Property Expo
×

ေမာ္ေတာ္ကားတစ္စီး၀ယ္ေတာ့မယ္ဆိုရင္ ကားပိုင္ရွင္ေတြအေနနဲ႔ ကားေမာ္ဒယ္လ္၊ ေဈးႏႈန္းနဲ႔ ကားရဲ႕အေရာင္ေတြကုိလည္း ဦးစားေပးစဥ္းစားေလ့ရွိပါတယ္။ ေဗဒင္အယူအဆအရ အေရာင္တိုင္းမွာ သူတို႔နဲ႔သက္ဆိုင္တဲ့ လႊမ္းမိုးမႈကိုယ္စီရွိၾကၿပီး အက်ိဳးသက္ေရာက္မႈေတြလည္းရွိတယ္လုိ႔ ယံုၾကည္ၾကတဲ့သူေတြရွိပါတယ္။

မိမိႏွစ္သက္တဲ့ကားအေရာင္က ကိုယ့္ရဲ႕ စိတ္ေနသေဘာထား၊ အက်င့္စရိုက္ေတြကိုလည္း ထင္ဟပ္ေစႏိုင္တာေၾကာင့္ ဘယ္လိုစိတ္ထားပိုင္ရွင္ေတြက ဘယ္လုိအေရာင္ေတြကို စိတ္ႏွစ္သက္သလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

အနက္ေရာင္

ကားတစ္စီး၀ယ္မယ္ဆိုရင္ လူ တစ္ရာမွာ ၄၀ ေလာက္က အနက္ေရာင္ကို ႀကိဳက္ၾကတယ္လုိ႔ ဆိုပါတယ္။ အနက္ေရာင္က ေက်ာ့ရွင္းမႈ၊ ဂႏၲဝင္ဆန္မႈနဲ႔ အားအင္ျပည့္ဝမႈတို႔ကို ေဖာ္ၫႊန္းပါတယ္။ အနက္ေရာင္က လွ်ဳိ႕ဝွက္နက္နဲမႈနဲ႔ ၾကြယ္ဝမႈေတြကိုလည္း ကိုယ္စားျပဳေသးတာေၾကာင့္ အနက္ေရာင္ကားေတြကို သေဘာက်သူအမ်ားစုက ေယဘုယ်အားျဖင့္ ေက်ာ့ရွင္းမႈရွိတဲ့၊ ဂႏၲဝင္ဆန္တဲ့အရာေတြကို ႏွစ္သက္တတ္ၿပီး ကားအေရာင္အျပင္ (ဝတ္စံုလိုမ်ဳိး) အျခားအရာေတြအတြက္လည္း အနက္ေရာင္ကိုပဲ ေရြးခ်ယ္ေလ့ရွိတတ္ပါတယ္။

အနီေရာင္

အနီေရာင္က ဆြဲေဆာင္အားျမင့္မားမႈ၊ စြမ္းအင္ျပည့္ဝမႈတို႔ကို ေဖာ္ၫႊန္းၿပီး အနီေရာင္ကားကို ႏွစ္သက္သူအမ်ားစုက စြဲလန္းမႈအျပည့္နဲ႔ ကားကိုေမာင္းႏွင္တတ္ၾကတယ္လု႔ိ ဆိုပါတယ္။ အနီေရာင္ကားေတြကို သေဘာက်သူအမ်ားစုက အခြင့္အလမ္းအသစ္ေတြ၊ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြရင္ဆိုင္ေလ့ရွိၾကၿပီး ေအာင္ျမင္မႈအေပၚမွာလည္း ဂုဏ္ယူတတ္ၾကပါတယ္။ အမ်ဳိးသမီးျဖစ္မယ္ဆိုရင္ေတာ့ အနီေရာင္ကားက ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈနဲ႔ ထင္ရွားေက်ာ္ၾကားမႈကို ထင္ဟပ္ေဖာ္ျပေပးပါတယ္။

အျဖဴေရာင္

အျဖဴေရာင္ကားကို ေရြးခ်ယ္သူေတြက သန္႔ရွင္းျခင္း၊ ရွင္းလင္းသပ္ရပ္ျခင္းကို သေဘာက်သူေတြပါ။ အျဖဴေရာင္ကားပိုင္ရွင္ေတြက ကားေပၚမွာ အညစ္အေၾကးတစ္စက္မွ မရွိရေလေအာင္ မၾကာခဏ သန္႔ရွင္းေရးလုပ္တတ္ၿပီး ကားနည္းတူ သူတို႔ရဲ႕ပတ္ဝန္းက်င္ကိုလည္း ရွင္းလင္းသပ္ရပ္ေနေအာင္ ဖန္တီးေလ့ရွိပါတယ္။အျဖဴေရာင္ရဲ႕စြမ္းပကားေတြထဲမွာ ခ်စ္ျခင္းတရား၊ ေခတ္ဆန္မႈနဲ႔ ဆန္းသစ္မႈတို႔ကိုလည္း ေဖာ္ၫႊန္းတာေၾကာင့္ အျဖဴေရာင္ကားပိုင္ရွင္ေတြဟာ ကမာၻေလာကႀကီးကို ဆန္း သစ္လွပမႈေတြနဲ႔ ရႈျမင္ႏိုင္သူေတြလို႔ ဆိုၾကပါတယ္။

ေငြေရာင္

ေငြေရာင္ကားေတြက လူႀကိဳက္အမ်ားဆံုးကားစာရင္းမွာ တတိယေနရာကလိုက္ေနပါတယ္။ ေငြေရာင္က နည္းပညာျမင့္မားမႈ၊ စတိုင္လ္က်လွပမႈနဲ႔ ခန္႔ညားမႈတို႔ရဲ႕ အေရာင္ျဖစ္ၿပီး အနက္ေရာင္ကားေတြေလာက္ မတည္ၿငိမ္သလို အနီေရာင္ကား ေတြေလာက္လည္း မတက္ၾကြတဲ့ စြမ္းအင္ေတြကိုလည္း ေဖာ္ျပႏိုင္စြမ္းရွိတယ္။ အၿမဲတေစအလုပ္မ်ားသူဆိုရင္ ေငြေရာင္ကားေတြနဲ႔ ပိုမိုလိုက္ဖက္ပါလိမ့္မယ္။ အေၾကာင္းကေတာ့ ေငြေရာင္ကားေတြမွာ ဖုန္နဲ႔အညစ္အေၾကးေတြ တင္ေနရင္ ရုတ္တရက္ျမင္ႏိုင္ဖို႔ခက္ၿပီး အခ်ိန္အတန္ၾကာမွ တစ္ခါေလာက္ သန္႔ရွင္းေပးဖို႔ လိုတာေၾကာင့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
မော်တော်ကားတစ်စီးဝယ်တော့မယ်ဆိုရင် ကားပိုင်ရှင်တွေအနေနဲ့ ကားမော်ဒယ်လ်၊ ဈေးနှုန်းနဲ့ ကားရဲ့အရောင်တွေကိုလည်း ဦးစားပေးစဉ်းစားလေ့ရှိပါတယ်။ ဗေဒင်အယူအဆအရ အရောင်တိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ လွှမ်းမိုးမှုကိုယ်စီရှိကြပြီး အကျိုးသက်ရောက်မှုတွေလည်းရှိတယ်လို့ ယုံကြည်ကြတဲ့သူတွေရှိပါတယ်။

မိမိနှစ်သက်တဲ့ကားအရောင်က ကိုယ့်ရဲ့ စိတ်နေသဘောထား၊ အကျင့်စရိုက်တွေကိုလည်း ထင်ဟပ်စေနိုင်တာကြောင့် ဘယ်လိုစိတ်ထားပိုင်ရှင်တွေက ဘယ်လိုအရောင်တွေကို စိတ်နှစ်သက်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။

အနက်ရောင်

ကားတစ်စီးဝယ်မယ်ဆိုရင် လူ တစ်ရာမှာ ၄၀ လောက်က အနက်ရောင်ကို ကြိုက်ကြတယ်လို့ ဆိုပါတယ်။ အနက်ရောင်က ကျော့ရှင်းမှု၊ ဂန္တဝင်ဆန်မှုနဲ့ အားအင်ပြည့်ဝမှုတို့ကို ဖော်ညွှန်းပါတယ်။ အနက်ရောင်က လျှို့ဝှက်နက်နဲမှုနဲ့ ကြွယ်ဝမှုတွေကိုလည်း ကိုယ်စားပြုသေးတာကြောင့် အနက်ရောင်ကားတွေကို သဘောကျသူအများစုက ယေဘုယျအားဖြင့် ကျော့ရှင်းမှုရှိတဲ့၊ ဂန္တဝင်ဆန်တဲ့အရာတွေကို နှစ်သက်တတ်ပြီး ကားအရောင်အပြင် (ဝတ်စုံလိုမျိုး) အခြားအရာတွေအတွက်လည်း အနက်ရောင်ကိုပဲ ရွေးချယ်လေ့ရှိတတ်ပါတယ်။

အနီရောင်

အနီရောင်က ဆွဲဆောင်အားမြင့်မားမှု၊ စွမ်းအင်ပြည့်ဝမှုတို့ကို ဖော်ညွှန်းပြီး အနီရောင်ကားကို နှစ်သက်သူအများစုက စွဲလန်းမှုအပြည့်နဲ့ ကားကိုမောင်းနှင်တတ်ကြတယ်လု့ိ ဆိုပါတယ်။ အနီရောင်ကားတွေကို သဘောကျသူအများစုက အခွင့်အလမ်းအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေရင်ဆိုင်လေ့ရှိကြပြီး အောင်မြင်မှုအပေါ်မှာလည်း ဂုဏ်ယူတတ်ကြပါတယ်။ အမျိုးသမီးဖြစ်မယ်ဆိုရင်တော့ အနီရောင်ကားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ထင်ရှားကျော်ကြားမှုကို ထင်ဟပ်ဖော်ပြပေးပါတယ်။

အဖြူရောင်

အဖြူရောင်ကားကို ရွေးချယ်သူတွေက သန့်ရှင်းခြင်း၊ ရှင်းလင်းသပ်ရပ်ခြင်းကို သဘောကျသူတွေပါ။ အဖြူရောင်ကားပိုင်ရှင်တွေက ကားပေါ်မှာ အညစ်အကြေးတစ်စက်မှ မရှိရလေအောင် မကြာခဏ သန့်ရှင်းရေးလုပ်တတ်ပြီး ကားနည်းတူ သူတို့ရဲ့ပတ်ဝန်းကျင်ကိုလည်း ရှင်းလင်းသပ်ရပ်နေအောင် ဖန်တီးလေ့ရှိပါတယ်။အဖြူရောင်ရဲ့စွမ်းပကားတွေထဲမှာ ချစ်ခြင်းတရား၊ ခေတ်ဆန်မှုနဲ့ ဆန်းသစ်မှုတို့ကိုလည်း ဖော်ညွှန်းတာကြောင့် အဖြူရောင်ကားပိုင်ရှင်တွေဟာ ကမ္ဘာလောကကြီးကို ဆန်း သစ်လှပမှုတွေနဲ့ ရှုမြင်နိုင်သူတွေလို့ ဆိုကြပါတယ်။

ငွေရောင်

ငွေရောင်ကားတွေက လူကြိုက်အများဆုံးကားစာရင်းမှာ တတိယနေရာကလိုက်နေပါတယ်။ ငွေရောင်က နည်းပညာမြင့်မားမှု၊ စတိုင်လ်ကျလှပမှုနဲ့ ခန့်ညားမှုတို့ရဲ့ အရောင်ဖြစ်ပြီး အနက်ရောင်ကားတွေလောက် မတည်ငြိမ်သလို အနီရောင်ကား တွေလောက်လည်း မတက်ကြွတဲ့ စွမ်းအင်တွေကိုလည်း ဖော်ပြနိုင်စွမ်းရှိတယ်။ အမြဲတစေအလုပ်များသူဆိုရင် ငွေရောင်ကားတွေနဲ့ ပိုမိုလိုက်ဖက်ပါလိမ့်မယ်။ အကြောင်းကတော့ ငွေရောင်ကားတွေမှာ ဖုန်နဲ့အညစ်အကြေးတွေ တင်နေရင် ရုတ်တရက်မြင်နိုင်ဖို့ခက်ပြီး အချိန်အတန်ကြာမှ တစ်ခါလောက် သန့်ရှင်းပေးဖို့ လိုတာကြောင့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top