ်ပါ။ပြီးရင် ဘယ်လိုလုပ်ဆောင်ထား တယ်ဆိုတာ အထောက်အထား နဲ့တကွ တင်ပြပေးပါ။ ကိုယ့်လုပ်ငန်းအတွက် တာဝန်ယူ၊ တာဝန်ခံပါ။ ပါးစပ်နဲ့ တာဝန်ယူတာမဟုတ်ဘဲ လက်တွေ့လုပ်ရမှာ ဖြစ်တယ်’’ ဟု ဒေါက်တာသန်းထွဋ်က ဆို သည်။

ဈေးကွက်အတွင်းမှ ငရုတ် သီးမှုန့်များကို ပြန်လည်သိမ်းယူ ဖျက်ဆီးရာတွင် ပြန်လည်သိမ်းယူ ထားမှုများကို နီးစပ်ရာမြို့နယ် အက်ဖ်ဒီအေဌာနသို့ အကြောင်း ကြားရမည်ဖြစ်ပြီး ဖျက်ဆီးမှုအ ခြေအနေများကို ဓာတ်ပုံဗီဒီယိုဖိုင် အထောက်အထားများဖြင့် တင်ပြ ရမည်ဖြစ်သည်။

တစ်ပတ်အတွင်း သိမ်းယူ ဖျက်ဆီးမှုအခြေအနေများကို လေ့လာစောင့်ကြည့်မည်ဖြစ်ပြီး တစ် ပတ်ကျော်လွန်၍ ဈေးကွက်အ တွင်း ထောက်လှမ်းကြည့်ရှုသည့် အခါ ဖျက်ဆီးရမည့် ကုန်ပစ္စည်း များ ထပ်မံတွေ့ရှိပါက စားသုံးရန်မသင့်သည့် အမှတ်တံဆိပ်အဖြစ် ကြေညာမည်ဖြစ်ကာ သက်ဆိုင် ရာတာဝန်ရှိသူ အဆင့်အလိုက် တရားစွဲဆို အရေးယူမည်ဖြစ် ကြောင်း ဒေါက်တာသန်းထွဋ်က သတိပေးပြောကြားသည်။

အက်ဖ်ဒီအေထောက်ခံချက် ယူထားသော ငရုတ်သီးမှုန့်အမှတ် တံဆိပ်များမှာ ရန်ကုန်တိုင်းမှ ကိုး ခု၊ မန္တလေးတိုင်းမှ တစ်ခု၊ ဧရာ ဝတီတိုင်းမှ တစ်ခုနှင့်မွန်ပြည်နယ် မှ သုံးခုတို့ပါဝင်သည်။

နိုင်ငံတကာအဆင့်မီ ဓာတ် ခွဲစစ်ဆေးမှုများ လုပ်ကိုင်ထား၍ စစ်ဆေးမှုရလဒ်အဖြေများကို အမှတ်တံဆိပ် ထောက်ခံချက်ယူ ထားသည့် လုပ်ငန်းရှင်တစ်ဦးချင်း စီသို့ တစ်ပတ်အတွင်း ပေးပို့မည် ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့၏စက်ရုံများရှိ ကုန်ပစ္စည်းများ (Factory Product)နှင့် သို လှောင်ထားသည့် ပစ္စည်းများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် အမှတ်တံဆိပ်မရှိ ဘဲ ရောင်းချနေသည့် ငရုတ်သီး မှုန့်များ တွေ့ရှိပါက မြို့နယ်တိုင်း တွင်ရှိသည့် စားသုံးသူရေးရာဦးစီး ဌာနသို့ သတင်းပေးပို့တိုင်ကြား နိုင်သည်။ စားသုံးသူအသိပညာ ပေးခြင်းနှင့် လုပ်ငန်းရှင်များအ တွက် နည်းပညာပိုင်းဆိုင်ရာ သင်တန်းပို့ချခြင်းများလည်း လုပ် ဆောင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်)၌ ပြုလုပ်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သတင်း ရရှိသည်။

‘‘ကိုယ်ထုတ်လုပ်တဲ့ ကုန် ပစ္စည်းကို တစ်နိုင်တစ်ပိုင်လုပ်နေ တုန်းက အကောင်းဆုံးဖြစ်ပြီထင် ပေမယ့် FDA ထောက်ခံချက်ရယူ တဲ့အခါမှာ လိုအပ်ချက်တွေရှိမှန်း သိလာတယ်။ တချို့တွေ အရောင်လှအောင် ဆေးဆိုးတယ်။ ရော တာတွေရှိတယ်ပေါ့။ အခုလို လုပ်လိုက်တဲ့အခါမှာ အမှတ်တံဆိပ် မရှိဘဲ ရောင်းချနေတာလည်း တားဆီးနိုင်မယ်။ ကောင်းပါတယ်’’ဟု FDA ထောက်ခံချက်ယူပြီး ငရုတ်သီးမှုန့်ထုတ်လုပ်နေသည့် လုပ် ငန်းရှင်တစ်ဦးက ဆိုသည်။

‘‘အသည်းကင်ဆာဖြစ်စေ တဲ့ အာဖာတောက်ဆင်ဘီဝမ်းက ငရုတ်သီးတို့၊ ပြောင်းဖူး၊ မြေပဲတို့ မှာ ရှိတယ်။ အဓိက က ငရုတ်သီးအပုနဲ့ အရှည်ခြောက်တွေမှာ အဲဒီမှိုအဆိပ်ကိုတွေ့ရတယ်။ ငရုတ်သီးတွေကို ရေဖျန်းတဲ့အခါ မှိုက ပိုပြီး ပွားလာတယ်။  အာဖာတောက် ဆင်ဘီဝမ်းပါတဲ့ အစားအစာတွေ စားသုံးပါများလာတဲ့အခါ အ သည်းကင်ဆာဖြစ်ဖို့ များလာတာ ပေါ့။ ချက်ချင်းတော့မဖြစ်ဘူး။ အသည်းကင်ဆာဖြစ်ဖို့က ခြောက်လကနေ အနှစ် ၂၀ လောက်ကြာ မှဖြစ်တာ။ ဆိုးဆေးကြောင့် ထိ ခိုက်တာလည်း အသည်းပဲ။ အစား အသောက်မှာ မသုံးရတဲ့ဆိုးဆေး တွေသုံးတဲ့အခါ အသည်းကင်ဆာ တို့၊ ဆီးအိမ်ကင်ဆာနဲ့ အစာအိမ် ကင်ဆာတွေ ဖြစ်နိုင်တယ်’’ဟု လုပ်ငန်းခွင်ကျန်းမာရေးဌာန အ ငြိမ်းစားညွှန်ကြားရေးမှူး ဒေါက် တာသန်းထွဋ်က ဆိုသည်။

ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်အား လုံးကို အသည်းမှ ထိန်းချုပ်လုပ် ဆောင်လျက်ရှိပြီး အသည်းထိ ခိုက်လာပါက တခြားကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပေါ်လာနိုင် ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာကျော်စွာဦး က ပြောသည်။

‘‘အာဖာတောက်ဆင် အ ဆိပ်ကြောင့် နာတာရှည်အသည်း ရောင်လာပြီး အသည်းမာတာ၊ ကြွပ်တာတွေ ဖြစ်လာတယ်။ နောက်ဆုံး ကင်ဆာဖြစ်လာမယ်။ အသည်းက ခန္ဓာကိုယ်ရဲ့အဆိပ် အတောက်တွေကို ချေဖျက်ပေး တာကြောင့် အသည်းလုပ်ငန်း ဆောင်တာကျလာရင် ဟော်မုန်း အခြေအနေ ကျောက်ကပ်နဲ့အစာ ချေမှုစနစ် စသဖြင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို  ထိခိုက်ပြောင်းလဲလာနိုင်တယ်’’ ဟု ၎င်းက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top