iGREEN Promotion Singapore
×

အိပ္မေပ်ာ္ျခင္းဟာ စိတ္ဓာတ္က်ျခင္းလို စိတ္ပိုင္းဆုိင္ရာ ျပႆနာေတြအျပင္ ရုပ္ပိုင္းဆုိင္ရာ ျပႆနာေတြနဲ႔လည္း ဆုိင္ပါတယ္။ အိပ္မေပ်ာ္ျခင္းကို ကုသဖို႔လည္း ခက္ခဲပါတယ္။

သုေတသနတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ ေအးေနတဲ့အခန္းေတြမွာ အိပ္တာဟာ အဆုိပါအိပ္မေပ်ာ္တဲ့အေျခအေနကို ေလ်ာ့က်ေစတယ္လို႔ဆိုပါတယ္။

သုေတသနကို South Australia တကၠသိုလ္က ျပဳလုပ္ခဲ့တာျဖစ္ျပီး အိပ္မေပ်ာ္ျခင္းရဲ႕ အဓိကအေၾကာင္းရင္းေတြထဲက တစ္ခုမွာ ခႏၶကိုယ္ရဲ႕ အဓိကအပူခ်ိန္ ေလွ်ာ့မခ်ႏုိင္တာလည္း ပါဝင္တယ္လို႔ ေဖာ္ျပပါတယ္။ ပံုမွန္အိပ္စက္ျခင္းကို အစျပဳဖို႔ အဆုိပါ အပူခ်ိန္ ေလ်ာ့က်ဖို႔ လိုအပ္တာျဖစ္ျပီး ေအးတဲ့အခန္းမ်ိဳးမွာ အိပ္တာဟာ အဆုိပါ ျပႆနာကို ေျဖရွင္းႏုိင္တယ္လို႔ ဆုိပါတယ္။

အိပ္မေပ်ာ္တဲ့လူေတြဟာ သာမန္လူေတြထက္ အပူခ်ိန္ျမင့္မားေလ့ရွိတာကိုလည္း အဆုိပါ သုေတသနက ေတြ႕ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

အိပ်မပျော်ခြင်းဟာ စိတ်ဓာတ်ကျခြင်းလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆိုင်ပါတယ်။ အိပ်မပျော်ခြင်းကို ကုသဖို့လည်း ခက်ခဲပါတယ်။

သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ အေးနေတဲ့အခန်းတွေမှာ အိပ်တာဟာ အဆိုပါအိပ်မပျော်တဲ့အခြေအနေကို လျော့ကျစေတယ်လို့ဆိုပါတယ်။

သုတေသနကို South Australia တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အိပ်မပျော်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုမှာ ခန္ဓကိုယ်ရဲ့ အဓိကအပူချိန် လျှော့မချနိုင်တာလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။ ပုံမှန်အိပ်စက်ခြင်းကို အစပြုဖို့ အဆိုပါ အပူချိန် လျော့ကျဖို့ လိုအပ်တာဖြစ်ပြီး အေးတဲ့အခန်းမျိုးမှာ အိပ်တာဟာ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

အိပ်မပျော်တဲ့လူတွေဟာ သာမန်လူတွေထက် အပူချိန်မြင့်မားလေ့ရှိတာကိုလည်း အဆိုပါ သုတေသနက တွေ့ရှိခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top